Rural Nature between Rain and Winter

Hello.

It seems that winter has entered Myanmar, but it has been raining continuously.
Because there is a storm in the Bay of Bengal, the rain clouds come over the land and rain.

In the area where I live, those who grow rice are happy when it rains.
However, for those harvesting peanuts, it is difficult to dry the peanuts.
Some of the peanut fields were still wet from the rain, and the peanuts had not even been plucked.

Sun or Rain is not a priority for me.
Today, I went to Fields before the rain to see the rural scenery.
The green trees and misty clouds were recorded as natural beauty.

Enjoy watching the cute clouds and the countryside scenery.

Burmese Language,

မင်္ဂလာပါ။

မြန်မာနိုင်ငံ၌ ဆောင်းရာသီ ဝင်ရောက်ပြီးပြီ ထင်ရပြီးမှ မိုးတွေ ဆက်တိုက်ရွာနေခဲ့သည်။
ဘင်္ဂလားပင်လယ်အော် ထဲမှာ မုန်တိုင်း ရှိနေသောကြောင့် မိုးတိမ်များ ကုန်းမြေပေါ် ရောက်လာကာ မိုးရွာချနေခြင်း ဖြစ်သည်။

ကျွန်တော် နေထိုင်ရာ ဒေသ၌ စပါး စိုက်ပျိုးထားသူတို့က မိုးရွာလို့ ပျော်ကြရသည်။
သို့သော် မြေပဲရိတ်သိမ်းနေသူများအဖို့တော့ မြေပဲ အခြောက်လှမ်းဖို့ အခက်ကြုံရသည်။
အချို့ မြေပဲခင်းတွေမှာတော့ မိုးရေတွေ စိုနေသေး၍ မြေပဲပင် မနှုတ်သေးဘဲ ထားကြရသည်။

ကျွန်တော်ကတော့ နေပူသည်၊ မိုးရွာသည် ပဓာနမထားပါ။
ဒီနေ့လည်း ကျေးလက်သဘာဝရှုခင်း ကြည့်ဖို့ မိုးမရွာခင် ယာတောဘက် ရောက်ဖြစ်ခဲ့သည်။
စိမ်းလန်းသော သစ်ပင်တွေ နှင့် အုံ့ဆိုင်းနေသော မိုးတိမ်တွေကို သဘာဝအလှတရား အဖြစ် မှတ်တမ်းတင်ခဲ့လိုက်သည်။

ချစ်စရာ တိမ်တွေနှင့် ကျေးလက်သဘာဝရှုခင်းကို ကြည့်ရှုခံစားကာ သာယာနိုင်ကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency