ပြက္ခဒိန်မကြည့်ဘဲတစ်နှစ်ပတ်လုံးဘာနေ့လည်းပြောနည်း

ပြက္ခဒိန်မကြည့်ဘဲတစ်နှစ်ပတ်လုံးဘာနေ့လည်းပြောနည်း

ပြက္ခဒိန်ကိုလှန်ကြည့်စရာမလိုဘဲ ဘယ်လ ဘယ်နှစ်ရက်ဟာ ဘာနေ့လည်းဆိုတာ
တနှစ်ပတ်လုံးသိနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။

ဇန်နဝါရီလ ၁ရက် က စပြီး ဒီဇင်ဘာ ၃၁ရက် အထိကို ဘာနေ့လည်းဆိုတာ ဒီနည်းသုံးပြီးသိနိုင်ပါတယ်။
တနည်းအားဖြင့်ပြက္ခဒိန်ကိုအလွတ်မှတ်တဲ့နည်းပါ။
2019 ခုနှစ်အတွက် ပြောပြပေးပါ့မယ်။

image

အရင်ဆုံး 2019 ပြက္ခဒိန် လိုပါတယ်။
ဇန်နဝါရီလကိုကြည့်လိုက်ပါ။
လရဲ့ပထမဆုံး စနေနေ့ ကို ဘယ်နှစ်ရက်နေ့လည်းကြည့်ပါ။
7 ထဲ ကနေ အဲဒီရက်ကိုနှုတ်ပါ။
ဥပမာ - 2019 ဇန်နဝါရီလ ရဲ့ ပထမဆုံး စနေနေ့ဟာ 5 ရက် နေ့ ဖြစ်ပါတယ်။
7 ထဲက 5 ကို နှုတ်ပါမယ်။
2 ရပါတယ်။
အဲ့ဒီ 2 ကို မှတ်ထားရပါ့မယ်။

image

နောက်ဖေဖော်ဝါရီလကိုကြည့်ပါမယ်။
ပထမဆုံးစနေနေ့ဟာ 2 ရက်နေ့ဖြစ်ပါတယ်။
7 ထဲကနှုတ်ရင် ရတဲ့ 5 ကို မှတ်ထားရပါမယ်။

နောက်ကျန်တဲ့လတွေအကုန်လုံးကိုလည်းအဲလိုလုပ်ပြီးရလာတဲ့ ဂဏန်းလေးတွေကိုမှတ်ထားရပါမယ်။
တစ်လတစ်လုံးဆိုတော့စုစုပေါင်း 12 လုံး ရလာပါမယ်။
အဲဒီ 12လုံးစလုံး ကို အလွတ်မှတ်ရပါမယ်။

2019 ခုနှစ်အတွက် ဂဏန်း 12 လုံးကတော့
2 5 5 1 3 6 1 4 0 2 5 0
အဲဒီ ဂဏန်းတွေပါပဲ။

2 ဇန်နဝါရီ
5 ဖေဖော်ဝါရီ
5 မတ်
1 ဧပြီ
3 မေ
6 ဇွန်
1 ဇူ
4 ဩ
0 စက်
2 အောက်
5 နို
0 ဒီဇင်ဘာ တို့ ဖြစ်ပါတယ်။
2019 အတွက်တင်ပါ။

သုံးလုံးတွဲ၊လေးလုံးတွဲကြိုက်သလို
ကိုယ်အဆင်ပြေသလိုမှတ်နိုင်ပါတယ်။

ဇန်နဝါရီလ အတွက်အရင်ဆုံးပြောပြပါ့မယ်။
ဇန်နဝါရီလ ဟာ 2 လို့ မှတ်ခဲ့ပါတယ်။
ဇန်နဝါရီလ 13 ရက်ဟာ ဘာနေ့လည်းသိချင်ရင်
13 နှင့် 2 ကို ပေါင်း 7 နှင့် စားရပါမယ်။
အကြွင်း 1 ရပါမယ်။
1 ကြွင်းတဲ့ အတွက် ဇန်နဝါရီလ 13 ရက်နေ့ဟာ
တနင်္ဂနွေ နေ့ဖြစ်ပါတယ်။
အကြွင်းကိုကြည့်ပြီးတော့ပြောရပါတယ်။
13 ရက်နေ့မှ မဟုတ်ပါဘူး။
ကြိုက်တဲ့ရက်ကို အဲ့ဒီနည်းနဲ့ပြောလို့ရပါတယ်။
17 ရက်နေ့အတွက်ဆိုရင် 17 နှင့် 2 ပေါင်း
ရတဲ့ဟာ 7 နဲ့ စား
အကြွင်းကြည့်
5 ကြွင်း ဆိုတော့ ကြာသပတေး ပါ။

အကြွင်းနဲ့ ပတ်သက်ပြီးတော့အောက်မှာကြည့်ပါ။
1 တနင်္ဂနွေ
2 တနင်္လာ
3 အင်္ဂါ
4 ဗုဒ္ဓဟူး
5 ကြသပတေး
6 သောကြာ
0 စနေ
ဒါကတော့ပုံသေပါ။
စနေက 7 မဟုတ်ဘဲ ဘာလို့ သုံည ဖြစ်နေလည်းဆိုတော့ 7 နဲ့ စားနေတာဖြစ်တဲ့အတွက်
7 မကြွင်းနိုင်ပါဘူး။

ဒီဇင်ဘာလအတွက်ဆိုရင်
ဒီဇင်ဘာက 0 ဆိုတော့
25 ရက်အတွက် ဆိုရင် သုံညနဲ့ ပေါင်းတော့ 25 ပဲ
7 နဲ့ စားတော့ 4 ကြွင်း
အဲဒီတော့ ဗုဒ္ဓဟူး နေ့ပေါ့။
ဟုတ်မဟုတ် တိုက်ကြည့်လို့ရပါတယ်။

ဇန်နဝါရီလ နှင့် ဒီဇင်ဘာလ ကို ဥပမာ ပြထားတာပါ။
ကျန်တဲ့လတွေကို လည်း အဲဒီ နည်းအတိုင်း သုံးပြီး
ဘယ်လ ဘယ်နှစ်ရက်ဟာ ဘာနေ့လည်းဆိုတာ
ပြက္ခဒိန် မကြည့်ဘဲ အလွတ်ပြောလို့ရပါပြီ။

အဓိကကတော့ အောက်က ဂဏန်း 12 လုံးကို
အလွတ်ရနေဖို့ပါပဲ။

2 5 5 1 3 6
1 4 0 2 5 0

image

Ye Thiha Kyaw

H2
H3
H4
3 columns
2 columns
1 column
5 Comments
Ecency