Drawing & Painting Idea

ဒီနေ့တော့စက္ကူခေါက်တာတွေမလုပ်ဖြစ်တော့ပဲ၊ပုံလေးတွေဆွဲထားလိုက်ပါတယ်။ဒီလိုပုံလေးတွေဖြစ်လာဖို့စိတ်ကူးရတာကပုံဆွဲလေ့ကျင့်တဲ့ဗီဒီယိုကြည့်ရင်းဆွဲလိုက်တာပါ။ပုံလေးပုံဆွဲထားပါတယ်။ရွှေဖရုံသီးပုံရယ်၊ယုန်ကလေးမုန်လာဥချီထားတဲ့ပုံရယ်၊နောက်ပြီးဌက်ကလေးတွေပုံနဲ့လက်ကလေးတစ်ဘက်ပုံရယ်စုစုပေါင်းလေးပုံဆွဲဖြစ်ပါတယ်။ကတ်ထူအဖြူပေါ်မှာပုံလေးတွေဆွဲပြီးတော့ဆေးခြယ်ထားလိုက်ပါတယ်။ဒီပုံလေးပုံထဲမှာကိုယ့်အကြိုက်ဆုံးပုံကယုန်ကလေးမုန်လာဥချီထားတဲ့ပုံပါ။ဆေးရောင်တွေကိုတော့ရောင်စုံဘောလ်ပင်နဲ့ဖယောင်းဆေးခဲတံတို့ကိုအသုံးပြု၍ဆေးခြယ်ထားပါတယ်။နောက်တစ်ပို့စ်ကျရင်တော့စက္ကူအလှဆင်လေးတွေတင်မှာပါ။စက္ကူအလှဆင်အတွက်စိတ်ကူးဖြစ်တာလေးကကဒ်လေးတစ်ခုပြုလုပ်မယ်စိတ်ကူးထားပါတယ်။
birthday cardဒါမှမဟုတ်အခြားတစ်ခုခုအတွက်အသုံးပြုလို့ရမှာပါ။ဒီနေ့တော့ဆွဲပြီးထားတဲ့ပုံလေးပုံကိုပိုစ့်တင်လိုက်ပါတယ်။
photo 91 211059.jpg

photo 91 211010.jpg

photo 91 21829.jpg

photo 91 21953.jpg

photo 91 2199.jpg

photo 91 21936.jpg

Written by @asterkame
By my photos & made by me

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency