Seasonal start isn't good

Hello Managers

Season 87 is ended and season 88 is started. For me Seasonal start isn't good. Yesterday 2 matches played and I lost all matches with 4-0. That was so bad.

Total income of last season (87) was 29,914,029 and total costs was -30,411,618. The results of Season 86 was -497,588. There were no profit get from last season. That was so bad. I think that was too many Stadium facilities upgrade. Okay past was past let prepare next season.

I got about 0.1 Hive as seasonal reward. Thank a lot Rabona. And I renewal one player contract whose name Xavier Dufour. He is Defender and has 62 OS. His old salary is 8702 RBN (per match) and new salary is 12069 RBN (per match). Team has 14 players like last season. I still did buy any new players but this season I need to buy or sign new players.

Good luck managers
See you next post

မင်္ဂလာပါ မန်နေဂျာတို့ရေ

season 87 ကတော့ပြီးသွားခဲ့ပါပြီ။ season 88 မှာတော့ တာထွက် မကောင်းခဲ့ပြန်ပါဘူး။ နှစ်ပွဲ ကစားပြီး နှစ်ပွဲ ရှုံးထားပါတယ်။ နှစ်ပွဲလုံး ၄ ဂိုးပြတ်တွေနဲ့ ချည်းပါပဲ။ အသင်းက အရှုံးတွေနဲ့ အတော်လေး ပနံသင့်နေပုံပါပဲ။ ပြင်ပက ကျနော် အားပေးနေတဲ့ Manchester united လိုပဲ ဖြစ်နေပြီ။ ကြာတော့ ကိုယ်တိုင်တောင် နာကျင်မှုတွေ နဲ့ အသားကျ နေခဲ့ပါပြီ။

ရာသီ အစ နှစ်ပွဲလုံး ရှုံးလို့ စိတ်ညစ် နေပါတယ်ဆိုမှ financial ပိုင်းကို သွားကြည့်မိခါမှ ပိုစိတ်ညစ်သွားရပါတော့တယ်။ ပြီးခဲ့သော ရာသီမှာ ကျနော့် အသင်း အရှုံးပေါ်ခဲ့ပါတယ်။ တကယ်ပါ တကယ်ကို အမြတ်မရပါဘူး။ Rabona ဂိမ်းကို မဆော့တော့ဘဲ ပစ်ထားတုန်းကတောင် rbn တွေက အမြဲလိုလို ဝင်နေပြီး income များ cost နည်းသေးတယ်။ ခု ပြန်ကစားမှပဲ။

အင်းလေ upgrade တွေကြောင့်လည်း ပါပါ လိမ့်မယ်။ ပြီးခဲ့တဲ့ ရာသီက upgrade တွေ လုပ်တာလည်း များသကိုး။ level မြင့်လာလေ ထိန်းသိမ်း ရတဲ့ စရိတ်စက ကလည်း တက်လာလေလေကိုး။ ဒီတရာသီ ပြန်စောင့်ကြည့်တာပေါ့လေ။

ကစားသမား တယောက်ကိုတော့ စာချုပ် သက်တမ်းတိုး ထားပါသေးတယ်။ နောက်တန်း ကစားသမား Xavier Dufour ပါ။ ယခင်ရာသီတုန်းကလိုပဲ အသင်းမှာ ကစားသမား ၁၄ ယောက် ရှိပါတယ်။ ဒီရာသီတော့ လူဝယ်မှ ဖြစ်မယ် ထင်ပါတယ်။

အားလုံး ကံကောင်း ကြပါစေ။
နောက်ပိုစ့်တွေမှာ တွေ့ကြတာပေါ့။

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency