တင်ပါရစေ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ Splinterlands မှာ အနိုင်မခံ အရှုံးမပေးပဲ ဇွဲနပဲနဲ့ Rating ကုန်လုနီးနီး(အကုန်ပါပဲလေ)တိုက်ခဲ့တာလေးကို တင်ချင်တယ်ဗျာ... မတင်နဲ့လို့တော့ မတားကြပါနဲ့ 😪 တင်ချင်လွန်းလို့ပါလေ... အမှန်ကတော့ ပွဲတိုင်းရှုံးပေါ့ဗျာ 😂 ရှုံးဆို ခုချိန်ထိကို ကတ်တွေအကြောင်း သေချာမှ မသိသေးပဲကိုးဗျ... မသိပေမယ့်လည်း အကောင်လေးတွေကိုတော့ ဟိုလျောက်ထည့် ဒီလျောက်ထည့်နဲ့ ကြက်ကန်းဆန်အိုးတိုးသလို နိုင်တဲ့ပွဲတွေရှိလာတယ်... အများအားဖြင့်တော့ ရှုံးပွဲတွေပေါ့လေ...


splinterlands_ansoe.png


အနိုင်အရှုံးက အဓိကမဟုတ်ဘူး... ပြိုင်ဆိုင်မှုသာ အဓိကဆိုတဲ့ စိတ်ဓာတ်ကို ရင်ဝယ်ပိုက်လို့ ကီသွင်းပြီး ကစားနေတာပဲ... ဘယ်လိုပဲ ကီသွင်းပြီး ကစား ကစား အရှုံးကသာ ခပ်များများဖြစ်နေဆဲပဲလေ... အတော်ကြိုးစားနေတာတောင် ရှေ့မတက်ဖြစ်နေဆဲပေမယ့် ကစားနေအုံးမှာပဲ... အောက်မှာ ကျုပ်ကစားထားတာလေး အားပေးကြည့် အဲ ကြည့်ဆို Video ကတင်လို့မရတော့ Screen shot လေးတွေပဲ တင်ပေးလိုက်ပါတယ်... ထူးခြားတဲ့ Round 21 အထိတိုက်ခိုက်အောင်မြင်ခဲ့တဲ့ Video ကိုအားပေးချင်တယ်ဆိုရင်တော့ ဟောဒီ Link (https://splinterlands.com?p=battle&id=sl_bb650149fa153c855a1fe3962b676277&ref=ansoe) ကနေဝင်ကြည့်ပေတော့... Round 21 အထိ တောင့်ခံနိုင်တယ်ဗျ... ခံနိုင်ရည်တော့ အတော်ရှိတယ်... အမှန်ကတော့ ရုပ်ဆိုးဆိုး သရဲနှစ်ကောင်က အခွက်ပြောင်နေကြတာပါ 😝 Round 21 လည်းပြီးရော ဒိုင်က စိတ်မရှည်တော့ပဲနဲ့ ညစ်ပတ်ပြီး ကျုပ်ကို အနိုင်ပေးလိုက်သဗျို့... ကျုပ်ကတော့ ပျော်ပြီလေ 😂


screenshot_221.png


screenshot_222.png


screenshot_223.png


screenshot_224.png


screenshot_225.png


နောက်ပြီးတော့ ဆန်းလှသဗျာ... Leader Board ကို ကြည့်တိုင်း 1, 2, 3, 4, etc ဆိုတဲ့လူတွေက အမြဲတမ်း ဘယ်အချိန်ပဲကြည့်ကြည့် ကျုပ်အောက်မှာပဲရှိတယ်... သူတို့ခမြာ အားကြိုးမာန်တက်နဲ့ 1, 2. 3 ရအောင် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ကျုပ်အောက်ကကို မလွတ်နိုင်ဘူး... သနားစရာပါဗျာ 😝


screenshot_219.png


Daily Quest တွေကတော့ နေ့စဉ်ကြိုးစားပမ်းစားလုပ်နေတော့ နေ့တိုင်းတော့ အောင်မြင်စွာနဲ့ ချီတက်နေနိုင်ခဲ့သ‌ဗျ... Daily Quest တစ်ခုပြီးတိုင်းလည်း ရင်ခုန်လှိုက်မောစွာနဲ့ ကိုယ်ဘာများရမလဲလို့ ဖွင့်ကြည့်ခဲ့ရတာနေ့တိုင်းပဲ... သို့ပေသော်ငြားလည်း ဘာကတ်မှမရပဲနဲ့ Credit ဆိုတာတွေနဲ့ပဲ နေ့စဉ် နှစ်ပါးသွားကနေရတယ်လေ... ကတ်များများရမှ ပါဝါများများတက်မှာဆိုတော့ ကတ်ကောင်းလေးတွေလည်း လိုချင်မိသ‌ပေါ့... Daily Quest ကလည်းမျိုးစုံသလောက်နီးပါးကစားဖူးသွားပြီ... မအောင်တဲ့နေ့မရှိတော့ဘူး... Rating 88 ‌ရောက်တဲ့အထိပေါ့ဗျာ 😂 နောက်ထပ် Rating 88 ကနေ ထပ်မလျော့တော့လို့သာပေါ့‌ဗျာ... နို့မို့ဆို ဘဲဥကနေတက်မှာမဟုတ်ဘူး 😁


quests.png


ကိုယ်ပိုင် ကတ်တောင်ရထားလိုက်သေးတယ် 😂 အဲဒီကတ်နဲ့သာတိုက် ပွဲတိုင်းနိုင်လောက်တယ် 😁


splinterlandscardmaker_dark_hamburger_.png


ပျော်ပျော်နေသေခဲ မော်တော်နေတာရေထဲ လို့ဆိုကြလေတော့ ညစ်နေတဲ့စိတ် အချိန်အနည်းငယ်လောက် သက်သာစေနိုင်မယ်ဆိုရင် ကျေနပ်ပါတယ်ဗျာ...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency