ပူပြင်းလို့လာ နွေအခါ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

လူတိုင်း ထင်မှတ်ခဲ့တဲ့အတိုင်း ဆိုခဲ့သည့်အတိုင်း လျှပ်စစ်မီးကတော့ ရာသီဥတု ပူလာတာနဲ့အမျှ အချိန်ပိုပျက်လာနေပါပြီ... ကောင်းလာမည်လား ဆိုးလာမည်လားတော့ သေချာမသိနိုင်ပေမယ့် ယပ်လေးတွေတော့ ဆောင်ထားကြပေတော့လို့ ပြောခဲ့တဲ့အတိုင်း သူများတွေဆောင်မဆောင်တော့မသိပေမယ့် ကျွန်ုပ်ကတော့ ယပ်တောင်လေးတဖျတ်ဖျတ်တော့ဖြစ်နေပါပြီ... အိပ်နေသော မီးစက်ကို မနှိုးရဲ... ဆီဈေးကလည်း ကြီးလှသကိုး...


fans_copy.png


ရေးလိုသည်က မီးအကြောင်းမဟုတ်... မီးကတော့ပါလေရာဖြစ်နေတော့ နဲနဲတော့ ပြောလိုက်မိပါတယ်... ဘဝဆိုတာ ပူတလှည့် အေးတလှည့် အေးအတူ ပူအမျှ တို့ဘဝလေးလို့ ဆိုရလေမလား(ကိုခင်မောင်တိုးတော့ဟုတ်ဘူး)... စီးပွားရေးသမားများအနေနဲ့ အလုပ်ကိုဆောင်မှတိုးတက်မှာဖြစ်ပါသော်လည်း အရုပ်ကိုဆောင်နေကြပြီး အာပုပ်စော်နံလောက်အောင် ဆုတွေတောင်းနေကြကြောင်း ကြသိရပါတယ်... ယုံကြည်သည်လည်းမဟုတ် မယုံကြည်သည်လည်းမဟုတ် ဂွတီးဂွကျ အလယ်အလတ်သမားများကား ဘာမှမလုပ် ဘေးထိုင်လို့ဘုပြောနေကြစမြဲပင်...

ရာသီဥတု ပူပြင်းလာတာနဲ့အမျှ ကျွန်ပ်တို့နေထိုင်ရာ မြန်မာပြည်ကြီးတွင်လည်း ပူပြင်းတဲ့ဒဏ်နဲ့အတူ အုံမာခင်တို့ တစ်သိုက်ကလည်း အပူထဲမှာ မြန်မာပြည်အတွင်း လှည့်လည်နေကြရာ သတိလေးတော့ထားကြပါခင်‌ဗျ... စေတနာဆိုလေတိုင်း တစ်ဖက်က ကျေးဇူးတင်ကြသည်မဟုတ်တဲ့လောကကြီးမှာ ဇွတ်တရွတ်စေတနာတွေပိုနေကြသော လူအချို့ကြောင့် တစ်ဖက်သားမှာ ဒုက္ခတွေ့နေကြသည်ကို သိသော်လည်း မသိယောင်ဆောင်ကာ စေတနာနဲ့ကူညီပါတယ်လို့ အသံကုန်ဟစ်ကြွေးနေကြဆဲ... မှန်ကန်သော စေတနာဖြစ်ရန်လိုပါတယ်...

စိတ်ထဲတွေ့ရာ ကောက်ကာရေးလို့ မစဉ်းမစား ပို့စ်တင်လိုက်ရခြင်းအကြောင်းရင်းက မီးပျက်သွားမည်စိုးသောကြောင့် စဉ်းစားရန်အချိန်မရ အလျင်အမြန် ရေးချင်ရာရေး ပို့စ်လေးကိုအရတင်ခြင်းသာဖြစ်ပါတယ်... လူပြိန်းအကြိုက် မှိုင်းမျိုးစုံတိုက်ကြသူတွေကလည်း မုသာဝါဒတွေ တွင်တွင်သုံးလို့ မှိုင်းတိုက်ကောင်းနေကြဆဲသာဖြစ်ပါတယ်... တချို့လည်း မှိုင်းမိ မှိုင်းဝလို့ မိုးပေါ်ပျံနေသူတွေလည်း ပျံနေကြလေသည်... ပြုတ်မကျဖို့တော့ ကြိုးစားရန်လိုပေမယ်... အချိန်မရ ဇိမ်ကမကျနဲ့ တော်လောက်ပါပြီ ဒီတစ်ပို့စ်လည်း နောက်များကြုံရင် တွေ့ကရာပင် ရေးတင်အုံးပါမည်...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency