အဆိပ်

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ စိတ်ကူးပေါက်မိတာက စာပေတွေအကြောင်းပဲဖြစ်ပါတယ်... စာအုပ် စာပေ လူ့မိတ်ဆွေလို့ ရှေးကဆိုထားခဲ့ကြသော်ငြားလည်း အဆိပ်ဖြစ်စေသော စာများကိုသာ လူအများစုက စိတ်ဝင်စားနေကြသည်ကို မြင်ရတဲ့အခါမှာတော့ အကြီးအကျယ် စိတ်ပျက်မိပါတယ်... ကောင်းမွန်တဲ့စာပေများကိုမူ အများစုသောလူများက စိတ်မဝင်စားကြတော့ပါ...



ဘဝကိုတိုးတက်စေသောစာပေများ၊ စီးပွားရေးနှင့်သက်ဆိုင်သော စာပေများ၊ ဘာသာရေးနှင့်သက်ဆိုင်သောစာပေများက အကျိုးစီးပွားကိုဖြစ်စေတဲ့အတွက်ကြောင့် မိတ်ဆွေလို့မှတ်ယူနိုင်မည်ဖြစ်ပါတယ်... ဒါပေမယ့်လည်း မိတ်ဆွေစာပေများကို လူနည်းစုလောက်ကသာ စိတ်ဝင်စားကြပြီး မိတ်ဆွေအဖြစ်အသိအမှတ်ပြုထားကြသော်လည်း အများစုကမူ အဆိပ်သင့်စာပေများကိုသာ စွဲမက်လာကြတာကို တွေ့မြင်ရပါတယ်...

အဲသလိုဆိုရင် အဆိပ်သင့်စာပေတွေက ဘာတွေများလဲလို့ စဉ်းစားဖွယ်ရာဖြစ်လာကြပါမယ်... အဆိပ်သင့်စာပေဆိုတာတွေက ဘာသာ ဓလေ့ ယဉ်ကျေးမှုစတာတွေကို တိုက်ခိုက်ဖျက်ဆီးသွားတတ်ကြတဲ့စာပေတွေပဲဖြစ်ပါတယ်... ယခုကာလမှာဆိုလျှင် အရှေ့တိုင်းတွင် မိမိတို့၏ ဘာသာ ဓလေ့ ယဉ်ကျေးမှုများကို ထိခိုက်မှန်းမသိ တဖြည်းဖြည်းချင်း ဝါးမြိုဖျက်ဆီးနေသည်ကို သတိမှ ပြုမိကြပါစ... အရှေ့တိုင်းသားတွေက အနောက်တိုင်းက ဘာသာ ဓလေ့ ယဉ်ကျေးမှုစတာတွေကို သဘောကျနှစ်ခြိုက်လာကြသည်ကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်...

စာပေများတွင် မိမိတို့နှင့်သက်ဆိုင်ရာဘာသာ ဓလေ့ ယဉ်ကျေးမှုတို့ ပျောက်ကွယ်လုနီးပါးဖြစ်လာပါတယ်... အမှားတွေကို အမှန်လုပ်လာကြတဲ့အခါ ကမ္ဘာ့အရပ်ရပ်မှာ မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်းအရာများစွာ ဖြစ်ကုန်ကြပါတယ်... မောင်နဲ့အမိ သမီးနဲ့အဖ မသင့်မလျော်သောစာပေများကို များစွာနှစ်ခြိုက်လာကြသည့်စာပေများမှာ အဆိုးဆုံးဖြစ်လို့လာနေပါပြီ... အင်းစက်စာပေဟုအမည်တပ်ကာ Website မျိုးစုံမှ တစ်မျိုး ဗီဒီယိုများမှတစ်ဖုံ သိမ်းသွင်းနေကြခြင်းကို ကြိုက်နှစ်သက်လာကြသည်ကို အလွန်အံ့ဩစရာ တွေ့မြင်နေရပါပြီ...

အင်းစက်စာပေဆိုသည်မှာ အပြာစာပေဟုလူအများအမည်တပ်ခဲ့ပြီးဖြစ်သော ညစ်ညမ်းစာပေများသာဖြစ်ပါတယ်... ညစ်ညမ်းစာပေဖြစ်သည့်အပြင် ဆွေမျိုး မိသားစုအတွင်းတွင် မှားယွင်းသော လိင်ဆက်ဆံမှုများကို ဖော်ပြပေးသောစာပေများဖြစ်ပါတယ်... အမေနဲ့သား အဖေနဲ့သမီး မောင်နှမအချင်းချင်း လိင်ဆက်ဆံကြရန်အားပေးအားမြှောက်ပြုနေသော စာပေများဖြစ်ပါတယ်... စဉ်းစားဆင်ခြင်မဲ့သော စာပေများဖြစ်နေပါတယ်... တိရစ္ဆာန်အမူအကျင့်များကို အကောင်းထင်လာကြခြင်းက မည်သို့ဆက်ဖြစ်နိုင်သည်ကို တွေးတောဆင်ခြင်သင့်ပါတယ်...

ထိုကဲ့သို့ စာပေများ ဗီဒီယိုများက မီဒီယာများမှတဆင့် ကမ္ဘာ့အနှံ့အပြားသို့ လျင်မြန်စွာ ရောက်ရှိနေခဲ့တာက ဆယ်စုနှစ်လောက်ပင် မကလောက်တော့ဟု ထင်ပါတယ်... လူသားတို့က လူတို့ရဲ့ကျင့်ဝတ်များကို ဖောက်လွဲဖောက်ပြန်လုပ်‌နေခြင်းက လူ့လောကကြီးကို ပျက်စီးအောင် ဖန်တီးနေကြခြင်းလို့လည်း ထင်ပါတယ်... ဒီလိုအဆိပ်တွေကို သိသိနဲ့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် သုံးစွဲနေကြတာ လူ့လောကကြီးအတွက် အလွန်ပင် ရင်လေးမိပါကြောင်း ရေးသားလိုက်ပါတယ်... အဆိပ်သင့်စာပေများ အဆိပ်သင့် ဗီဒီယိုများရန်မှ အသိရှိရှိဖြင့် ရှောင်ရှားနိုင်ကြပါစေ...


အားလုံးကို လေးစားလျှက် -


@ansoe

H2
H3
H4
3 columns
2 columns
1 column
12 Comments
Ecency