နွေပဲပွင့်လေးများ

မင်္ဂလာပါ မိတ်ဆွေတို့ရေ

ဆောင်းရာသီ ဆိုတော့ကာ နွေပဲပင်လေးများ ပွင့်ဝေလာကြပါပြီ။
ဆောင်းမှာ ပွင့်တာ ဆောင်းပဲ ခေါ်သင့်ဘူးလားနော်။
သို့ပေမယ့် ဒီပဲပင်လေးတွေက ဆောင်းလယ်လောက်မှာ စပွင့်ပြီး နွေရာသီ မှာ အသီးတွေ လှိုင်လှိုင် သီးကြပါတယ်။
ဆောင်းအကုန် နွေအကူးမှာ နွေပဲသီးလေးတွေ ချက်စားရပြီပေါ့ဗျာ။

img_0.9141958246638252.jpg

နွေပန်းပွင့်လေးတွေ လှတယ် မဟုတ်လားဗျ။
ဒီနွေပန်း‌ပွင့်လေးတွေကို အိမ်တစ်အိမ် ရောက်စဉ်က မြင်တွေ့ခဲ့ရတာပါ။ ကျွန်တော်လည်း အမြင် လှတာနဲ့ ဖုန်းလေး ထုတ်ကာ ပုံရိုက်ယူခဲ့လိုက်တာပေါ့။

img_0.38139669406666965.jpg

နွေပန်းပွင့်လေးတွေက အလှတရား ခံစားဖို့တော့ မဟုတ်ပါဘူး။
နွေပဲသီးလေးတွေ ချက်စားဖို့ အသီးသီးပေးဖို့ပါပဲ။
ကျွန်တော်ကတော့ နွေပဲသီး နှင့် ကြွက်သား ရောချက်စားရင်
သိပ်ကြိုက်တယ်ဗျ။ အင်း ။ ပြောသာ ပြောရတာပါလေ။
နွေပဲသီးကြွက်သားချက် မစားရတာ အတော်ကြာနေပါပြီ။
မွေးရပ်မြေ မိဘအိမ်မှာဆို သေချာပေါက် စားရပါတယ်။
ခု ကိုယ်နေတဲ့ အရပ်က ကြွက်သား ရဖို့ မလွယ်ကူဖူးကိုးဗျ။
အဲ ပြောရင်းနဲ့ သွားရည်ကျလာပြီ။ တော်ပြီဗျာ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency