ဒီနေ့ရောင်စုံစက္ကူများကိုအသုံးပြု၍ ကြယ်ပုံစံ box တစ်ခုပြုလုပ်ထားပါတယ်။ဒီတစ်ခုကိုစက္ကူခေါက်၍ပြုလုပ်ရမှာပါ။ပန်းတစ်ပွင့်ဖြင့်လည်းအလှဆင်ထားပါတယ်။ထို box ကိုစက္ကူခေါက်အရောင်နှစ်မျိုးဖြင့်ပြုလုပ်ထားပါတယ်။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ထူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ဘယ်လိုပြုလုပ်ရလဲဆိုတာကိုပုံများဖြင့်ပြထားသလို၊စာလည်းရေးထားပါတယ်။
ပထမအဆင့်မှာ စက္ကူခေါက်များပြုလုပ်မှာပါ။စက္ကူကိုအလျားအနံတူညီစွာဖြတ်၍တစ်ဝက်ခေါက်ပါ့မယ်။ဘေးဘက်အနားစွန်းနှစ်ခုကိုအလယ်မျဥ်းသို့ခေါက်၍၊တစ်ဘက်အနားစွန်းကိုပုံအတိုင်းခေါက်ပါတယ်။ထိုစက္ကူခေါက်ကိုတစ်ဝက်ထပ်မံခေါက်ရမှာပါ။ပြီးနောက်ပုံအတိုင်းအဆင့်ဆင့်ခေါက်ပါတယ်။ထိုစက္ကူခေါက်ပုံစံလိုမျိုးငါးခုခေါက်ရန်လိုအပ်ပါတယ်။အရောင်ကပန်းရောင်နဲ့အဝါပါ။နောက်တစ်ဆင့်မှာကတ်ထူကိုစက်ဝိုင်းပုံစံဖြတ်၍အဝါရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ထိုကတ်ထူနဲ့ box ကိုဆက်၍ကော်ကပ်ပါတယ်။
ဒီအဆင့်မှာ ပန်းပွင့်ပြုလုပ်မှာပါ။အလှဆင်ရန်အတွက်ပါ။ပန်းပွင့်အတွက်စက်ဝိုင်းပုံစံအပြာရောင်စက္ကူ၊အကြီးတစ်ခု၊အသေးတစ်ခုဖြတ်ရမှာပါ။ထိုစက္ကူတွေကိုအလယ်မှခေါက်ချိုး၍၊ပုံအတိုင်းအဆင့်ဆင့်ခေါက်ပြီး၊ထိုစက္ကူခေါက်ပေါ်ပန်းပွင့်အတွက်ပုံစံဆွဲ၍ဖြတ်ပါတယ်။ထိုပန်းပွင့်နှစ်ခုကိုကော်ကပ်လိုက်ပါတယ်။တကယ်တော့ဒါကပြုလုပ်ရတာအရမ်းမခက်ခဲသလိုလွယ်ကူပါတယ်။စက္ကူခေါက်တဲ့အခါမှာလည်းအဆင့်တွေမများပါဘူး။ဒီတစ်ခုကရိုးရှင်းပြီးလှတယ်လို့ထင်ပါတယ်။စာရေးကိရိယာ၊ဒါမှမဟုတ်အခြားပေါ့ပါးတဲ့ပစ္စည်းလေးတွေအတွက်အသုံးဝင်မှာပါ။ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။
June 20,2022
Written by @asterkame
By my photos & made by me