ဒီတစ်ခုကနံရံအလှဆင်တစ်ခုပါ။ပန်းပွင့်နှစ်ပွင့်ပြုလုပ်ရမှာပါ။စက္ကူတွေကိုခေါက်ရမှာဖြစ်ပြီး၊ထိုစက္ကူခေါက်များဖြင့်ပန်းပွင့်ပြုလုပ်တာပါ။ပြုလုပ်နည်းကိုပုံများဖြင့်ဖော်ပြထားသလိုစာလည်းရေးပြထားပါတယ်။လိုအပ်တာတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့လိုအပ်ပါတယ်။ပထမအဆင့်မှာစက္ကူကိုအရွယ်တူများဖြတ်၍ကတော့ပုံစံခေါက်လိုက်ပါတယ်။အခြားစက္ကူတစ်ခုပေါ်ထိုစက္ကူခေါက်များကိုတစ်ခုစီကော်ကပ်၍ပန်းပွင့်ပြုလုပ်ပါတယ်။ပန်းရောင်စက္ကူကိုစက်ဝိုင်းပုံဖြတ်၍ခေါက်ပြီး၊ပုံပြထားတဲ့အတိုင်းပုံဆွဲ၍ဖြတ်ရမှာပါ။ထိုစက္ကူစကိုလည်းပန်းပွင့်မှာကော်ကပ်ပါတယ်။အစိမ်းရောင်စက္ကူကိုခေါက်၍စက္ကူလိပ်များပြုလုပ်ပြီး၊ပုံအတိုင်းအလိမ်လေးတွေခေါက်လိုက်ပါတယ်။လိုအပ်တဲ့နေရာတွေမှာကော်ကပ်ပါတယ်။ကတ်ထူတစ်ခုကိုဖြတ်၍ထိုအပေါ်မှာပန်းပွင့်ကိုကော်ကပ်ပါတယ်။ပြီးနောက်အစိမ်းရောင်အခက်အလက်တွေကိုလည်းကော်ကပ်၍နံရံအလှဆင်တစ်ခုပြုလုပ်ပါတယ်။
Written by @asterkame
By my photos & made by me