ဒီနေ့ရောင်စုံစက္ကူများဖြင့် photo frame တစ်ခုပြုလုပ်ထားပါတယ်။ထို frame တစ်ခုလုံးကိုစက္ကူခေါက်ခြင်းဖြင့်ပြုလုပ်တယ်။ဒီတစ်ခုမှာအလှဆင်ရန်ပန်းပွင့်လေးပွင့်နဲ့သစ်ရွက်များပြုလုပ်ရန်လိုအပ်ပါတယ်။ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပုံများဖြင့်အဆင့်ဆင့်ပြထားသလိုစာလည်းရေးထားပါတယ်။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။
ပထမအဆင့်မှာ frame အတွက်စက္ကူခေါက်ရန်အပြာရောင်စက္ကူကိုအလျားအနံတူညီစွာဖြတ်ရမယ်။ပြီးနောက်ထိုစက္ကူကိုအလယ်မှခေါက်၍၊အလယ်မှတ်သို့ထောင့်စွန်းလေးခုကိုခေါက်ရမှာပါ။ပြီးနောက်ထိုထောင့်စွန်းလေးခုကိုတစ်ဝက်စီခေါက်၍ frame ပုံဖြစ်ရန်ပုံအတိုင်းခေါက်ပါ့မယ်။ထိုစက္ကူကိုတစ်ဘက်သို့လှည့်၍အလယ်မှတ်သို့နောက်တစ်ကြိမ်ပြန်ခေါက်၍၊ထိုထောင့်စွန်းလေးခုရဲ့တစ်ဝက်ခန့်ကိုပုံအတိုင်းအပြင်သို့ဖြန့်လိုက်ပါတယ်။နောက်တစ်ဆင့်မှာကတ်ထူကိုလေးထောင့်ပုံစံဖြတ်၍လိမ္မော်ရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ထိုအပေါ်မှာအပြာရောင် frame ကိုလည်းကော်ကပ်ပါတယ်။
ဒီအဆင့်မှာအစိမ်းရောင်စက္ကူဖြင့်သစ်ရွက်များပြုလုပ်တယ်။ပြီးနောက်အဝါရောင်စက္ကူပေါ်ပန်းပွင့်ပြုလုပ်ရန်ပုံဆွဲ၍ထိုစက္ကူတစ်ခုစီကိုပန်းပွင့်များအဖြစ်ခေါက်ရမှာပါ။ပန်းပွင့်လေးပွင့်ပြုလုပ်၍သစ်ရွက်များနဲ့အတူကော်ကပ်ရမှာပါ။ပြီးနောက်ပုံလှလှလေးတွေရိုက်ပါတယ်။
May 24,2022
Written by @asterkame
By my photos & made by me