လူထွက်ခြင်း

မဂ်လာပါ HIVE-MYANMAR အဖွဲ့သား တို့ရေ။

မနေ့ည က ကျနော် အကို စီ က ဖုန်း ဝင်လာတယ်။ မနက်ဖြန် မနက် လူထွက်မယ် ဘုန်းကြီး ကျောင်းမှာ လာကြို ပါဆို ပြီး မှာလာတယ်။အကို က သူ့မွေးနေ့ ဘုန်းကြီးကျောင်းမှာ ဝါတွင်းတရား စခန်း ရှိသာနဲ့ ဘုန်းကြီးဝတ်မယ် ဆိုပြီး ဝတ်လိုက်သာ ဒီနေ့ တရားစခန်း ၇ ရက် ပြီးပြီး ဆိုသာ ကို သတိရ သွားတယ်။ ကိုယ့်လည်း အခုတလော အလုပ်နည်းနည်း ရှုပ်နေလို့ မေ့သွားတယ်။
ဒီနေ့ မနက် ၅နာရီထ မှိုခူး မှိုထုပ် ပြီး ဈေးဗန်းခင်းပြီးသာနဲ့ အိမ်ရှေ့ မုန့်ဟင်းခါး ဆိုင်ကို ဈေးဗန်း အပ်ပြီး ဘုန်းကြီးကျောင်းကိုထွက်ခဲ့လိုက်တယ်။

ဘုန်းကြီးကျောင်း ရောက်တော့ ရင်ထဲ အေးချမ်းသွားတယ်။ ဘုရားရိပ် တရားရိပ်ကို။ တိတ်ဆိပ် ပြီး စိတ်အေးချမ်း နေတဲ့ ခံစာချက် ကို ရလာတယ်။ အဲ့တာနဲ့ အကို ဦးဇင်း ရှိတဲ့အဆောင် ကို သွားပြီး အကျီနဲ့ ပုဆိုး ပေးပြီး ဘုန်းကြီးကျောင်းက ဦးဇင်းလေး က လူထွက် မယ် အကို ကို ရဟန်း သိက္ခာ ချပေးပါတယ်။

ကျောင်းကဦးဇင်း က အရှေ့ ကလိုက်ဆိုပြီး အကို က‌အနောက် ကလိုက်ရွက် ရပါတယ်။ လူထွက်မယ် ဆိုရင် အဆင့်သုံးဆင့်ရှိ ပါတယ်။ ပထမအဆင့်က လူထွက်မလား သေချာ မသေချာ ဦးဇင်းက အကို ကို သုံးကြိမ် မေးပါတယ်။ အကို က လူထွက်မှာသေချာပါတယ်ဆိုပြီး သုံးကြိမ် ပြန်‌ဖြေ ရပါတယ်။ သေချာပြီးဆိုရင် ဒုတိယ အဆင့်အနေ နဲ့ ရဟန်း သိက္ခာမှ ရှင်သာမကေ သိက္ခာကို အရင်ချရပါတယ်။ တတိယ အဆင့်အနေနဲ့ ရှင်သာမကေ သိက္ခာ ကိုချရပါတယ်။ အဲ့ တာမှာ ရဟန်း ကနေ လူထွက် ခြင်း ပြီးမြောက်သွားပါတယ်။
လူထွက်ခြင်း ပြီးမြောက်တော့ ဆရာတော် စီ သွားပြီး ဦးချကတော့ပါတယ်။ ဆရာတော်က သာမည-မိုးကုတ် လမ်းစဉ်ပါ။ သာမညဆရာတော်ရဲ့တပည့်အရင်း လည်းဖြစ်ပြီး မိုးကုတ် ဝိပသာလမ်းစဉ်နဲ့ပါ။ ဆရာတော် တရားဟောရင် သာမည ဆရာတော် ဘုရားကြီးအမြဲ ဟောတဲ့ စကားတစ်ခွန်းကို အမြဲဟောပါတယ်။ သာမည တောင် ဘာလို့ နေ့တိုင်း ထမင်းကျွေးအလှူလုပ် နိုင်နေသာလည်းဆိုရင် သာမည ဆရာတော်ဘုရားကြီး အဆိုအမိန့်က လှူနေလို့ လှူနိုင်၊ ကျွေးနေလို့ကျွေးနိုင်သာ၊ ပေးနေလို့ပေးနိုင်သာ ဆိုပြီးမိန့်ခဲ့တယ်ဆိုပြီး ဆရာတော် မကြာမကြာ ဟောပြောပါတယ်။
ဆရာတော်ကို ကတော့ပြီး အိမ်ပြန်ခဲ့ပါတယ်။

ကျောင်းဆောင်အရှေ့က ပန်းခင်းလေးလှလို့ပုံရိုက်ခဲ့လိုက်ပါတယ်။

@aein.shwin.lann

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency