တောပန်းဝါဝါလေးတွေ

တောပန်းလေးများနဲ့ လှချင်တိုင်း လှနေပါတဲ့။
တောထဲလမ်းတွေ လျှောက်သွားရတဲ့ အခါ တောပန်းလေးတွေ ပွင့်ဝေနေတာ မြင်ရတော့ ဘဝင် ချမ်းမြေ့ရပါတယ်။

img_0.9517658693431169.jpg

မနေ့က ရွာတစ်ရွာ သို့ အသွား လမ်းမှာ တောပန်း ဝါဝါလေးတွေ ပွင့်ဝေနေတာ မြင်ရလို့ ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။

ဒီတောပန်း ဝါဝါလေးတွေကို နေရာ အတော်များများမှာ တွေ့မြင်နေခဲ့ရပါတယ်။ ပုံရိုက်ယူဖို့ စိတ်ကူးနေခဲ့တာ ခဏခဏ ပါပဲ။
သို့ပေမယ့် ဆိုင်ကယ် စီးရင်း အခြားအရာတွေ ဖြင့် ရပ်နားကာ မလုပ်ဆောင် ဖြစ်ခဲ့ပါဘူး။ မနေ့ကမှပဲ လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့။

img_0.25759206442416593.jpg

ပန်းလေးတွေ ခူးဆွတ်ပြီး ရနံ့ ရှူကြည့်တော့ ထူးခြားတဲ့ သင်းရနံ့ မရပါဘူး။ တောပန်းလေးတွေ ဆိုတာက ရနံ့ မမွှေးမြရင် လူချစ် မခံရဘူးလေ။ ဒီတော့လည်း တောပန်းဟာ မြက်ရိုင်းသာပါပဲ။
အဲ ခံစားချက် နုညံ့တဲ့သူတွေ အဖို့တော့ သွားရင်းလာရင်း အလှကြည့်နိုင်တာပေါ့ဗျာ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency