အလုပ် အရှုပ်

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ...

အခုတစ်လော စာမရေးနိုင် Post မတင်နိုင်ဖြစ်နေတယ်... စာမရေး Post မတင်နိုင်ရတဲ့ အကြောင်းကလည်း ရှိနေတယ်... အရှုပ်တွေလုပ်ပြီး အလုပ်တွေရှုပ်နေ ခဲ့တာကိုး... အလုပ်တွေရှုပ်နေတာမဟုတ်ပဲနဲ့ အရှုပ်တွေလုပ်နေတယ်လို့ ပြောရမှာပဲဗျို့... ကျုပ်တို့တစ်တွေက ပိုက်ဆံရမှ ငွေဝင်မှ အလုပ်လို့သတ်မှတ်ကြတဲ့သူတွေကများမလားပဲ... **ပိုက်ဆံမရ ငွေမရ ရင်တော့ အလုပ်လို့မသတ်မှတ်ချင်ကြတဲ့သူကအများသားပဲ...


busy.png


ဒီတော့ကာ အလုပ်လို့ပြောလိုက်ရင် ငွေရမှ ပိုက်ဆံရမှဖြစ်လာရောပဲ... ပိုက်ဆံမဝင် ငွေမမြင်ရင်တော့ အိမ်သူသက်ထား ဇနီးမယားကတောင် အလုပ်ရယ်လို့ မသတ်မှတ်ဘူးလေ ☺ အပြင်ကနေအိမ်ပြန်လာရင် ငွေလေးရလာမှ အလုပ်တဲ့... ငွေမပါရင်တော့ အလုပ်လုပ်လာတယ်လို့မသတ်မှတ်ပဲနဲ့ အရှုပ်လုပ်လာတယ်လို့‌သတ်မှတ်ကြရောမဟုတ်လား?

အခုလည်း အရှုပ်တွေလုပ်နေရလေတော့ စာမရေး Post မတင်နိုင်ခဲ့တာ ရက်အနည်းငယ်တောင် ကြာခဲ့ပြီ... အိမ်မှာ ရှုပ်နေသမျှအမှိုက် နေ့စဉ်ရှင်းလင်း အဟောင်းပြုပြင် အသစ်လဲလှယ် လုပ်နေခဲ့တာကိုး... ဒီတော့ကား ငွေဝင်ဖို့ ကမ်းမမြင် လမ်းမမြင် ပဲပေါ့ ☺ မိတ်ဆွေတို့ရော အလုပ်တွေရှုပ်နေတာ မဟုတ်ပဲ အရှုပ်တွေလုပ်ခဲ့ကြဖူးသလားလို့...

အွန်လိုင်းလေးတောင် မတက်နိုင်တဲ့အဖြစ်ဆိုတော့ စာရေးဖို့ဆိုတာဝေးလာဝေးလို့ ကွန့်မန့်လေးတောင် ဝင်မရေးနိုင်ခဲ့ဘူးဗျို့... ခုလည်းအရှုပ်တွေပြီးပြီလားဆိုတော့ မပြီးသေး... စာရေးဖို့ကလည်း စိတ်ကူးပေါက်တော့ ရေးချင်တာရေး တင်လိုက်ရတာမို့ ခွင့်လွှတ်သည်းခံ နားသောတ အဲ ဖတ်ကြပါလို့ပဲ တောင်းပန်ရေးသားလိုက်ရပါကြောင်း ချစ်မိတ်ဆွေအပေါင်းတို့...

အားလုံးကို လေးစားလျှက် -

@ansoe


ansoe_hive_logo.png

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency