We are Cygnus

Cygnus ဆိုပြီး နာမည် မပေးခင် ကတည်းက ကျနော်တို့ သူငယ်ချင်းတွေ စုပြီး Futsal ကန်နေကြပြီးသား။ တပတ်ကို အနည်းဆုံး (၂) ကြိမ်လောက်ပေါ့။ တခါတလေ အခြား အသင်းတွေ ဘာတွေနဲ့ ချိန်းကန်ဖြစ်တဲ့ အခါမျိုးဆို တပတ်ကို (၃) ပွဲတွေ ဘာတွေ ဖြစ်သွားလေ့ ရှိ၏။ ဒီအတိုင်းပဲ သူငယ်ချင်းတွေ စုကန်နေကြရင်းကနေ အသင်း နာမည်လေး ဘာလေးနဲ့ ဆိုရင် ပိုကောင်းမယ် ဆိုပြီး Cygnus ဆိုသည့် နာမည်လေး ပေးဖြစ်သွားခဲ့၏။

အသင်း တည်ထောင် နှစ်၊ လ၊ ရက်ကိုတော့ အသင်းက ကစားသမား တယောက်၏ မွေးနေ့ကို ရွေးလိုက်၏။ တကယ်က Cygnus ဆိုပြီး နာမည် ပေးဖြစ်တာက ထိုရက်ထက် စောပါ၏။ တမင်ကို အမှတ်တရနဲ့ လေးလေးနက်နက် ဖြစ်စေချင်လို့ကို ထိုကစားသမား၏ မွေးနေ့ကို အသင်း၏ မွေးနေ့၊ တည်ထောင် ရက်လေး အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်၏။ ထိုသို့ ရွေးရခြင်းက အကြောင်း ရှိ၏။

သူကား ပျော်ပျော်နေတတ်သူ၊ စိတ်သဘောထား ကောင်းသူ ဖြစ်၏။ ခင်ဖို့လည်း ကောင်း၏။ ဤသို့ သဘော မနော ကောင်းခြင်းက သူ့ အတွက် မကောင်းခြင်းတွေ ဖြစ်စေတော့၏။ COVID ကာလမှာ သူကား သူ၏ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများနှင့် အသင်းကိုပါ အပြီး နှုတ်ဆက် ထွက်ခွာသွားခဲ့၏။ သေမင်းကား အကောင်း ကြိုက်လွန်း လှ၏။

ထို့ကြောင့်ပင် သူ့ မွေးနေ့ကို အသင်း၏ မွေးနေ့ အဖြစ် သတ်မှတ် လိုက်ကြခြင်း ဖြစ်၏။ ပြီး သူ ၀တ်ဆင်ခဲ့တဲ့ နံပတ် ၁၆ ကိုလည်း အသင်းကနေ အပြီးတိုင် အနား ပေးထားလိုက်ကြ၏။ သူ့ကို ချစ်ခင် ဂုဏ်ပြုသော အားဖြင့်ပေါ့လေ။

We already playing Futsal with friends before give the name of Cygnus. 2 matches at least in one week sometime 3 matches if other team want to play with us as friendly Match.

After we give team name, we want to take note about team date of birth. And then we choose one player birthday for team birthday. He is a really nice guy and so friendly and always active to help others. But Grim Reaper always like good one. He passed away at 27 July 2021 during COVID-19. That is why we choose team date of birth same with his birthday. And we rest no 16 (his number) forever.

Loving memory with Kwee Chee Htote (AungMyintOo)
We always remember you.
Once Cygnus always Cygnus.
Once brother always brother.

(Cygnus ရယ် ဆိုပြီး စတင်ဖြစ်သည့် အကြောင်းအရင်းလေး တစိတ်တပိုင်းကို ဖော်ပြလိုက်ရခြင်း ဖြစ်ပါ၏။ ကျနော်တို့ အသင်းက အပျော်တန်း အသင်းဆိုပေမယ့် ချစ်ခြင်း မေတ္တာ၊ ပျော်ရွှင်မှုတွေနဲ့ ဖွဲ့စည်း ထားသည့် အသင်း တသင်း ဖြစ်ပါ၏)

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency