Origami Paper Box, How to Make it

ဒီနေ့ paper box တစ်ခုပြုလုပ်ထားပြီး၊ဒီတစ်ခုကိုစက္ကူခေါက်ခြင်းဖြင့်ပြုလုပ်ရမှာပါ။ထို box ကိုအဖွင့်အပိတ်ပြုလုပ်နိုင်အောင်အခြားစက္ကူဖြင့်အဖုံးပုံစံပြုလုပ်ထားပြီး၊ထိုအပေါ်မှာပန်းတစ်ပွင့်နဲ့သစ်ရွက်နှစ်ရွက်ဖြင့်အလှဆင်ထားပါတယ်။ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလိုစာလည်းရေးထားပါတယ်။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ အဝါရောင်စက္ကူကို အလျားအနံ 21cm တိုင်း၍ဖြတ်ပါတယ်။ထိုစက္ကူကိုတစ်ဝက်ခေါက်ပြီး၊ထောင့်လေးခုကိုအလယ်သို့ခေါက်ရမှာပါ။ထိုစက္ကူကိုအညီအမျှအပိုင်းလေးပိုင်းပြုလုပ်ချင်တာကြောင့်၊အနားနှစ်ဘက်ကိုအလယ်မျဥ်းသို့ခေါက်ပါတယ်။ကျန်တစ်ဘက်ကိုလည်းထိုအတိုင်းခေါက်ရမှာပါ။ပြီးနောက်ထိုစက္ကူခေါက်ကိုပုံအတိုင်းဖြန့်၍ box တစ်ခုရတဲ့အထိအဆင့်ဆင့်ခေါက်ပါတယ်။ပြီးနောက်အဝါရောင်စက္ကူအပိုင်းတစ်ခုကိုထို box အရွယ်နဲ့တိုင်း၍ဖြတ်ပြီး၊ဒါကိုတစ်ဝက်ခေါက်၍ကော်ကပ်ပါတယ်။ထိုစက္ကူရဲ့အနားတစ်ဘက်မှာအခြားစက္ကူအပိုင်းတစ်ခုပြုလုပ်၍ကော်ကပ်ရမှာပါ။နောက်တစ်ဆင့်မှာထိုစက္ကူနဲ့ box ကိုပုံအတိုင်းကော်ကပ်ပါတယ်။ box ရဲ့အပေါ်မှာအဖွင့်အပိတ်ပြုလုပ်နိုင်အောင်အခြားစက္ကူအပိုင်းတစ်ခုကော်ကပ်ရဦးမယ်။

ဒီအဆင့်မှာ အလှဆင်ရန် ပန်းပွင့်လေးတွေနဲ့သစ်ရွက်များပြုလုပ်ပါ့မယ်။ပန်းပြုလုပ်ရတာကလွယ်ကူပါတယ်။စက္ကူအရောင်နှစ်မျိုးကိုစက်ဝိုင်းပုံစံဖြတ်၍အဆင့်ဆင့်ခေါက်ပါတယ်။ပြီးနောက်သူတို့ကိုဖြတ်၍ပန်းနှစ်ပွင့်ပြုလုပ်ပြီး၊ထိုပန်းနှစ်ပွင့်မှစက္ကူကိုအနည်းငယ်စီဖြတ်၍ကော်ပြန်ကပ်ရမှာပါ။သစ်ရွက်လေးတွေအတွက်သစ်ရွက်ပုံစံဖြတ်၍ wavy shape ခေါက်လိုက်ပါတယ်။ box ပေါ်မှာသူတို့ကိုအလှဆင်ပြီးပုံလှလှတွေလည်းရိုက်ထားပါတယ်။


November 28,2022
Written by @asterkame
By my photo & made by me

H2
H3
H4
3 columns
2 columns
1 column
19 Comments
Ecency