ပျောက်ဆုံးနေသော မျိုးဆက်များ

ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့လူငယ်တွေကို “ပျောက်ဆုံးနေသော မျိုးဆက်များတစ်ခု” လို႔ သတ်မှတ်ကြတယ်။

ဘဝမှာ လူလာဖြစ်ရပေမယ့် သူတို့ထံက တိုင်းပြည်က ဘာမှမရဘူး။ သူတို့လည်း တိုင်းပြည် အတွက် ဘာမှ မလုပ်ပေနိုင်ဘူး။ စကားကြီး စကားကျယ် ပြောရရင် “ကုန်ထုတ်စွမ်းအားစုများ မဖော်ထုတ်နိုင် သော ဆုံးရှုံးနေရသည် စွမ်းအားစု” တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ နိုင်ငံနဲ့ချီပြီး မပြောရင်တောင် သူတို့ဟာ ကိုယ့်မိသားစုအတွက် လူပိုတွေ ဖြစ်နေမှာ သေချာပါတယ်။

image
google

လူငယ်တစ်ယောက်ဟာ အသက် ၂၀ တိုင်အောင် ပညာလည်းမသင် အလုပ်လည်းမလုပ်၊ ငုတ်တုတ်ကြီး အိမ်ကို အချိန်တန် ပြန်စားနေရင် လူပိုလို့ပြောနိုင်ပါတယ်။ ၂၀ ဝန်းကျင်ဆိုတာ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်၊ တွေးခေါ်ကြံဆ နိုင်တဲ့အရွယ်လို့ သတ်မှတ်ပါတယ်။ ဒီအရွယ်တွေဟာ လမ်းဘေးမှာ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ ဘီယာဆိုင် တွေမှာ အချိန်ကုန်နေကြပြီဆိုရင် အဲဒီတိုင်းပြည် တိုးတက်ဖို့ လမ်းမမြင်ပါဘူး။

လူငယ်မျိုးဆက်သစ်တွေကို အလုပ်နဲ့ပညာ၊ အလုပ်နဲ့နေရာ၊ အလုပ်နဲ့အခွင့်အရေးတွေကို စနစ်တကျ မဖန်တီး မဖော်ဆောင်ပေးနိုင်တဲ့ နိုင်ငံနဲ့ လူမှုဝန်းကျင်တွေဟာ ဆင်းရဲတတ်ပါတယ်။

ပျောက်ဆုံးနေတဲ့ မျိုးဆက်တစ်ခုဟာ နိုင်ငံထက် မိသားစုကို ပထမဆုံးထိခိုက်ပါတယ်။ အသက် ၂၀ ကျော်တဲ့အထိ မိဘထံကနေ လက်ဝါးဖြန့်ပြီး တောင်းခံနေကြတဲ့၊ တောင်းခံတာကိုလည်း ကြည်ဖြူစွာ ပံ့ပိုးပေးနေကြတဲ့ နိုင်ငံနဲ့ လူမှုဝန်းကျင်တွေ အများကြီးရှိနေပါတယ်။ ဒီလို မိဘရင်ခွင်ထဲကနေ ရုန်းထွက်သူတွေကလည်း ရုန်းမထွက်၊ ရုန်းထွက်တာကိုလည်း လက်မခံတဲ့ လူ့ဘောင်အသိုင်းအဝိုင်းကို “ဥကျင်းရောဂါ” လို့ သတ်မှတ်ကြပါတယ်။

သဘောကတော့ ကိုယ့်ကလေးကို ဥကျင်းထဲက ထွက်သွားမှာကို မိခင်ကလည်းကြောက်၊ သားသမီးတွေကလည်း ကြောက်နေကြတဲ့အတွက် ဥကျင်းထဲမှာပဲ သေတဲ့အထိ ဝပ်ပေးထားမယ့်သဘောရှိနေပါတယ်။

နောက်ပိုင်း လူတွေက သားသမီးအယူနည်းလာကြပါတယ်။ သားသမီးတစ်ဦးလောက်ပဲမွေးပြီးတော့ တုန်နေ အောင်ချစ်ပြီး မျက်စိအောက်က အပျောက်မခံတာတွေ ဖြစ်လာတယ်။ ဒါကြောင့် တစ်သက်လုံး မိဘာတွေနဲ့ မခွဲ နိုင်အောင် ပညာလည်းမပေး၊ အလုပ်လည်း လုပ်ခွင့်မပေးဘဲ ဝပ်ကျင်းထဲ ထည့်ထားတာကြောင့် ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းနဲ့ ကင်းဝေးတဲ့ လူငယ်တွေလည်း များလာတာတွေ့ရပါတယ်။

မိသားစုတွေမှာ ဖခင်တစ်ယောက်တည်းက ရှာကျွေးလို့ရတဲ့ ခေတ်တော့ မရှိတော့ပါဘူး။ အိမ်ထောင်စု တစ်ခုမှာ မိဘ နှစ်ပါးစလုံး အလုပ်တွေ လုပ်နေကြရပါတယ်။ သားသမီးတွေ များရင်လည်း လုပ်နိုင်တဲ့ လူတွေကထွက်လုပ်၊ မလုပ်နိုင်တဲ့သူတွေကို လုပ်နိုင်တဲ့သူတွေက ဝိုင်းဝန်းထောက်ပံ့ပေးနေကြတာနဲ့ ပျောက်ဆုံးနေရတဲ့ မျိုးဆက်ဦးရေ တွေပိုပြီးများလာနေရပါတယ်။

ပညာသင်ချိန်မှာ ပညာသင်၊ အလုပ် လုပ်ချိန်မှာ အလုပ်လုပ်ခြင်းဟာ ကိုယ့်မိသားစုအတွက်သာမက ကိုယ့်ဘဝ အတွက်ရော၊ ကိုယ့်နိုင်ငံအတွက်ပါ ရေရှည်အမြော်အမြင်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း ကွန်မြူနစ် ဆိုရှယ်လစ်နိုင်ငံကြီးတွေမှာတော့ လူငယ်တွေကို ဘယ်အရွယ်ရောက်ရင် ဘာလုပ်ရမယ်ဆိုတာ ပုံသေ လုပ်ဆောင် စရာတစ်ခုအနေနဲ့ သတ်မှတ်ပေးထားလေ့ရှိပါတယ်။ အားလုံးကို နိုင်ငံတော်ကပိုင်တယ်လို့ ယူဆထားတော့ နိုင်ငံ လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ နိုင်ငံတော်ကပဲ စီမံဖန်တီးပါတယ်။ အဲဒီလို နိုင်ငံတွေမှာတော့ ပျောက်ဆုံး နေတဲ့ မျိုးဆက်ဦးရေ နည်းလေ့ရှိပါတယ်။

ပညာလည်းတတ်ထားတယ်၊ အလုပ်လည်း မရှိဘူး၊ ပိုက်ဆံကို မိဘဆီမှာ လက်ဝါးဖြန့်တောင်းနေရတယ်၊ မိန်းမ ကလည်းလိုချင်၊ ခေါ်တဲ့အလုပ်နဲ့ ကိုယ်တတ်ထားတာကလည်း ခွင်မဝင် ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် အပြင်ရောက် မှန်းမသိ ရောက်နေတဲ့ လူငယ်တွေလည်း များပါတယ်။ အပြင်ဆိုတာ စိတ်ဓာတ်အားဖြင့် ဘောင်မဝင်နိုင် လောက် အောင် ကျဆင်းပြီး အူကြောင်ကြောင် ဖြစ်နေကြရသူတွေကို ပြောတာပါ။

နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးကလည်း မတည်ငြိမ်၊ စီးပွားရေးကလည်း မကောင်း၊ လူမှုရေးကလည်း နိမ့်ကျနေရင် လူငယ်တွေ ခံရတော့တာပဲ။ အထူးသဖြင့်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အလုပ်လက်မဲ့တွေ ပိုများလာ တတ်တာပါတယ်။ ၂၀၁၁ ခုနှစ် နောက်ပိုင်း ကမ္ဘာကြီးမှာ ဆန္ဒပြမှုတွေ အများကြီးဖြစ်လာတယ်။ အဓိက လူငယ်တွေရဲ့ ပုန်ကန်ဆန့်ကျင်မှုတွေ များလာတာကိုပြောတာပါ။

အာရပ်ကမ္ဘာလို့ပြောရမယ့် (တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင်) နိုင်ငံတွေမှာ လူငယ်ဆန္ဒပြမှုတွေ အရမ်းများလာတယ်။ ဆန္ဒပြရုံမက အကြမ်းဖက်မှုတွေပါ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ဥရောပနဲ့ မြောက်အမေရိကတွေမှာ များလာတာဟာ အလုပ်လက်မဲ့ လူငယ် တွေနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့် လူငယ်တွေရဲ့အရေးဟာ ပေါ့သေးသေးတွေးပြီး လွှတ်ထားရမယ့်အရေး မဟုတ်တော့ပါဘူး။

image
google

လောကကြီးထဲမှာ တန်ဖိုးရှိတဲ့ လူငယ်တွေ ပျောက်ဆုံးသွားရင် တိုင်းပြည်နဲ့ လူမျိုးလည်း ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင် ကြရပါလိမ့်မယ်။ ဘာမှလုပ်စရာမရှိရင် ဖြစ်ချင်ရာဖြစ်၊ လုပ်ချင်ရာ လုပ်လာနိုင်တဲ့ အနေအထားတွေကိုလည်း ပြန်စဥ်းစားသင့်ပါတယ်။ အချို့နိုင်ငံကြီးတွေကတော့ လူငယ်တွေရဲ့ တက်ကြွတဲ့အားနဲ့ စိတ်ဓာတ်တွေကို စစ်ထဲ မဝင်မနေရ ဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ ပုံစံသွင်းပါတယ်။ ဒါကြောင့် စမတ်ကျတဲ့ လူငယ်မျိုးဆက်သစ်တစ်ခုကို မွေးထုတ်ထားပြီး ထိန်းနိုင်ခဲ့ကြတယ်။

လူငယ်တွေအတွက် နိုင်ငံတော်က တစ်ခုခု အစီအစဥ်တွေ အမြဲလုပ်ပေးနေသင့်ပါတယ်။ သူတို့အတွက် အခွင့် အခမ်းတွေလည်း ဖန်တီးပေးထားသင့်ပါတယ်။ သူတို့တစ်ခုခု လုပ်စရာမရှိရင် လုပ်ချင်လုပ် ဖြစ်ချင်ရာဖြစ်ဆိုတဲ့ တန်ပြန်မှုကို ခံရတဲ့အခါ နှစ်ဖက်စလုံး နာတတ်ပါတယ်။

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency