This content was deleted by the author. You can see it from Blockchain History logs.

ဘဝဆိုတာလွယ်​လွယ်

မင်္ဂလာပါချစ်တို့ရေ။
ခုတလော ကြားရတဲ့ သတင်းတွေ၊ဖေ့စ်ဘွတ်ခ်ပေါ် ဖတ်ရတဲ့ သတင်းတွေက ရင်နာစရာအတိပါပဲ။ အမျိုးသမီးတွေ မတော်မတရား အကျင့်ခံရပြီး နှုတ်ပိတ်တဲ့အနေနဲ့ အသတ်ခံရတဲ့ သတင်းတွေ၊ နောက် သက်ငယ်မုဒိမ်းမှုတွေ စသဖြင့် ကျွန်မတို့ မိန်းမသားထုအတွက် မခံမရပ်နိုင်စရာလည်း ဖြစ်၊ နာကျင်စရာ လည်း ဖြစ်တဲ့ လူမဆန်တဲ့ အမှုတွေ ပိုကြားသိလာရတာ ပါ။ ဒီကြားထဲ victim blaming လို့ဆိုရမယ့် မုဒိမ်းကောင်ကို အပြစ်မပြောပဲ ခံရတဲ့သူကို မှ သူ အနေအထိုင် မတတ်လို့သာ ဒါမျိုးဖြစ်တာ ဆိုပြီး လက်ညှိုးထိုးချင်တဲ့ ချီးဘရိန်းနဲ့ လူတွေ ကလည်း စိတ်တိုစရာ မြင်တွေ့ရပါသေး တယ်။ တကယ်တော့ မုဒိမ်းမှုတစ်ခုမှာ မုဒိမ်း ကောင်ကသာ ရွံစရာအတိ တရားခံအစစ်ပါ ပဲ။ တခြားဘယ်သူ့ကိုမှ ဘာမှလွှဲချစရာမရှိပါ ဘူး။ ဒီတော့ ကျွန်မတို့ မိန်းမသားတွေ အတွက် မုဒိမ်းကောင်ရန်ကနေ ဘယ်လို ကာကွယ်နိုင်မလဲ ဆိုတာလေး ပြောပြချင်ပါ တယ်။
image
ဖြည့်စွက်ပြီး ထပ်ပြောချင်တာက ပတ်ဝန်း ကျင်က ချီးဘရိန်းတွေပြောသလို မုဒိမ်းမှု ဖြစ်တာဟာ အမျိုးသမီးတွေ မလုံမခြုံ ဝတ်စား ထားလို့၊ အနေအထိုင် မတတ်လို့ ဆိုတဲ့ အယူအဆအမှားတွေ နားမယောင်ဖို့ပါ။ ဒါပေမယ့် အန္တရာယ်ဆိုတာ လက်တစ်ကမ်း မှာ ရှိနေတတ်တာကြောင့် ပေါ့ပေါ့ဆဆ မနေဖို့တော့ သတိပေးချင်ပါတယ်။

(၁) လူတွေရဲ့ အမြင်ပြောင်းလဲဖို့ လိုပါတယ်။
အမျိုးသားတွေဟာ အမျိုးသမီးတွေကို အရင်က ထက် လေးလေးစားစား ဆက်ဆံတတ်ဖို့ လိုအပ်လာပါပြီ။ ကျွန်မတို့ လူ့ ပတ်ဝန်းကျင် က လူအများစုဟာ အမျိုးသမီးတွေ အပေါ် လှောင်ပြောင်စနောက် ပါးစပ်စည်းမစောင့် တတ်ကြသလို မုဒိမ်းကျင့်ခံရတဲ့ ကိစ္စနဲ့ ပတ် သက်ပြီးတော့တောင် ဟာသတွေ ပြောလေ့ ရှိတတ်တာ အရင်ကတည်းကပါ။ ဒီတော့ အမျိုးသမီးတွေပဲ မတော်မတရားပြုကျင့် ခံရတာလားလို့မေးလာရင် မဟုတ်ဘူးလို့ ပြောရပါလိမ့်မယ်။ အမျိုးသားတွေလည်း ထုတ်ဖော်မပြောကြပေမယ့် အဲ့လို ပြုကျင့်ခံရ တာတွေရှိနေတာပါပဲ။ ပြောချင်တာက လူလူ ချင်းတန်းတူစိတ်လေးထား လေးစားသမှုနဲ့ ကိုယ်ချင်းစာစိတ် မွေးစေချင်ပါတယ်။
image
(၂)ဒီလောကကြီးက ကြောက်စရာတွေ အပြည့်ပါလားဆိုပြီး စိတ်ခြောက်ခြား မသွားပါနဲ့။ အရင်လို လုပ်စရာရှိတာလုပ်၊ သွားစရာရှိတာတွေ သွားပြီး ကိုယ့်ဘဝကိုယ် တည်ဆောက်နေရမှာပါပဲ။ တစ်ခုပါပဲ။ သတိ လေးနဲ့သွားလာလှုပ်ရှားဖို့တော့ လိုလာပါပြီ။

(၃)မုဒိမ်းမှုဖြစ်ပြီဟေ့ ဆိုရင် မုဒိမ်းသမား အများစုဟာ အဲ့ဒီ ကျူးလွန်ခံခဲ့ရသူနဲ့ သူစိမ်းဖြစ်နေတာမျိုး နည်းပါတယ်။ အများစုက ကိုယ့်ပတ်ဝန်းကျင်၊ကိုယ့်အသိုင်း အဝိုင်း၊ အလုပ်ခွင်ကလူ၊ကိုယ့်အသိရဲ့ အသိ၊ ကိုယ်နဲ့ဒိတ်လုပ်တဲ့လူ စသဖြင့် ပတ်သက်နေ သူတွေ ဖြစ်တာများပါတယ်။ ၉ရာခိုင်နှုန်း ကနေ ၃၃ရာခိုင်နှုန်းအထိသာ မုဒိမ်းကောင်ဟာ သူစိမ်းဖြစ်နိုင်ခြေရှိတာပါ။ ဒီတော့ ကိုယ်တစ်ယောက်တည်း ဖြစ်နေချိန် စိတ်ထဲ မလုံခြုံဘူးလို့ ခံစားရတဲ့သူနဲ့ နှစ်ယောက်တည်း မနေပါနဲ့။ မသိစိတ်က သတိပေးတာကို လက်ခံပါ။

(၄) ကိုယ်သွားလာနေတဲ့ ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ပါ။ သွားနေကျဆိုကိစ္စ မရှိပေမယ့် နေရာသစ်၊ အလုပ်သစ်ဆိုရင် တော့ နေ့ဘက်ကတည်းက ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သေချာလေ့လာထားပါ။ ဥပမာ ဘယ်နေရာမှာ emergency call box ရှိလဲ။ လှေခါးက ဘယ်နေရာလဲ စသဖြင့်ပေါ့။ ကားပါကင်လို၊ ဂိုဒေါင်လို နေရာမျိုးတွေက မုဒိမ်းကောင်တွေ သဘောကျတဲ့ လူပြတ်တဲ့ နေရာတွေမို့ သတိထားသွားလာဖို့ လိုပါ တယ်။
(၅) သူငယ်ချင်းသစ်၊ မိတ်ဆွေသစ်၊ လုပ်ဖော် ကိုင်ဖက်သစ် ဒါမှမဟုတ် ခုမှ ပထမဆုံး ဒိတ်လုပ်မယ့်သူနဲ့ မူး အောင် သောက်တာမျိး ရှောင်ပါ။ အထူးသဖြင့် ကိုယ်သောက်လက်စ ခွက်ကို သူတို့နဲ့ ထားခဲ့ပြီးမှ ပြန်သောက်တာ မျိုး ရှောင်ပါ။ ကိုယ်မရှိတဲ့အချိန်ခွက်ထဲ တစ်ခုခုထည့်ထားတာမျိုး ဖြစ်မှာစိုးလို့ပါ။ ဒါ့အပြင် တာဝန်အရ သောက်တာမျိုးဆို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။

(၆) ညဘက်တွေ အပြင်ထွက်ရင် ဥပမာ ကလပ်တို့ဘားတို့ဆိုရင် ကိုယ်ယုံကြည်ရတဲ့ သူ တစ်ယောက်ယောက်နဲ့ ထွက်နိုင်ရင် ကောင်းပါတယ်။ မဟုတ်ရင် သူငယ်ချင်းတွေ နဲ့ သွားပါ။ သူငယ်ချင်တွေနဲ့ဆိုတော့ မျက်ရိပ်မျက်ခြေ ပြလိုက်တာနဲ့ သဘောပေါက်တတ်ကြတယ်လေ။ ဒါ့အပြင် ကိုယ်ပြန်သွားတဲ့အခါ သူတို့ လိုက်ပို့ပေးရင် ပေး။ မပေးနိုင်လည်း သူတို့က ကားနံပါတ် မှတ်ပေးထားတာမျိုး၊ ကားပေါ် သူတို့နဲ့ ဖုန်းပြောနေတာမျိုး စသဖြင့် ကူညီနိုင်ပါတယ်။
အိမ်ပြန်ရောက်မရောက် သူငယ်ချင်းတွေ အချင်းချင်း check လုပ်လို့ရပါတယ်။

(၇) ကိုယ့်ကို မထိတထိ ပြောဆို ထိပါးလာတဲ့ ဘယ်သူ့ကိုမဆို အားမနာပဲ ပြောဆိုပါ။ ငြင်းစရာကိစ္စဆို ပြတ်ပြတ်သားသား ငြင်းပါ။ ကိုဟ့်ဘက်က တင်းမာပြတ်သားရင် သူ့ဘက် က သူထိပါးလို့မရတဲ့သူမှန်း သိသွားပါလိမ့် မယ်။ အစကတည်းက အိပ်မက်ပေး အီစီကလီ လုပ်တာမျိုးတွေ ရှောင်ပါ။

(၈) ကိုယ့်အကြောင်း ခရေစေ့တွင်းကျ facebook ပေါ် မတင်ပါနဲ့။ ဘယ်မှာရှိတယ်။ ဘာလုပ်နေတယ်။ တစ်ယောက်တည်း ဘာညာ ဆိုတာမျိုးတွေ ဖြစ်နိုင်ရင် မတင်ပါနဲ့။ အင်တာနက်ပေါ်မှာ ခင်ခဲ့တဲ့သူနဲ့ အပြင်မှာ နှစ်ယောက်တည်းချိန်းတွေ့တာမျိုး ရှောင်ပါ။ အထူးသဖြင့် လူမြင်ကွင်း မဟုတ်တဲ့ နေရာမျိုးကို ဘယ်လိုချိန်းချိန်း မသွားပါနဲ့။ တွေ့မယ်ဆိုလည်း အဖော်တစ်ယောက် ခေါ် သွားပါ။

(၉)ကိုယ့်ဖုန်းအားကိုလည်း အမြဲ စစ်ထားပါ။ အပြင်ထွက်ရမယ်ဆို ဖုန်းက အားရှိနေတာ ကောင်းပါတယ်။ ဒါကိုတော့ အကျယ်တဝင့် မရေးတော့ဘူးနော်။

(၁၀)တစ်ယောက်တည်း သွားလာနေချိန် ဖုန်းကိုပဲ အာရုံရောက် စိုက်ကြည့်နေတာ၊ chat နေတာ၊ ipod ကို အသည်းအသန် နားထောင်ပြီး ဖီးလ်နေတာမျိုးတွေ မလုပ်ပါနဲ့။ မုဒိမ်းကောင်တွေက ဒီလိုလူမျိုး တွေကို ပိုပစ်မှတ်ထားတတ်တာမို့ ကိုယ်သွား လာနေချိန်ပတ်ဝန်းကျင်ကို လေ့လာသတိ ထားပြီး သွားပါ။ သတိလက်လွတ်မနေမိပါစေ နဲ့။
(၁၁) ဆံပင်ရှည်ကြောင့် ဆံပင်ကို ဆောင့်ဆွဲပြီး ကိုဟ့်ကို တစ်ခုခုလုပ်နိုင်တယ် ဆိုပြီး ဆံပင်တွေညှပ်တာမျိုး၊ ကိုယ့်အဝတ်စား ကြောင့် မုဒိမ်းသမား မျက်စိကျမယ်ဆိုပြီး အထပ်ထပ် ဝတ်စားတာ၊ jumpsuitလို ချွတ်ရ ခက်တာတွေ ဝတ်တာမျိုးတွေ မလုပ်ပါနဲ့။ မုဒိမ်းသမားကတော့ ထမီနဲ့ရင်ဖုံး ဝတ်ထား လည်း အခြေအနေပေးရင် လုပ်မှာပါပဲ။

(၁၂) ကိုယ့်ကိုဟ်ကို ကာကွယ်နိုင်မယ့် အရာတွေ ဆောင်ထားပါ။ ဓားအသေးလေး တွေ၊ စပရေးဗူးစတာတွေ အပြင် လက်ကိုင် အိတ်တို့ ထီးတို့ကလည်း အသုံးဝင်ပါတယ် နော်။ ကိုယ်ခံပညာတတ်ထားရင်တော့ အကောင်းဆုံးပါပဲ။

(၁၃) တစ်ခုခုဆို အဲ့ဒီလူရဲ့ မျက်စိ၊ နှာခေါင်း စတာတွေကို ဆွဲဖဲ့ပစ်တာမျိုး၊ ကုတ်ပစ်လိုက် တာမျိုး လုပ်ပါ။ သူ့မျက်နှာမှာ ဘယ်လို အမှတ်အသားမျိုး ရှိသလဲ မှတ်သားပါ။ ကိုယ်က ရုန်းကန်နေချိန် သူ့လက်တွေ ကိုယ့်ထံ မရောက်လာအောင် သူ့မျက်နှာကို ကုတ်ဖဲ့တာမျိုး ကိုယ့်ဆီက ပစ္စည် တစ်ခုခုနဲ့ ထိုးတာမျိုး လုပ်ပြီး ပြေးပါ။
(၁၄) အိမ်ကနေ ကားဆီအသွား ဒါမှမဟုတ် အပြင်ကနေ ကားဆီအလာ စတဲ့အချိန်တွေမှ ကားသော့ရှာတာမျိုး။ ဟိုနှိုက် ဒီနှိုက် လုပ်တာမျိုးတွေ မလုပ်ပဲ တစ်ချက်တည်း ပြင်ဆင်လာပြီး လမ်းလျှောက်တဲ့အခါ ယုံကြည်မှုအပြည့်နဲ့ လျှောက်သွားပါ။ ကိုယ်မသင်္ကာရင် အဲ့လူကို သေချာမှတ်သား တဲ့အကြည့်မျိုး ကြည့်လိုက်ပါ။ အဲ့လိုဆို သူတို့ ကို မှတ်မိ သိသွားပြီဆိုပြီး ရှောင်သွားတတ်ကြ ပါတယ်။
(၁၅) တခြားသူတွေကို အကူအညီ တောင်းတဲ့အခါ ကယ်ကြပါဦး ဆိုတာထက် ၁၁၉ ကို ဖုန်းဆက်ပေးပါ ဆိုတာက ပိုထိ ရောက်သလို မီးဗျို့မီး လို့ အော်တာက လူတွေ ကိုယ့်ဆီ အာရုံပိုရောက်စေတယ်လို့ လေ့လာ ချက်တွေအရ သိရပါတယ်။ အဲ့ထက် ပိုသတိ ထားမိစေချင်ရင်တော့ ကိုယ့်အနီးအနားက သတိပြုမိလိုက်တဲ့ လူ ဝတ်ထားတဲ့ အကျီရောင်နဲ့ တွဲပြ အကူအညီတောင်းတာ မျိုးပါ။ ဥပမာ အကျီအဖြူနဲ့ အစ်ကို ကယ်ပါဦးရှင့် စတာမျိုးပါ။
(၁၆) ဒီနောက်ဆုံးအချက်ကတော့ အချင်းချင်း သိသိ မသိသိ တစ်ယောက်က ဒီလို အခက်အခဲ ကြုံနေတာမျိုး မြင်ရင် ကူညီပေးလိုက်ဖို့ပါပဲ။ အမျိုးသမီး တစ်ယောက်ကို အမျိုးသား တစ်ယောက်က ကပ်လိုက်နေပြီ။ အမျိုးသမီးက ကြောက်နေ တယ်ဆို ကိုယ်က အဲ့အမျိုးသမီးကို စကားရော ဖောရောဝင်ကူပေးတာ။ အဲ့လူကို မနှောင့်ယှက်ဖို့ တားတာ။ ဒါမှမဟုတ် အသိပတ်ဝန်းကျင်ကို ဒီလိုအခြေအနေရှိ တယ် ဆိုတာမျိုး အသိပေးတာ တစ်ခုခု ကူညီ နိုင်ရင် ကူညီပါ။
ခုမေသော်ရေးသွားတဲ့ အချက်တွေဟာ အမျိုးသမီးတိုင်းအတွက် ဗဟုသုတအနေနဲ့ သိကိုသိရမယ့် အချက်လေးတွေမို့ ကိုယ့် သူငယ်ချင်း ညီအစ်မတွေကို တဆင့်ပြောပြ ပေးပါ။ ကိုယ်တိုင်လည်း အပြင်သွားပြီ ဆိုတာနဲ့ သတိထားသွားလာပါ။ တကယ်ကြုံလာခဲ့ရရင်တောင် ကိုယ့်ဘက်က သိထားတာလေး ပြင်ဆင်ထားရင် ကာကွယ်နိုင်မယ် ထင်ပါတယ်။ ဒီစာကို အမျိုးသမီးထုအတွက် ချစ်တဲ့စိတ်နဲ့ ရေးလိုက်ရခြင်းပါပဲ။ အားလုံးပဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ <3
အချစ်တွေနဲ့မေ။