About the Breakfasts I Eat

I will tell you about the breakfasts I eat.
I live in a rural area.
Usually my breakfast is Rice .

Rice , I will say.
If we eat rice, we have to add curry.
There will be very few people who eat only one type of rice.
Of course, there are various dishes that are eaten together with rice. It want to be good, Wanting to be bad is not bad.
A person who is financially stable will always be able to eat rice with a variety of good dishes.
People who don't have enough money can't always eat rice with good dishes.
I usually eat warm rice with some kind of fried food in the morning.
A kind of fried is fried meat, fried eggs, fried vegetables, fried beans, etc.
If the rice cooked the night before is still left over the next morning, the rice is often fried.
What you can see in the picture is fried rice and fried chayote, Fried beans.

Sometimes in the morning, if I'm in the city, Shan noodles, Spaghetti or Fried noodles Often eaten.
What you see in the picture is Shan noodles.
I have to eat pickled radish and soup together.
I paid 1500 Myanmar kyats (0.4$USD) for a bowl of these Shan noodles.

This is the breakfast that I eat sometimes.
If I live in the city, I will eat it often.

Today, I will list the breakfasts that I usually eat.
Food is essential for life, right?

ကျွန်တော် စားဖြစ်တဲ့ မနက်စာများ အကြောင်း ပြောပြရဦးမယ်။
ကျွန်တော်က ကျေးလက်ဒေသမှာ နေထိုင်ပါတယ်။
များသောအားဖြင့်တော့ မနက်စာ ထမင်း စားဖြစ်ပါတယ်။

ထမင်း ဆိုလို့ ပြောရဦးမယ်။
ထမင်း စားလျှင်တော့ ဟင်း ပါ ထည့်စားကြရတာပါ။
ထမင်း တစ်မျိုးတည်း စားတဲ့သူ မရှိလောက်အောင် ရှားပါလိမ့်မယ်။
ထမင်း နှင့် တွဲလျက်စားရတဲ့ ဟင်းကတော့ အမျိုးမျိုးရှိတာပေါ့။ ကောင်းချင်ကောင်းမယ်၊ မကောင်းချင်လည်း မကောင်းဘူး။
ငွေကြေးပြေလည်တဲ့သူကတော့ ထမင်း ကို ဟင်းကောင်းမျိုးစုံဖြင့် အမြဲလိုလို စားနိုင်မှာပါ။
ငွေကြေးမပြည့်စုံတဲ့သူကတော့ ထမင်း ကို ဟင်းကောင်းတာမျိုးနှင့် အမြဲတမ်း မစားနိုင်ဘူးပေါ့။
ကျွန်တော်က မနက်ခင်းမှာ ထမင်း ပူပူနွေးနွေး ကို အကြော်တမျိုးမျိုးဖြင့် စားတတ်ပါတယ်။
အကြော်တမျိုးမျိုး ဆိုတာက အသားကြော်၊ ကြက်ဥကြော်၊ ဟင်းသီးဟင်းရွက်ကြော်၊ ပဲကြော် စသည်ဖြင့်ကို ပြောတာပါ။
မနေ့ညက ချက်တဲ့ ထမင်း နောက်မနက်ထိ ကျန်နေသေးလျှင်တော့ ထိုထမင်းကို ကြော်စားတတ်ပါတယ်။
ပုံထဲမှာ မြင်ရတာက ထမင်းကြော် နှင့် ဂေါ်ရခါးသီးကြော်၊ ပဲဘယာကြော် ပါ။

တခါတလေ မနက်ခင်းမှာ ကျွန်တော် မြို့ သို့ ရောက်နေလျှင်တော့ ရှမ်းခေါက်ဆွဲ၊ မုန့်တီ ၊ ဆီချက်ခေါက်ဆွဲ စသည်ဖြင့် စားတတ်ပါတယ်။
ပုံထဲမှာ မြင်ရတာက ရှမ်းခေါက်ဆွဲ ပါ။
မုန်လာချဉ် နှင့် ဟင်းရည် တွဲဖက်စားရတာပေါ့။
ဒီ ရှမ်းခေါက်ဆွဲ တစ်ပွဲကို မြန်မာငွေ 1500 ကျပ် (0.4$USD)ပေးရပါတယ်။
ဒါကတော့ တခါတလေမှ စားဖြစ်တဲ့ မနက်စာပါ။
မြို့မှာနေလျှင်တော့ ခဏခဏ စားဖြစ်မှာပေါ့။

ဒီနေ့ကတော့ ကျွန်တော် စားတတ်လေ့ရှိတဲ့ မနက်စာများကို ဖော်ပြပေးလိုက်ပါတယ်။
အစာအာဟာရသည်ကား သက်ရှိတို့အတွက် မရှိမဖြစ် ဟုတ်တယ်မလား။

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency