အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
အကြောင်းအရာ ခေါင်းစဉ် စဉ်းစားစရာ ခေါင်းထဲနေရာမရ နေ့စဉ်ဝမ်းရေး အပတ်စဉ် ဝမ်းရေး လစဉ်ဝမ်းရေး အတွေးတွေနဲ့ နပန်းလုံးတာကြာလာတာနဲ့အမျှ အတွေးတို့ကလည်း သံချေးကိုက်နေတဲ့ ဓားလိုပဲ ခပ်တုံးတုံးဖြစ်ကုန်ပြီလားမသိတော့... ဘာရေးရမလဲဆိုတာကို နေ့စဉ်စဉ်းစားနေဖို့ မလွယ်ကူဖြစ်လာတာ ချေးကိုက်နေလို့ပဲဖြစ်မယ်... ဒါနဲ့စကားမစပ် Hive ဈေးလေးတွေ တက်တော့မယ်ထင်တယ်နော်... စုထားကြ စုထားကြ.... အဲ ဘာရေးမလို့ မှန်းတောင် မသိတော့ပါဘူး...
ပုံမှာဖော်ပြ လှိုင်းလေအကြွအထမှာ မျောချင်ရာ မျောနေတဲ့ လှေ သေချာတာကတော့ နစ်မြုတ်ပျက်စီး သွားတတ်တာတယ်... မြုတ်ချင်မြုတ် မျောချင်မျော လုပ်ချင်သလိုလုပ်ဆိုလို့လည်း မဟုတ်သေးဘူး... မြုတ်လို့ကမဖြစ်သလို မျောနေလို့ကလည်း မဖြစ်... ကူးတော့ကူးနေတာပဲ... စားရေးဆိုတဲ့ ပင်လယ်သမုဒ္ဒရာထဲ ကိုပြောတာပါ... အခြားချော်တောငေါ့မသွားကြနဲ့နော်...
အားကြိုးမာန်တက် တက်ကိုကိုင်လို့ လှော်ကြမယ့်လူ ခရီးလမ်းကို လမ်းမှန်ညွှန်ပြနိုင်မယ့်သူ ပဲ့ကိုင်ထိန်းကျောင်းမယ့်သူ မရှိတော့တဲ့ လှေသင်္ဘောတွေ လို တဝဲလယ်လယ်နဲ့ပဲ အချိန်တွေကုန်ဆုံးခဲ့ကြရတာ နှမြောစရာ... လူ့ဘဝသက်တမ်းက တိုတိုလေးလေ... မည်သို့ပင်ဆိုစေကာမူ အသက်မသေဆုံးသေးသမျှတော့ ရုန်းကန် နေကြရအုံးမှာဖြစ်တဲ့အတွက် နှစ်သစ်ကို ကြိုဆိုနိုင်ဖို့ အားတင်းထားကြရမှာပါ... ကဲ ကုန်ကြမ်းမရှိတော့ ဖြစ်သလိုတင်တဲ့ပို့စ်အားပေးချင်ရင်လည်း အားပေး... အားမပေးချင်ရင်လည်း အားပေးသွားကြပါနော်...
အားလုံးကို လေးစားလျှက် -