Today Origami Paper Gift Box

ဒီနေ့တော့စက္ကူတွေကိုသုံးပြီး၊paper gift boxတစ်ခုပြုလုပ်ထားပါတယ်။ဒီတစ်ခုမှာပြုလုပ်ရမှာကဘောက်စ်တစ်ခုလိုအပ်ပါတယ်။ထိုဘောက်စ်ရဲ့အလျားအနံအမြင့်တို့ရဲ့အရွယ်အစားအတိုင်းစက္ကူအပိုင်းနှစ်ခုဖြတ်ရမှာပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံ၊စာတို့ဖြင့်အဆင့်ဆင့်ပြထားပါတယ်။ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာဘောက်စ်တစ်ခုကိုရောင်စုံစက္ကူဖြင့်ကော်ကပ်လိုက်ပါတယ်။ထိုဘောက်စ်ရဲ့အလျားအနံအမြင့်စတာတွေကိုတိုင်းပြီး၊စက္ကူအပိုင်းနှစ်ခုပြုလုပ်ပါတယ်။ပန်းရောင်နဲ့အစိမ်းရောင်စက္ကူအပိုင်းနှစ်ခုဖြစ်ပါတယ်။ထိုစက္ကူအပိုင်းတွေကိုပုံပြထားတဲ့အတိုင်း၊အလျားအနံတိုင်း၍မျဥ်းဆွဲပြီး၊ခေါက်ချိုးလိုက်ပါတယ်။

photo 70 121749.jpg

photo 70 12169.jpg

photo 70 111115.jpg

photo 60 122028.jpg

photo 60 122051.jpg

IMG_20210105_182306.jpg

IMG_20210105_180932.jpg

IMG_20210105_180918.jpg

စက္ကူအပိုင်းရဲ့အနားတစ်ဘက်စီမှာလည်းဘောက်စ်ကိုအဖွင့်အပိတ်ပြုလုပ်လို့ရအောင်ပန်းရောင်စက္ကူအပိုင်းမှာဆိုရင်ပုံပြထားတဲ့အတိုင်းပုံစံဖော်၍ညှပ်ထားပါတယ်။ထို့အတူအစိမ်းရောင်စက္ကူအပိုင်းမှာလည်းအဖွင့်အပိတ်ပြုလုပ်နိုင်အောင်စက္ကူကိုပုံဖော်၍၊တိုင်းတာပြီးညှပ်လိုက်ပါတယ်။ပြီးနောက်ဘောက်စ်နဲ့စက္ကူအပိုင်းနှစ်ခုကိုပုံမှာမြင်ရတဲ့အတိုင်းဆက်၍ကော်ကပ်လိုက်ပါတယ်။ထိုစက္ကူအပိုင်းနှစ်ခုကိုခေါက်ချိုးထားတဲ့အတိုင်းဘောက်စ်မှာခေါက်ပြီး၊အဖွင့်အပိတ်ပုံစံလေးပြုလုပ်လိုက်ပါတယ်။ဒီမှာတော့ပန်းပွင့်တွေနဲ့အလှမဆင်တော့ပဲ၊ရောင်စုံစက္ကူတွေကိုစက္ကူဖောက်စက်နဲ့အရွယ်တူစက်ဝိုင်းပုံလေးတွေပြုလုပ်၍ကော်ကပ်ပြီးအလှဆင်လိုက်ပါတယ်။

photo 70 121910.jpg

photo 70 11142.jpg

photo 70 122117.jpg

Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency