Paper Bird Cage

ဒီတစ်ခုကိုတော့အလှထားလို့ရတဲ့ငှက်အိမ်တစ်ခုပြုလုပ်ထားပါတယ်။စက္ကူအပိုင်းလေးများဖြင့်ပုံဖော်ထားပြီး၊သစ်ခက်လေးတွေ၊ပန်းပွင့်လေးများဖြင့်အလှဆင်ထားပါတယ်။ပြုလုပ်နည်းကိုလည်းလွယ်ကူစေရန်ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို၊စာရေး၍လည်းပြောပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားပါတယ်။ပထမအဆင့်မှာလိမ္မော်ရောင်စက္ကူအပိုင်းငယ်လေးတွေခေါက်၍ကော်ကပ်ပါတယ်။ထိုအရွယ်တူစက္ကူအပိုင်းလေးတွေကိုအလယ်နေရာကိုမှတ်၍ပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ကော်ကပ်၍စီလိုက်ပါတယ်။ပြီးနောက်စက်ဝိုင်းပုံကတ်ထူတစ်ခုညှပ်၍အစိမ်းရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်လိမ္မော်ရောင်စက္ကူအပိုင်းတစ်ခုစီရဲ့အနားတွေကိုတစ်စင်တီမီတာခန့်ခေါက်၍၊အစိမ်းရောင်ကတ်ထူဖြင့်ဆက်၍ကော်ကပ်ပါတယ်။လိမ္မော်ရောင်စက္ကူအပိုင်းငယ်တစ်ခုညှပ်၍အနားနှစ်ခုဆက်၍ကော်ကပ်ပြီး၊ငှက်အိမ်ရဲ့လက်ကိုင်အဖြစ်ကော်ကပ်ပါတယ်။အစိမ်းရောင်စာရွက်ပေါ်သစ်ရွက်သစ်ခက်ပုံများဆွဲ၍ကတ်ကြေးဖြင့်ညှပ်ပြီး၊ထိုသစ်ခက်များကိုလည်းအလှဆင်ပါတယ်။အနီရောင်စာရွက်ကိုအလျားအနံတူညီစွာညှပ်၍ပုံအတိုင်းအဆင့်ဆင့်ခေါက်ချိုး၍ပန်းပွင့်လေးများပြုလုပ်ပါတယ်။ထိုပန်းပွင့်များဖြင့်လည်းအလှဆင်ပါတယ်။

img_0.9408335879473273.jpg

img_0.8012414159336825.jpg

img_0.2924251037477325.jpg

img_0.6814383327579273.jpg

img_0.3494081950390559.jpg
Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency