Origami Paper Art Photo Frame

ဒီနေ့တော့paper photo frameတစ်ခုပြုလုပ်ထားတာဖြစ်ပြီး၊ကြယ်ပွင့်၊စက္ကူခေါက်လေးတွေ၊ဘိုးပွင့်တို့ဖြင့်ပုံဖော်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုလည်းပုံနဲ့စာတို့ဖြင့်ဖော်ပြထားပါတယ်။ကတ်ထူအဖြူရောင်ကိုလေးထောင့်ပုံဖြတ်၍အပြာရောင်အနားကွပ်ကာ၊ဆက်လက်ပြီးရွှေရောင်ကတ်ထူဖြင့်ကြယ်ပွင့်လေးတွေပြုလုပ်ပါတယ်။ပန်းရောင်စာရွက်အပိုင်းလေးတွေကိုအလျားတူညီစွာဖြတ်ပြီး၊အလယ်မှတစ်ဝက်ခေါက်ချိုး၍၊အလယ်မျဥ်းထိကိုတစ်ဘက်စီမှစာရွက်ကိုခေါက်ပြီး၊ကော်ကပ်လိုက်ပါတယ်။ထိုပန်းရောင်စက္ကူခေါက်တွေကိုနှစ်ခုစီကော်ကပ်၍ဆက်ပြီး၊စက္ကူခေါက်တွေကိုကတ်ထူဘောင်မှာကော်ကပ်လိုက်ပါတယ်။ရွှေရောင်ကြယ်ပွင့်တွေကိုလည်းကော်ကပ်ထားလိုက်ပါတယ်။

photo 240 93949.jpg

photo 240 93742.jpg

photo 240 82619.jpg

photo 240 8307.jpg

photo 240 82739.jpg

photo 240 82845.jpg

ဆက်လက်ပြီးပုံလေးတွေထည့်ရင်အဆင်ပြေအောင်ဘောင်ရဲ့ထောင့်စွန်းနှစ်ခုမှာစက္ကူခေါက်နှစ်ခု
ထပ်မံခေါက်ရမှာပါ။ပြုလုပ်နည်းကစာရွက်ကိုအလျားအနံတူအောင်ဖြတ်ပြီး၊ထောင့်ဖြတ်အတိုင်းနှစ်ဘက်စလုံးခေါက်ပါတယ်။ပြီးနောက်ထောင့်စွန်းနှစ်ခုကိုအလယ်သို့ယူပြီး၊ခေါက်ကာ၊အပြင်ဘက်အစွန်းနှစ်ဘက်ကိုတွန့်ခေါက်လိုက်ပါတယ်။အလယ်မှထပ်မံခေါက်ချိုးပြီး၊ပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်ကာ၊ကော်ကပ်၍အရွယ်တူစက္ကူခေါက်နှစ်ခုပြုလုပ်ပါတယ်။ကျောဘက်မှာဘောင်ဖြင့်ကော်ကပ်ရန်သုံးထောင့်ပုံစက္ကူခေါက်ပြုလုပ်ပြီး၊ကော်ကပ်လိုက်ပါတယ်။

photo 240 82452.jpg

photo 240 94115.jpg

photo 240 93542.jpg

photo 240 82346.jpg

Written by @asterkame
By my photos & made by me

4 Comments