ဒီတစ်ခုက photo frame တစ်ခုပါ။ပန်းပွင့်များဖြင့်အလှဆင်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုလည်းပုံနဲ့စာတို့ဖြင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့လိုအပ်တယ်။ပထမအဆင့်မှာကတ်ထူကိုလေးထောင့်ပုံစံဖြတ်ပြီး၊အပြာရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်အဝါရောင်စက္ကူအပိုင်းများဖြတ်ပြီး၊အပြာရောင်စက္ကူရဲ့အနားတွေမှာကော်ကပ်ပါတယ်။ကျောဘက်မှာတော့အဝါရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ဆက်လက်ပြီးအလှဆင်ရန်အနီရောင်ပန်းပွင့်များပြုလုပ်ပါတယ်။အနီရောင်စက္ကူအပိုင်းငယ်များကိုအရွယ်တူ၊ပုံစံတူညှပ်ပါတယ်။အခြားစက္ကူတစ်ခုပေါ်ပန်းပွင့်ပုံပေါ်အောင်ကော်ကပ်လိုက်ပါတယ်။ပြီးနောက်စာရွက်ကိုစက်ဝိုင်းပုံဖြတ်၍အနားတွေမှာအချွန်ပုံစံများညှပ်ပါတယ်။ပြီးနောက်ပန်းပွင့်မှာကော်ကပ်ပါတယ်။
Written by @asterkame
By my photos & made by me