Driving

ယာဉ် ဝဲ / ယာမောင်းခြင်းရဲ့ အစ
image
ကမ္ဘာတစ်ဝန်း လက်ယာကပ်မောင်းလမ်းစနစ်နဲ့ လက်ဝဲကပ်မောင်းလမ်းစနစ် ကွဲပြားစွာတည်ရှိခဲ့တာ ကြာမြင့်ခဲ့ပါပြီ။

လက်ရှိမှာကမ္ဘာ့နိုင်ငံအများအပြားကလက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးနေကြပြီး လက်ဝဲကပ်မောင်းစနစ်ကျင့်သုံးနေဆဲ နိုင်ငံအနည်းအကျဉ်းသာကျန်ရှိပါတော့တယ်။ လက်ဝဲကပ်မောင်းစနစ်ကျင့်သုံးနေတဲ့ နိုင်ငံအများစုကတော့ အာဖရိကတိုက် ၊ အာရှတိုက် နဲ့ သြစတြေးလျတိုက်တို့မှာသာကျန်ရှိပါတယ်။

သမိုင်းကြောင်းအနေနဲ့ကတော့ ရှေးဂရိတွေ ၊ အီဂျစ်တွေနဲ့ ရိုမန်တို့ဟာလမ်းပေါ်ချီတက်တဲ့အခါမှာ လက်ဝဲကနေသာ လျှောက်ပြီးချီတက်ခဲ့ကြပါတယ်။ အစောပိုင်းကာလအင်္ဂလန်တောင်ပိုင်းဒေသမှာ လက်ဝဲကနေကပ်ပြီးသာသွားလာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပထမဆုံးလက်ဝဲကပ်ပြီးသွားလာဖို့ ညွှန်ကြားချက်တွေ စတင်ထုတ်ပြန်သတ်မှတ်ခဲ့တာကတော့ ၁၇၅၆ ခုနှစ်မှာဖြစ်ပါတယ်။ ဗြိတိန်လူမျိုးသယ်ယူပို့ဆောင်ရေးလေ့လာသူစီနော့ကုတ်ပတ်ကင်ဆန်က မြင်းလှည်းတွေ နဲ့ လမ်းလျှောက်သွားလာသူတွေကို လက်ဝဲဘက်ကနေ ကပ်သွားလာစေပြီးမောင်းနှင်သူကတော့ လက်ယာဘက်မှာရှိရမယ်လို့ ယုံကြည်ခဲ့ပါတယ်။

ဒါပေမယ့် ၁၇၀၀ ပြည့်နှစ်ဝန်းကျင်ကာလ အမေရိကန်နိုင်ငံမှာတော့ မြင်းရထားတွေကိုလက်ယာဘက်ကပ်မောင်းသွားလာမှုကိုသာအခြေခံစေခဲ့ပါတယ်။ မောင်းနှင်သူကိုတော့ လက်ဝဲဘက်မှာ နေရာယူမောင်းနှင်စေခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ အစောပိုင်းကာလတွေမှာလမ်းလျှောက်သူတွေကလက်ယာဘက်ကနေကပ်ပြီးသွားလာခဲ့ကြပြီးရထားလုံးတွေကတော့ လက်ဝဲဘက်ကကပ်ပြီးမောင်းနှင်သွားလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ အားလုံးလက်ယာကပ်ပြီးမောင်းနှင်သွားလာဖို့ ညွှန်ကြားခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ ၁၉၂၀ ပဲရစ်သဘောတူညီချက်ရဲ့ လွှမ်းမိုးမှုအရဥရောပနိုင်ငံတွေမှာလက်ယာကပ်မောင်းစနစ်ကိုတဖြည်းဖြည်းနဲ့ ပြောင်းလဲကျင့်သုံးခဲ့ကြပြီးအာရှနဲ့ ဥရောပနိုင်ငံတွေမှာလည်းတဖြည်းဖြည်းပြောင်းလဲခဲ့ကြပါတယ်။ အာရှနိုင်ငံတွေထဲမှာတရုတ်နိုင်ငံက ၁၉၄၆ ခုနှစ်မှာလက်ယာကပ်မောင်းစနစ်ကိုအတည်ပြုခဲ့ပြီး ထိုင်ဝမ်လည်းလိုက်ပါပြောင်းလဲခဲ့ပါတယ်။ ဟောင်ကောင် နဲ့ မကာအိုကတော့ လက်ရှိအချိန်ထိ လက်ဝဲကပ်မောင်းစနစ်ကို ကျင့်သုံးနေခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကလက်ယာကပ်မောင်းစနစ်ကို ၁၉၄၅ ခုနှစ်မှာပြောင်းလဲခဲ့သလို မြန်မာနိုင်ငံကတော့ ၁၉၇၀ မှာလက်ယာကပ်မောင်းအဖြစ်ပြောင်းလဲခဲ့ပါတယ်။ ပစိဖိတ်ဒေသနိုင်ငံဖြစ်တဲ့ ဆာမိုအာကတော့ ရာစုနှစ်တစ်ခုကျော် လက်ယာကပ်မောင်းစနစ်ကိုကျင့်သုံးပြီးနောက် ၂၀၀၉ မှာ လက်ဝဲကပ်မောင်းစနစ်ကို ပြောင်းလဲခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ဥပဒေပြဌာန်းပြီးဈေးသက်သာတဲ့ ညာမောင်းကားတွေကို ပြည်သူတွေ အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ လက်ရှိကမ္ဘာတစ်ဝန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနဲ့ နိုင်ငံပေါင်း ၁၆၃ မှာလက်ယာကပ်မောင်းစနစ်ကိုအသုံးပြုနေကြပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနဲ့ နိုင်ငံပေါင်း ၇၆ ခုမှာတော့ လက်ဝဲကပ်မောင်းစနစ်ကို အသုံးပြုနေကြပါတယ်။ လက်ယာကပ်မောင်းနဲ့ လက်ဝဲကပ်မောင်းဘယ်စနစ်က ပိုကောင်းမွန်လဲဆိုတာကိုတော့ တိတိကျကျပြောကြားမှုမရှိကြပါဘူး။

လေ့လာသူတချို့ကတော့ လက်ဝဲကပ်မောင်းစနစ်က လူတွေကိုပိုမိုသက်တောင့်သက်သာရှိစေတယ်လို့ ဆိုကြပါတယ်။

လက်ဝဲကပ်မောင်းစနစ်မှာ မောင်းနှင်သူကညာဘက်မျက်လုံးကိုအဓိကထားအသုံးပြုရပြီးညာဘက်မျက်လုံးကဘယ်ဘက်မျက်လုံးထက် စူးစိုက်မှုပိုကောင်းတဲ့ အလေ့အထရှိလို့ဖြစ်တယ်လို့ ဆိုကြပါတယ်။

အာရှနိုင်ငံတချို့မှာလက်ရှိကျင့်သုံးနေတဲ့ လမ်းစနစ်ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ တရုတ် (လက်ယာကပ်မောင်း) ၊ ၂။ တောင်ကိုရီးယား (လက်ယာကပ်မောင်း) ၊ ၃။ မြောက်ကိုရီးယား (လက်ယာကပ်မောင်း) ၊ ၄။ မြန်မာ (လက်ယာကပ်မောင်း) ၊ ၅။ ဗီယက်နမ် (လက်ယာကပ်မောင်း) ၊ ၆။ ကမ္ဘောဒီးယား (လက်ယာကပ်မောင်း) ၊ ၇။ ဖိလစ်ပိုင် (လက်ယာကပ်မောင်း) ၊ ၈။ လာအို (လက်ယာကပ်မောင်း) ၊ ၉။ အိန္ဒိယ (လက်ဝဲကပ်မောင်း) ၊ ၁၀။ ဂျပန် (လက်ဝဲကပ်မောင်း) ၊ ၁၁။ ထိုင်း (လက်ဝဲကပ်မောင်း) ၊ ၁၂။ အင်ဒိုနီးရှား (လက်ဝဲကပ်မောင်း) ၊ ၁၃။ မလေးရှား (လက်ဝဲကပ်မောင်း) ၊ ၁၄။ ဘရူနိုင်း (လက်ဝဲကပ်မောင်း) ၊ ၁၅။ စင်ကာပူ (လက်ဝဲကပ်မောင်း)

Written..@yehtetaung
Ref..Wow Box

H2
H3
H4
3 columns
2 columns
1 column
Join the conversation now