ရှေးဟောင်း တီဗီ နှင့် ကပ်ဆက်

မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ......

မနေ့ ညနေက ကျနော်သူငယ်ချင်း အိမ်အလည်ရောက်ခဲ့တယ်။ ပြီးတော့ သူ့အိမ်ရဲ့ ဂိုဒေါင်မှာ ပစ္စည်း တစ်ခု သယ်ထုတ်ပေးပါလား အကူညီတောင်းတော့ သွားသယ်ပေးရင် ရှေးဟောင်း တီဗီ တွေ စုပုံထားသာ တွေ့ခဲ့လို့ ဓာတ်ပုံရိုက်ခဲ့တယ်။ သူ့အိမ်က အရင် က တစ်နာရီ ၂၀၀ ဂိမ်းဆိုင်ဖွင့် ခဲ့သာ ဂိမ်းဆိုင်ဖျတ်ပြီး သိမ်းထားသာဆိုပြီး သူငယ်ချင်း ရှင်းပြတယ်။

ကျနော်တို့ ဒီလိုတီဗီတွေ တစ်ချက်မြင်လိုက် ရင် ငယ်ဘဝကို တစ်ချက်ပြန်လည်း သတိရစမြဲပါပဲ။ ငယ်ဘဝ တီဗီ ရှိတဲ့ အိမ်မှာ သွားကြည့်သာတွေ၊ ပေါင်ချိန်ကားသွားစောင့်ကြည့်တွေပေါ့၊ သူငယ်ချင်း တွေနဲ့ ပျော်ဖို့လည်းကောင်းတယ်။ ဒီလိုတီဗီမျိုးနဲ့ ငယ်ငယ်က ဂိမ်းဆိုင်မှာ ဂိမ်းသွားဆော့ ရတဲ့ချိန် တွေကို ပြန်လည်းသတိရမိတယ်။ ဂိမ်းဆော့ရင် ကိုယ်ကတစ်နာရီယူပြီး ဘေး က ကိုကြီးက ငါဆော့ပေးမယ် သေချာကြည့် ဆိုပြီး ဂျင်းထည့်ခံ ထိသာတွေ ကိုလည်း သတိရမိတယ်။

ကက်ဆက်ကို မြင်တော့လည်း ငယ်ဘဝ အမှတ်တရ တွေကိုသတိရပြန်ရော။ နေ့လည်နေ့လည်ဆို ကျနော်ဦးလေး အိမ်စီသွားပြီး သီးချင်းသွားနားထောင်တယ်။ ဦးလေး က နေ့လည် ဆို ထမင်းစားပြီးသာနဲ့ ကက်ဆက်နားထောင် နေကြဆိုတော့ သူ့အိမ်စီ သွားပြီးသီးချင်းသွားနားထောင် တယ်။ ဦးလေးအမြဲ ဖွင့်နေကြ ဒရစ်မေလ ရဲ့ သဲနု သီချင်း ကလည်းက အခုထိ ကြိုက်နေတုန်း။ အဆိုတော် စိုးပိုင်၊ ညီပု၊ ဟယ်ရီလင်း သီချင်းတွေ ကြားကနေ အသက်ကြီးလားသူပေါ့။ ကက်ဆက်နဲ့ ငယ်ဘဝဆိုသာ ဘယ်တော့မှမေ့မရတဲ့အမှတ်တရတွေပေါ့ဗျာ။

H2
H3
H4
3 columns
2 columns
1 column
20 Comments
Ecency