This content was deleted by the author. You can see it from Blockchain History logs.

မျက်ရည်ကျမှာစိုး

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

စစချင်း ဘာမဆိုင် ညာမဆိုင် မေးလိုက်ပါအုံးမယ်။ #Ecency က သူ့ရဲ့ #Point တွေကို မပေးတော့တာလား? #Update လုပ်ပြီးကတည်းက မတွေ့တော့တာပဲ။ ရနေသေးတယ်ဆိုရင်လည်း လက်တို့ကြပါအုံး 😂 #Update မလုပ်ရသေးတဲ့သူတွေကတော့ #Point လေးတွေရနေကြအုံးမယ်လို့တော့ထင်ပါတယ်။ ခုချိန်ထိကို အဲဒီ #Ecency က အဆင်ပြေပြေနဲ့ကို သုံးလို့မရသေးဘူးဖြစ်နေတုံးပဲ။ လုပ်လိုက်တဲ့ #Update ကလည်း ခဏ ခဏဆိုတော့ Bill ဖိုးလည်း အတော်ကုန်နေပြီ 😁 ထားလိုက်ကြပါတော့လေ။ သူအဆင်ပြေချင်တဲ့အချိန် အဆင်ပြေသွားလိမ့်မယ်လို့ပဲ မှတ်ယူလိုက်ပါတော့မယ်။ မြန်မြန်ဖြေရှင်းပေးနိုင်ရင် ကောင်းမှာဖြစ်ပါတယ်လို့ အကြံပြုလို့ရရင် အကြံပြုလိုက်ချင်ပါရဲ့။



ဈေးလေးတွေက နည်းနည်းချင်းစီတက်နေတော့ အားတော့ရှိနေပေမယ့် အားရတဲ့အဆင့် ကျေနပ်တဲ့အဆင့်ကိုတော့ ရောက်မလာနိုင်သေးဘူး။ ဘာပဲဆိုဆို Fighting လို့ပဲပြောရမယ်။ အားမလျော့ပဲနဲ့ ဆက်လက်လျှောက်လှမ်းနေရအုံးမှာပဲမဟုတ်လား။ ဘာမှမဟုတ်တဲ့ ဈေးနှုန်းတွေကိုတောင် မသိချင်ယောင်ဆောင်ပြီး စာတွေရေးနေနိုင်သေးတာပဲ။ ဈေးလေးတွေတက်နေချိန်မှာ ဘာမရေးနိုင်စရာ အကြောင်းရှိမလဲ။ တွေ့ကရာ ရေးသာရေးပါလို့ ကိုယ့်ဖာသာကိုယ် အားပေးပြီးစာရေးနေတုံးပဲ။ ပွပေါက်ကလည်း တိုးမှ မတိုးပဲကိုး 😁

Hive Platform ကြီးမှာကတော့ သူ့နည်း သူ့ဟန်နဲ့ သူတို့ရဲ့ Project နဲ့သူ အောင်မြင်အောင်တော့နည်းမျိုးစုံနဲ့ကြိုးစားနေကြတာတွေ့နေကြရတာပဲ။ တစ်ခုခုလောက်ပေါက်သွားခဲ့ရင် ကိုယ်တွေလည်း ပေါက်ကြတာပေါ့ 😂 ပေါက်ပေါက်ဆုပ်တွေဘာတွေ ဘုရားမှာလှူရင်ကောင်းမယ်ထင်တယ်။ ဒါမှ ပေါက်ပေါက်ရောက်ရောက်ဖြစ်မယ်လို့ဆိုကြတယ်မဟုတ်လား။ မြန်မြန်ဆန်ဆန်ပေါက်ချင်လှပြီ။ အဲ-တမျိုးမတွေးကြနဲ့အုံးနော်။ Hive Platform ကြီး လူတွေကြားမှာရေပန်းစားပြီး ပေါက်သွားတာကိုပြောတာပါလေ။

တွေ့ကရာတွေစဉ်းစားရင်း တွေ့ကရာလျှောက်ရေးနေတာ စာတစ်ပုဒ်တော့ဖြစ်သွားမှာ အမှန်ပဲ‌။ ဒါပေမယ့်လည်း စာဖတ်သူတွေအတွက်တော့ အကျိုးရှိစေမယ့်စာတွေတော့ ဖြစ်မသွားနိုင်ခဲ့ဘူး။ မတတ်နိုင်သေးပါ။ စာတစ်ပုဒ်ဖြစ်အောင် ညှစ်ထုတ်လို့ အပြေးအလွှား ပို့စ်တင်နေရချိန်မှာတော့ အကျိုးရှိစေမယ့်စာတွေကို မရေးသားနိုင်သေးပါဘူး။ နောင်တစ်ချိန်မှာတော့ အကျိုးရှိစေမယ့်စာတွေကို ရေးနိုင်အောင်ကြိုးစားရပါအုံးမယ်။ ခုချိန်တော့ ပေါက်တတ်ကရစာတွေကိုသာ အားပေးကြပါအုံးဗျို့။ နေ့စဉ်ပေါက်တတ်ကရစာတွေကို ရေးနေတာတောင် တခါတခါ ဘာရေးရမှန်းမသိဖြစ်‌ဖြစ်နေသေးတယ်။

မြန်မာ ဟိုက် ကွန်မြူနတီကြီးလည်း ဟိုးအရင် စတီးမစ်တုံးကလို စည်စည်ကားကား ဟေးလား ဝါးလားနဲ့ ပြန်ဖြစ်လာစေချင်သေးတယ် 😂 ပျော်စရာအတော်ကောင်းခဲ့တာကိုးဗျ။ တချိန်ချိန်မှာတော့ ပြန်လည်စည်ကားလာဖို့ကို မျှော်လင့်နေဆဲပါပဲ။ စိတ်ညစ်စရာ စိတ်ပျက်စရာတွေလည်းရှိခဲ့ပေမယ့် ခုချိန်မှာတော့ ပြန်လည်တမ်းတမိတာကတော့ အမှန်ပဲ။ မနက်လင်းတာနဲ့ အပြေးအလွှား ပို့စ်တွေကို အလုအယက်တင်ရတာကလည်း ပျော်စရာတစ်ခုဖြစ်ခဲ့တာပဲလေ။ တော်ပြီတော်ပြီ လွမ်းလွန်းလို့ သေနိုင်တယ်ဆိုလားပဲ 😂 မျက်ရည်တွေ တောက်တောက် တောက်တောက်နဲ့ ကျလာမှာစိုးလို့ ဆက်မရေးတော့ဘူး 😂

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe

Logo
Center