ကြိုးတန်းပေါ်က ကျီးငှက်လေးများ

မင်္ဂလာပါ အမျိုးတို့ရေ။
နည်းနည်း ပျင်းလာလို့လား။ အခြားအလုပ်တွေနဲ့ မအားသလို ကြောင့်လား။
Hive မှာ ပုံမှန် ပို့စ် မတင်နိုင်ဖြစ်နေပါတယ်။
အထူးသဖြင့်က ဘယ်မှ မသွားမလာဖြစ်တော့ ပုံသစ်လေးတွေ မရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ၊ ဒီနေ့ weekend လေးမှာတော့ ငှက်ပို့စ်လေး တင်ပါဦးမယ်။

img_0.4938819949573783.jpg
ဒီပုံလေးက မနက်ခင်းမှာ ကျွန်တော်လည်း ချမ်းလို့ နေပူစာ လှုံရင်း ဖုန်းပွတ်နေခိုက်
လမ်းမဘေးက လျှပ်စစ်မီးကြိုးတန်းတွေပေါ်မှာ ငှက်ကလေးတွေ နားနေကြတာ မြင်ရလို့ ဖုန်းလေးဖြင့် ပုံရိုက်လိုက်တာပေါ့။
ကျီးငှက်လေးတွေပါ။ သူတို့လည်း ချမ်းလို့များ နေပူစာ လှုံကြလေသလား။
သဘာဝကတော့ သူတို့အတွက် ရာသီဥတုဒဏ် ခံနိုင်အောင် အမွှေးထူပေးထားပါတယ်။
ငှက်မွှေးတွေ ဆိုတာက ပျံသန်းဖို့ အတွက်တင် မဟုတ်ဘူးလေ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency