How to Make Origami Paper Box

ဒီနေ့ ရောင်စုံ စက္ကူတွေကိုအသုံးပြုပြီး paper box တစ်ခုပြုလုပ်ထားပါတယ်။ဒီတစ်ခုလုံးကိုစက္ကူခေါက်၍ပြုလုပ်ရတာပါ။စက္ကူဘယ်လိုခေါက်ရမလဲဆိုတာကိုပုံများဖြင့်ပြထားသလိုစာလည်းရေးထားပါတယ်။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ထို box အတွက်စက္ကူခေါက်နည်းကပထမအဆင့်မှာစက္ကူကိုအလျားအနံတူညီစွာဖြတ်ရမှာပါ။ပြီးနောက်ထိုစက္ကူကိုတစ်ဝက်ခေါက်ပါတယ်။ပြီးနောက်အတွင်းသို့ပုံအတိုင်းခေါက်ရမှာပါ။ထိုစက္ကူခေါက်ရဲ့အနားစွန်းနှစ်ဘက်ကိုအလယ်မျဥ်းသို့ခေါက်ပါတယ်။တစ်ဘက်အစွန်းကိုလည်းအပေါ်သို့ခေါက်ပါတယ်။အပေါ်ဘက်ကအနားစွန်းကိုပုံအတိုင်းတစ်ဝက်စီခေါက်ရမှာပါ။ထိုခေါက်ချိုးမျဥ်းများအတိုင်း box ပုံစံတစ်ခုဖြစ်ရန်ဖြန့်လိုက်ပါတယ်။လိုအပ်တဲ့နေရာတွေမှာကော်ကပ်ပါတယ်။

ဒီအဆင့်မှာ handle အတွက်အပြာရောင်စက္ကူအပိုင်းတစ်ခုဖြတ်၍တစ်ဝက်ခေါက်ပြီးကော်ကပ်ပါတယ်။ထိုအပေါ်မှာပန်းရောင်စက္ကူအပိုင်းတစ်ခုကော်ကပ်ရမှာပါ။ထိုစက္ကူကိုပြုလုပ်ရန်စက္ကူအပိုင်းတစ်ခုဖြတ်၍အနားတစ်လျှောက်မှာပုံအတိုင်းဖြတ်၍အပြာရောင်စက္ကူပေါ်ကော်ကပ်ပါတယ်။ထိုစက္ကူကို handle အဖြစ် box မှာကော်ကပ်ရမှာပါ။ paper bow တစ်ခုထပ်မံပြုလုပ်၍အလှဆင်ပါတယ်။ထို bow အတွက်စက္ကူအပိုင်းတစ်ခုဖြတ်၍ခေါက်ပါတယ်။ထိုနည်းအတိုင်းစက္ကူခေါက်နှစ်ခုပြုလုပ်၍ကော်ကပ်ပြီး အလှဆင်ပါတယ်။ပြီးနောက်ပုံလှလှတွေလည်းရိုက်ပါတယ်။


August 7,2022
Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency