ရောက်အောင်တော့သွားရမှာပဲ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီကနေ့‌တော့ ရေးချင်ရာရေး အစီအစဉ်မှာ စိတ်ကူးပေါက်လို့ ရေးတင်ချင်တာကတော့ ဘာရေးရမှန်းမသိဘူး ပေါ့ဗျာ... ဘာ့ကြောင့် ဘာရေးရမှန်းမသိဘူး ဖြစ်နေသလဲဆိုတာကို စဉ်းစားကြည့်တော့ ကိုယ်တွေက စာရေးဆရာလည်းမဟုတ်... စာရေးဖို့ပါရမီရှိနေကြသူတွေလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့... ဒါပေမယ့်လည်း နေ့စဉ်နေ့တိုင်း ပို့စ်တစ်ခုခု တင်ဖို့အတွက် အကြောင်းအရာ ရှာကြံပြီး ရေးတင်နေကြတယ်... စာရေးဆရာတွေတောင် နေ့စဉ်ရေးဖို့ အကြောင်းအရာ ကုန်ကြမ်းမရှိနိုင်ဘူးလို့ ထင်တယ်... ဒီတော့ ကျွန်တော်တို့က ဘာမို့လို့ နေ့စဉ် ကုန်ကြမ်းရှာရလိမ့်မတုံး... ဒီတော့ နေ့စဉ်စာရေးဖို့ ခက်ခက်လာရတာပေါ့...


ways.png


ခက်လဲခက်ပေါ့... ရေးတင်ရမှာကတော့ ကိုယ့်အလုပ်ပဲ... နောက်တစ်ခုကျွန်တော်တို့ အားသာတာက စာရေးဆရာတွေက သူတို့ရေးလိုက်တဲ့စာကို တာဝန်ခံရတယ် တာဝန်ယူရတယ်‌ပေါ့... ကျွန်တော်တို့အနေနဲ့ကတော့ အဲသလောက်တော့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက် ရေးချင်ရာရေးအစီအစဉ်နဲ့ပဲ ရေးကြတာပေါ့ 😄 ဒီတော့ကာ ရေးချင်ရာသာ ရေးကြပါဗျို့ လို့ ပြောရမှာပဲနော...

ကျွန်တော့်အမြင်ကို ပြောရရင် စာရေးတယ်ဆိုတာက ကိုယ်သိထားတဲ့အကြောင်းအရာ ကိုယ်တတ်ထားတဲ့ပညာရပ် ကိုယ့်ရဲ့စိတ်ခံစားချက် ကိုယ့်ရဲ့အထင်အမြင် ကိုယ့်ရဲ့အတွေ့အကြုံ ကိုယ့်ရဲ့ မြင်တွေ့ရတဲ့အကြောင်းတစ်ခုခု စတာတွေကို အ‌ခြေခံပြီးတော့ ရေးကြတာပဲမဟုတ်လား... မသိပဲရမ်းသမ်းရေးဖို့ကလည်း အဆင်မပြေတတ်ဘူးလေ... ရေမကူးတတ်တဲ့သူတစ်ယောက်က ရေကူးတဲ့အကြောင်း ဘယ်လိုသွားရေးမတုံး... မမြင်မတွေ့ မတတ်မသိပဲ ရမ်းသမ်းရေးလို့က ဘာမှအဆင်မပြေဘူး...

ခုလည်းကျွန်တော်ရေးနေတာ ဘာအကြောင်းမှန်း ကိုယ်တိုင်မသိပါဘူးဗျာ 😄 စာဖြစ်အောင်ရေးနေတာဖြစ်လေတော့ ပစ်မှတ်တစ်ခု ပန်းတိုင်တစ်ခုတော့ ဖြစ်မယ်မဟုတ်ဘူးပေါ့... ပစ်မှတ်မရှိတော့ ထိချင်ရာထိသလို ပန်းတိုင်မရှိတော့ ရောက်ချင်ရာရောက်တော့မပေါ့... ပစ်မှတ်တစ်ခုထားရင် ပစ်မှတ်ကို ထိတယ် မထိဘူး သိနိုင်မယ်... ပန်းတိုင်တစ်ခုရှိရင် ကိုယ်ရောက်နေတာ ကိုယ့်ရဲ့ ပန်းတိုင် ဟုတ်မဟုတ်သိနိုင်မှာပေါ့... နို့မို့ကတော့ ဘာမှန်းမသိ ဘယ်‌နေရာရောက်နေမှန်းမသိပဲ ကျွန်တော့်လို ဖြစ်နေမှာပေါ့😅

ဆိုလိုချင်တာကတော့ ကျွန်တော်တို့တစ်တွေ Online ပေါ်ကို အခု Hive Platform ပေါ်ကို ဘာရည်ရွယ်ချက်နဲ့တက်လာပြီး ဘာပန်းတိုင် ဘာပစ်မှတ်ထားပြီး လုပ်နေကြသလဲဆိုတာကို စဉ်းစားသင့်တယ်လို့ ပြောချင်ပါသဗျ... ပစ်မှတ်ကို ထိအောင်ပစ်ဖို့က ဘယ်လမ်းကနေပဲသွားသွား မှန်ဖို့လိုတာပေါ့... ဘယ်ပန်းတိုင်ကို ချမှတ်ထားသလဲ... ပန်းတိုင်ရောက်ဖို့ ဘယ်လမ်းကနေပဲဖြစ်ဖြစ်ရောက်အောင်တော့သွားကြပါလို့... အားလုံးအဆင်ပြေ‌ကြပါစေ...

အားလုံးကို လေးစားလျှက် -


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
17 Comments
Ecency