Home Decor Idea,How to Make it

ဒီနေ့စက္ကူတွေကိုအသုံးပြု၍ Home Decor တစ်ခုပြုလုပ်ထားပါတယ်။ဒါကစက်ဝိုင်းပုံစံကတ်ထူမှာသစ်ရွက်တွေ၊ပန်းပွင့်တွေ၊အကိုင်းအခက်တွေနဲ့ပုံဖော်ထားတာပါ။အကယ်၍ကတ်ထူကိုစက်ဝိုင်းပုံစံမဟုတ်ပဲလေးထောင့်ပုံစံကတ်ထူမှာဆိုရင်လည်းလှမယ်လို့ထင်ပါတယ်။ပန်းပွင့်တွေကရောင်စုံတွေပါ။ပန်းပွင့်နဲ့သစ်ရွက်များကိုတော့စက္ကူကိုညှပ်ပြီးပြုလုပ်ရမှာပါ။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံများဖြင့်ပြထားသလိုစာလည်းရေးထားပါတယ်။

img_0.5983725480728093

img_0.2463839926210547

img_0.7278446667180664

img_0.6650734429858397

img_0.5329876152842505

img_0.36011512676848234

ပထမအဆင့်မှာ ကတ်ထူတစ်ခုကိုစက်ဝိုင်းပုံစံဖြတ်၍လိမ္မော်ရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။နောက်တစ်ဆင့်မှာအစိမ်းရောင်စက္ကူအပိုင်းများဖြတ်၍၊စက္ကူအလိပ်များခေါက်ပါ့မယ်။ထိုစက္ကူအလိပ်တွေကိုလိမ္မော်ရောင်ကတ်ထူပေါ်မှာပုံအတိုင်းကော်ကပ်ရမှာပါ။ဆက်လက်ပြီးအလှဆင်ရန်ပန်းပွင့်များ၊သစ်ရွက်များပြုလုပ်မှာပါ။

img_0.587534062936579

img_0.9121054822354545

img_0.01030973467565762

သစ်ရွက်ကိုအစိမ်းရောင်စက္ကူအရောင်နှစ်မျိုးဖြင့်ပြုလုပ်ထားပါတယ်။ထိုသစ်ရွက်များကိုပုံအတိုင်းကော်ကပ်လိုက်ပါတယ်။ပန်းပွင့်ကလည်းပြုလုပ်ရတာရိုးရှင်းပြီးလွယ်ကူပါတယ်။စက္ကူပေါ်ပန်းပွင့်ပုံစံဆွဲ၍ဖြတ်ရမှာပါ။ပန်းပွင့်များကိုရောင်စုံပြုလုပ်ထားပါတယ်။ရောင်စုံပန်းပွင့်တွေကိုပုံအတိုင်းအလှဆင်ကော်ကပ်ပါတယ်။ဒီတစ်ခုကပြုလုပ်ရတာမခက်ခဲပါဘူး။​ြပုလုပ်ရမည့်အဆင့်လည်းနည်းသလို၊လွယ်ကူပါတယ်။ဒါကိုကျောဘက်မှာကြိုးတပ်၍ချိတ်ဆွဲနိုင်သလို၊နံရံမှာကော်ကပ်၍လည်းအလှဆင်နိုင်ပါတယ်။ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

img_0.6651128977615102

img_0.9095946410696054

img_0.6425131584182118

img_0.4751539880889398

img_0.6997069385440912

img_0.16369404762352185

img_0.8345784512908443
June 26,2022
Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
21 Comments