Traveling to Homevillage or Dangerous Journey

Hello friends.
Today I will share about returning to my homevillage.

I have been living with my family in a village in Tada U Township for 3 years.
Now, many unknown murders have occurred in the area where I lived, so our family returned to our homevillage for safety.

In our homevillage, there have been some wars in the past years and villages have been burnt down.
Now, the local people's defense groups have been able to dominate the violent terrorist army, so the area has started to stabilize.
Now the coup d'état army can dominate the city and cannot easily come to the countryside.
However, the Internet connection has been cut off in the rural areas of our homevillage.
However, Starlink satellite Internet WiFi can be used in some villages as part of the National Unity Government's plan.

Our family used to return from the area where we lived before to our homevillage by motorcycle.
The journey took about 8 hours on a motorcycle.
I had to pay 7000 kyats for 1 liter of motorcycle fuel.
Fuel costs totaled 25,000 kyats (USD$4.5).

There are many inspection gates along the way.
I had to pass through 7 terrorist army gate camps and 15 civil defense camps.
Children and families were riding motorcycles, so they didn't get checked much.
However, there are many mine bombs on the road.
Therefore, our family rode a motorcycle with great caution.
Fortunately, our family reached the village where we were born.

My home village has been cut off from the internet connection by the terrorist army.
It is not easy to use Hive Blockchain properly even with 2G Network.
So, I have to go to another village that has Starlink WiFi and use the Internet.
Starlink WiFi usage fee is 0.2USD per 1.5 hours.
The cost of motorcycle fuel to go to that village will cost only 0.4 USD.
Isn't it easy for me to be on the Hive Blockchain with this situation?
Anyway...

မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ မွေးရပ်မြေသို့ ပြန်ခြင်းအကြောင်းကို မျှဝေပါဦးမည်။

ကျွန်တော်သည် မိသားစုနှင့်အတူ တံတားဦးမြို့နယ် ထဲက ရွာတရွာ၌ နေထိုင်ခဲ့သည်မှာ ၃နှစ်မျှ ကြာမြင့်ခဲ့ပါပြီ။
ယခုအခါ ကျွန်တော် နေထိုင်ခဲ့သော ဒေသ၌ အကြောင်းအရာမသိရသော လူသတ်မှုများစွာ ဖြစ်ပေါ်လာသောကြောင့် ကျွန်တော်တို့မိသားစုသည် လုံခြုံရေးအရ မွေးရပ်မြေသို့ ပြန်လာခဲ့ကြပါသည်။

ကျွန်တော်တို့၏ မွေးရပ်မြေ၌ ယခင်နှစ်များက စစ်ပွဲအချို့ နှင့် ကျေးရွာများ မီးရှုံခံထားရပါသည်။
ယခုအခါတော့ ဒေသခံ ပြည်သူတို့၏ ကာကွယ်ရေးအဖွဲ့များသည် အာဏာရူးအကြမ်းဖက်စစ်တပ် ကို လွှမ်းမိုးလာနိုင်ခဲ့ပြီ ဖြစ်သောကြောင့် နယ်မြေ တည်ငြိမ်စ ပြုလာခဲ့သည်။
ယခုအခါ အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် မြို့ပေါ်၌သည် အာဏာလွှမ်းမိုးနိုင်ပြီး ကျေးလက်ဒေသ သို့ အလွယ်တကူ မလာရောက်နိုင်တော့ပါ။
သို့သော် ကျွန်တော်တို့၏ မွေးရပ်မြေ ကျေးလက်ဒေသ၌ Internet Connection ဖြတ်တောက်ခံထားရပါသည်။
သို့သော် National Unity Government ၏ အစီအစဉ်အရ အချို့ ကျေးရွာများ၌ Starlink ဂြိုဟ်တု Internet WiFi ကို အသုံးပြုနိုင်ပါသည်။

ယခင်နေထိုင်ခဲ့ရာ ဒေသမှ မွေးရပ်မြေသို့ ကျွန်တော်တို့ မိသားစုသည် ဆိုင်ကယ်ဖြင့် ပြန်လာခဲ့ကြပါသည်။
လမ်းခရီးကြာချိန်သည် ၈ နာရီမျှ ဆိုင်ကယ်စီးခဲ့ရသည်။
ဆိုင်ကယ် လောင်စာဆီ ကို 1 litre လျှင် ၇၀၀၀ kyats ပေးကာ ဖြည့်ခဲ့ရသည်။
လောင်စာဆီဖိုး စုစုပေါင်း ၂၅၀၀၀ kyats (USD$4.5) မျှ ကုန်ကျခဲ့သည်။

လမ်းခရီးတလျှောက်၌ စစ်ဆေးရေး Gate များစွာ ရှိပါသည်။
အကြမ်းဖက်စစ်တပ် Gate စခန်းပေါင်း ၇ ခု ဖြတ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးစခန်းပေါင်း ၁၅ ခုလောက် ဖြတ်သန်းခဲ့ရသည်။
ကလေးငယ်များနှင့်မိသားစု ဆိုင်ကယ်စီးလာခြင်း ဖြစ်သောကြောင့် စစ်ဆေးခြင်းများစွာတော့ မခံခဲ့ရပါ။
သို့သော် လမ်းတလျှောက်၌ Mine Bomb များစွာ ထောင်ထားကြပါသည်။
သို့ဖြစ်၍ ကျွန်တော်တို့မိသားစုသည် သတိဝီဝိရကြီးစွာထား၍ ဆိုင်ကယ်စီးလာခဲ့ကြခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် ကျွန်တော်တို့မိသားစုသည် မွေးရပ်မြေ ကျေးရွာသို့ ရောက်ခဲ့ကြပါသည်။

ကျွန်တော်၏ မွေးရပ်မြေ ကျေးရွာကို အကြမ်းဖက်စစ်တပ်မှ Internet Connection ဖြတ်တောက်ထားပါသည်။
2G Network ရရှိသော်လည်း Hive Blockchain ကို ကောင်းမွန်စွာ အသုံးပြုရန် မလွယ်ကူပါ။
သို့ဖြစ်၍ Starlink WiFi ရရှိသော အခြား ကျေးရွာသို့ သွားကာ Internet အသုံးပြုရပါသည်။
Starlink WiFi အသုံးပြုခသည် ၁နာရီခွဲကြာချိန်လျှင် 0.2USD$ ပေးရပါသည်။
ထိုရွာသို့ သွားရန် ဆိုင်ကယ် လောင်စာဆီဖိုးသည် 0.4USD$ မျှ ကုန်ကျပါလိမ့်မည်။
ဒီအခြေအနေဖြင့် ကျွန်တော် Hive Blockchain ပေါ်မှာ ရှိနေဖို့ မလွယ်ကူပါလား။
မည်သို့ပင်ရှိစေ ...

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency