Origami Paper Tissue Box,How to Make it

ဒီတစ်ခုက tissue box တစ်ခုပါ။ box တစ်ခုလုံးကိုစက္ကူခေါက်ခြင်းဖြင့်ပြုလုပ်ထားပါတယ်။ပုံစံတူနှစ်ခုခေါက်၍ဆက်ထားခြင်းဖြင့်ပြုလုပ်ပါတယ်။လိုအပ်တာတွေကစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ပြုလုပ်နည်းကိုလည်းပုံလေးတွေရိုက်ပြီးအဆင့်ဆင့်ပြထားပါတယ်။ပထမစက္ကူတစ်ရွက်ကိုယူ၍အလျားအနံ 21cm ဖြတ်ရမှာပါ။ထောင့်ဖြတ်မျဥ်းအတိုင်းခေါက်ချိုးမျဥ်းနှစ်ခု၊အလယ်မှတစ်ဝက်ခေါက်ချိုးမျဥ်းနှစ်ခုယူပါတယ်။အလယ်မှတ်သို့ထောင့်စွန်းလေးခုကိုခေါက်၍ပုံအတိုင်း 4.9cm တိုင်း၍သုံးခေါက်ချိုးလိုက်ပါတယ်။နှစ်ဘက်လုံးကိုခေါက်ချိုးပြီး၊ box ပုံစံဖြစ်အောင်ခေါက်ရမှာပါ။ပထမ box မှာအဖုံးတစ်ခုပါပြီးအဖွင့်အပိတ်လုပ်နိုင်အောင်ပြုလုပ်ပါတယ်။ဒုတိယတစ်ခုကိုအလျားအနံ 20cm ထားလိုက်ပါတယ်။ပထမတစ်ခုခေါက်နည်းအတိုင်းခေါက်၍ tissue ကိုယူလို့ရအောင်ပုံအတိုင်းကတ်ကြေးဖြင့်ဖြတ်ပါတယ်။ box ပုံစံခေါက်၍လိုအပ်တဲ့နေရာတွေမှာကော်ကပ်လိုက်ပါတယ်။ပြီးနောက်ပထမတစ်ခုနဲ့ဆက်လိုက်ပါတယ်။ box နှစ်ခုမဆက်မီမှာ tissue ကိုထည့်၍အသုံးပြုနိုင်ပါတယ်။အရုပ်ပုံလေးကိုလည်းဆွဲလိုက်ပါတယ်။

img_0.3766498281028698.jpg

img_0.2401952099092922.jpg

img_0.8854228574174898.jpg

img_0.9058239115674042.jpg

img_0.5829778314530791.jpg

img_0.8301345531750378.jpg

Written by @asterkame
By my photos and made by me

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency