လူတွေအကြောင်းသိပါမှ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

လူ့လောကဝန်းကျင်ထဲမှာ ကျက်လည်နေရတဲ့သူဆိုတော့ လူတွေရဲ့အကြောင်းကိုပဲ ရေးချင်မိပါတတယ်။ လူတွေအကြောင်းတော့ သိပါတယ်လို့တော့ မယူဆလိုက်ကြပါနဲ့။ အများအားဖြင့် လူတွေဆိုတာက ကိုယ်ထင်ထားသလို မဟုတ်ဘူးဆိုတာတွေကို လူတိုင်းတွေ့ကြုံဖူးကြမှာပဲ။ ဒီလူက ဒီလို လူစားမျိုးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး ဆိုတာမျိုးတွေကို ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို တွေ့ကြုံနေကြရတာပဲ။ ငါ ထင်သလိုမဟုတ်ဘူးဆိုတဲ့စကားကလည်း မကြာခဏကြားဖူးနေတယ်။



လူနဲ့လူချင်းဆက်ဆံတဲ့အခါ ကျွန်တော်တို့အများစုရဲ့ စိတ်ထဲမှာ "အကြောင်း အကျိုး အမှား အမှန်ကို နားလည်ပြီး စဉ်းစားချင့်ချိန်တတ်တဲ့ သတ္တဝါ"နဲ့ ဆက်ဆံနေကြရတယ်လို့ ထင်နေတတ်ကြတယ်။ မဟုတ်ဘူးလားလို့မေးရင် မဟုတ်တဲ့သူကများတယ်လို့ပဲ ဖြေရပါလိမ့်မယ်။ အများစုသောလူတွေက "အကြောင်း အကျိုး အမှား အမှန်ကို ကိုယ့်စိတ်က စေခိုင်းတဲ့အတိုင်း ကိုယ့်ရဲ့စိတ်ခံစားမှုအတိုင်း လိုက်ပါလုပ်ဆောင်နေကြတဲ့ သတ္တဝါ၊ တယူသန် အတ္တကြီးတတ်တဲ့သတ္တဝါ၊ မာန ထောင်လွှားတတ်တဲ့သတ္တဝါ"တွေက လူတွေပါပဲ။



လူဆိုတာက ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့ သတ္တဝါဖြစ်တယ်လို့ မကြာခဏရေးခဲ့ဖူးပါတယ်။ ကိုယ်ကသာ အခြားသူတို့ကို ဆုံးမ ပြုပြင်နိုင်မယ်လို့ အတွေးဝင်မိရင် ဘုရားကတောင် လူတိုင်းကို ဆုံးမ သွားတာမဟုတ်ဘူးဆိုတာ သတိရသင့်ပါတယ်။ စိတ်ခံစားချက်အတိုင်း လိုက်ပါလုပ်ဆောင်တဲ့အခါ အကြောင်း အကျိုး အကောင်း အဆိုး အမှား အမှန် ဆိုတာတွေကို ဘေးချိတ်လိုက်ကြတာများပါတယ်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာတော့ ကိုယ်တိုင် လေ့လာကြည့်နိုင်ပါတယ်။ လူဆိုတာ ကိုယ့်ကိုယ်ကို စိတ်ဝင်စားဆုံးပါ။ ဒီတော့ လူတွေနဲ့ဆက်ဆံရတဲ့အခါ ကိုယ့်အကြောင်းကို ပြောနေတာထက် သူတို့အကြောင်းကို နားထောင်ပဲပေးလိုက်ပါ။



လူတောထဲမှာနေထိုင် လှုပ်ရှားနေကြရပြီး စားဝတ်နေရေးကို လူတွေထဲကပဲ ပြန်ရှာနေရတဲ့အတွက် လူတွေရဲ့အကြောင်းကို ကောင်းကောင်း နားလည်အောင် ကြိုးစားသင့်ပါတယ်။ ‌ကိုယ့်လုပ်ငန်း ကိုယ့်စီးပွားရေးကို လာရောက်ဝယ်ယူအားပေးကြတာလည်း လူတွေပဲဖြစ်ပြီး တိရစ္ဆာန်တွေကတော့ ငွေလာပေးမှာမဟုတ်ပါဘူး။ အမှန်တကယ် အောင်မြင်နေတဲ့သူတွေကို လေ့လာကြည့်ရင် လူတွေအကြောင်းကို ကောင်းကောင်းသဘောပေါက်နားလည်နေတဲ့သူတွေဖြစ်တယ်ဆိုတာ တွေ့ကြရပါလိမ်မယ်။ အခြားအရည်အချင်းတွေလည်းရှိနေမှာပါ။ ဒါက ရိုးရှင်းလွယ်ကူမယ်လို့ ထင်မိပါတယ်။



မိတ်ဆွေအနေနဲ့ လူတစ်ယောက်ကိုဆဲဆိုခဲ့မယ်ဆိုရင် ထိုသူကလည်း မိတ်ဆွေကို ပြန်ပြီးဆဲချင်မှာပဲ။ ဒီထက်ပိုပြီး ခံစားရအောင်လုပ်မယ်ဆိုရင် သတ်ချင်စိတ်တောင်ပေါက်နေမှာပါ။ ဒါက လူတိုင်းမှာ ဖြစ်တဲ့စိတ်ပဲလို့နားလည်ခဲ့ရင် မဆဲမိဖို့ ကြိုးစားရမှာပဲ။ သူတပါးကို မကောင်းပြောရင် ကိုယ့်ကိုလည်း မကောင်းပြောခံရမှာ မလွဲဧကန်ပါပဲ။ သူခိုးက သူ့ပစ္စည်းပျောက်မှာ ကြောက်တတ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် သူခိုးသလို လူတိုင်းကို ခိုးတတ်တယ်လို့ယူဆတတ်ပါတယ်။



ရေးရင်းနဲ့ စာတွေလည်း ရောကုန်ပါပြီ 😁 မတတ်နိုင်ဘူးဗျို့။ ဆိုင်ဆိုက် မဆိုင်ဆိုင် ရေးရတော့မှာပဲ။ ကျွန်တော်တို့ #HIVE-MYANMAR က အဖွဲ့သားတွေက အမိမဲ့သားတွေဖြစ်နေကြတယ်။ ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်နေတာ အသေအချာပဲ။ #HIVE မှာ စာရေး POST တင်လို့ VOTE ကောင်းကောင်းမရရင် အချိန်ကုန် လူပန်းဖြစ်တာပဲ အဖတ်တင်တော့ ဟို #COMMUNITY ကောင်းနိုးနိုးနဲ့ လိုက်ပြီး POST တင်နေကြရတယ်။ #HIVE-MYANMAR မှာသာ အရင်တုံးကလို VOTE ကောင်းကောင်းပေးနိုင်ခဲ့ရင်‌ ကောင်းမှာပဲလို့တွေးမိတော့ "စိတ်ကူးလေးပါပဲ အိပ်မက်လေးပါပဲ"သီချင်းစာသားဖြစ်သွားတော့တာပါပဲဗျာ 😁


သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe


H2
H3
H4
3 columns
2 columns
1 column
5 Comments
Ecency