ဘာမှန်းမသိ

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ခုလိုနည်းပညာခေတ်ကြီးထဲ လုပ်ငန်းအတော်များများ နေရာအတော်များများမှာ HR ဆိုတဲ့စကားလုံးကို အသုံးပြုလာကြတာကို ကြားနေရပါတယ်... အဲဒီ HR ဆိုတာ ဘာကြီးမှန်းမသိတော့ မွှေနှောက် ရှာဖွေကြည့်လိုက်တော့မှ အော်-HRဆိုတာ Human Resourcesကိုပြောတာကိုးလို့ သိလိုက်ရတယ်... အဲ-တစ်ခါHuman Resourcesဆိုတာကြီးကလည်း ဘာမှန်းမသိပြန်တော့ ထပ်ရှာ ထပ်ဖတ်လုပ်လိုက်တော့မှ Human Resourcesဆိုတာကြီးက လူသားတွေရဲ့ အင်အား/လုပ်အားအရင်းအမြစ်ကိုဆိုလိုမှန်းသိလိုက်ရပါတယ်...

နားလည်လိုက်တာကတော့ လူသားတွေရဲ့အဓိက ပညာ၊ လုပ်အားစတာတွေကို အဖွဲ့အစည်း၊ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းစတာတွေနဲ့ပေါင်းစပ်ထားတာကို ခေါ်တယ်လို့ထင်ပါတယ်... နေရာတကာမှာက HR ဆိုတာရေပန်းစားနေလေတော့ လေ့လာစုံစမ်းကြည့်မိတာပဲရှိပါတယ်... HR နဲ့တော့ မရင်းနှီးပါဘူး... ကိုယ်နဲ့လည်း သိပ်မဆိုင်တော့သလိုပဲ... လုပ်ငန်းခွင်မဝင်သေးတဲ့ လူငယ်လေးတွေ၊ လုပ်ငန်းခွင်ဝင်နေကြတဲ့လူငယ်တွေအတွက်တော့ HR ဆိုတာကြီးကို လေ့လာထားသင့်တယ်ဆိုတာ အကြံပြုလိုတာပါ... အဓိက ကတော့ လူသားအရင်းအမြစ်က အရေးကြီးတယ်ပေါ့လေ...


hr.png


အမှန်တော့ ခုလိုကာလမှာ တက်ကျမ်းတွေလည်းမရေးချင်ဘူး... စိတ်မချမ်းမြေ့စရာ အကြောင်းတွေကိုလည်းမရေးချင်ဘူး... ကိုယ့်စာလာဖတ်တဲ့သူတွေကိုလည်း တစ်ခုခုတော့ ရသွားစေချင်တယ်ဆိုတော့ကာ ဘာရေးရမှန်း မသိတော့ဘူးပေါ့‌ဗျာ... အာ့ကြောင့်လည်း ဟိုမရောက် ဒီမရောက်စာတွေပဲ ရေးဖြစ်နေတယ်... စာကို တိုတိုရေးလည်း ဘူမှမဖတ်... ရှည်ရှည်ရေးလည်း ဘူမှမဖတ်... အားတောင်လျော့လာဘီနော... ခုလည်းအတူတူပါပဲ ဟိုမရောက် ဒီမရောက် တို့လို့ နဲ့ တန်းလန်းလေးပဲ ထားခဲ့ပါတယ်နော်...

အားလုံးကို လေးစားလျှက် -


@ansoe


ansoe_logo_leo.png

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency