Splinterlands ကရတဲ့ Rewards

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ ဘာစာမှမရေးတော့ပါဘူး... ပို့စ်လေးတစ်ခုကလည်း ဖြစ်အောင်တင်ရမှာဆိုတော့ကာ Splinlands Game မှာ တောင်တစ်ခု မြောက်တစ်ခု ထင်ရာမြင်ရာ တိုက်ပြီးတော့ အောင်ပွဲခံလာခဲ့တဲ့ ကျွန်တော့် တိုက်ပွဲကနေ ရရှိလာတဲ့ ဆုလာဘ်တွေကို ကြွားချင်ပါတယ် 😄 ကတ်ပြားလေးတွေမရပဲနဲ့ Credit တွေနဲ့ပဲ နှစ်ပါးသွားနေရတာလည်း စတိုက်ကတည်းကဆိုသလိုပါပဲ.... Daily Quest ‌ပြီးလို့ တစ်ခါ Claim လိုက် Credit/Potion ထွက်လာလိုက် နောက်တစ်ခါ Season တစ်ခုပြီးလို့ Claim လည်း Credit/Potion ပဲထွက်လာလိုက်‌ဆိုတော့ကာ အထွေအထူး ကြွားစရာတော့ မရှိဘူးပဲ 😄 ကြွားစရာမရှိလည်း ကြွားရတော့မှာပဲ...


screenshot_357.png


screenshot_358.png


Point 665 ကနေ တိုက်လာလိုက်တာ Fire Quest လည်းအောင်ရော Point 457 ကျန်ခဲ့သေးလို့တော်သေး


screenshot_359.png


screenshot_360.png screenshot_361.png


မနေ့ကတော့ Season တစ်ခုပြီးဆုံးတဲ့နေ့ပေါ့လေ... Season တစ်ခု ပြီးတဲ့နေ့အထိ Point 400 အောက်ကျမသွားအောင် အတော်လေးထိန်းထားရတယ် 😄 ကတ်ကောင်းကောင်းတွေကိုင်ထားနိုင်တာမဟုတ်လေတော့ ထိန်းရတာတော့ခက်သဗျို့... Season ရဲ့နောက်ဆုံးနေ့ကျမှ Daily Quest ကလည်း မအောင်နိုင် အကြိမ်တိုက် အကြိမ်ရှုံးပြီး Point 400 အောက်ကျမလို ကျမလိုနဲ့ဆိုတော့ ရင်တွေဘာတွေတောင် ခုန်လို့ပေါ့ဗျာ😄 Point 400 အောက်ရောက်သွားရင် Reward က 5 ခုပဲဆိုတော့ အားမရဘူးလေဗျာ...


screenshot_368.png


screenshot_369.png


Season ရဲ့ နောက်ဆုံးနေ့မှာ Daily Quest က မခက်ပေဘူး... Fire Quest လေးပါ... အဲခက်သွားတာက Mana Cost နည်းနည်းလေးပဲဆိုတော့ ပွဲတိုင်း ရှုံးတော့တာပေါ့... ကျွမ်းမှ မကျွမ်းကျင်ပဲကိုး... တစ်ချို့လည်း ကိုယ့်နာမယ်မြင်တာနဲ့ စိမ့်ကြောက်ပြီးတော့ အရှုံးပေးသွားကြသေးတယ်😁 အံ့‌အောဘ... ဒီကဖြင့် ဘာလုပ်ရမှန်းမသိဖြစ်နေထာကို အရှုံးပေးသွားကြတယ်ဆိုတော့ အံ့အောဘ ပေါ့... သူတို့အရှုံးပေးသွားလို့ Point လေးတွေပြန်ပြန်တက်လာပြီး 400 အောက်မဆင်းတော့တာ နို့မို့ဆိုလို့ကတော့ 7 Reward နားကပ်တောင် ကပ်နိုင်မယ်မထင်ဘူး... ခုတော့ 7 Reward လေးတော့ ရလိုက်ပါရဲ့... အားရဝမ်းသာ Claim လိုက်တော့ Credit Credit နဲ့ Potion Potion Potion လေးတွေပဲပါလာတယ်... လွန်ခဲ့ဘာဘီလေ ဒါဒေပြောတော့ပါဖု 😁

အားလုံးကို လေးစားလျှက် -


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency