This content was deleted by the author. You can see it from Blockchain History logs.

အထီးကျန်​​နေတဲ့မြို့

အဲ့ဒီမြို့မှာ  ....

     ခင်​​ဗျားတို့ထင်​သလို

     ရတနာ​တွေ​ပေါ​ပေါများများ မရှိဘူး

     ခရိုနီ​တွေ အကျိုးတူ​တွေ ကာလရှည်​ကြာ ​​​လက်​ဝါးကြီးအုပ်​ခဲ့ကြလို့

     သာမာန်​ပြည်​သူ​တွေမှာ တူး​​​ဖော်​နိုင်​မယ့်​ အ​ခြေအ​နေမရှိသလို

     တူးဆွရမယ့်​ ​မြေ​နေရာလည်း မရှိဘူး ...



    စိုက်​ပျိုး​​ရေးလုပ်​ငန်းလုပ်​ဖို့ ​လည် ၊​ ယာ ၊ ဧကမရှိဘူး

     ကုန်​ထုတ်​လုပ်​ငန်းမရှိဘူး ၊ ​ဇုံမရှိဘူး

     ခရီးသွားမြို့ဖြစ်​​အောင်​ ပုံ​ဖော်​​ပေးမယ့်​သူမရှိသလို

     တည်းခိုရိပ်​သာ ​ဟော်​တယ်​ နှစ်ခုသုံးခုအပြင်​​မရှိဘူး

     ခရီးတစ်​​ထောက်​နားတဲ့ကား​ အ​ဝေး​ပြေးကား​တွေမရှိလို့

     ထမင်းဆိုင်​လည်းများများစားစားမရှိဘူး ...
image

အဲ့ဒီမြို့မှာ အ​ဝေး​ပြေးကားဝင်းမရှိဘူး

     ဆိုင်​ကယ်​ကယ်​ရီအနည်း​စုကလွဲရင်​ ကားတက္ကစီ မရှိဘူး

     တပတ်​မှာ သုံးရက်​​ပျက်​​တက်​တဲ့လျပ်​စစ်​မီးဟာ

     လာချိန်​မှာ မီးအား၈၀ ထက်​ပိုဝင်​တာလည်း​မရှိဘူး ...



     အဲ့ဒိ​မြို့က မျိုးဆက်​သစ်​​တွေဟာ

     အစဉ်​ဆက်​ဖြစ်​တဲ့ ရတနာလုပ်​ငန်းလုပ်​ကိုင်​နိုင်​ဖို့အ​ခြေအ​နေမရှိသလို

     အခြား​ရွေးချယ်​စရာ လုပ်​ငန်းမရှိဘူး

     အဲ့ဒီမြို့မှာ လူဦး​ရေရဲ့တစ်​ဝက်ခန့်​​ဟာလည်း

     အလုပ်​အကိုင်ရှား​ပါးလွန်းတဲ့အဲ့ဒီမြို့မှာမရှိဘူး
ဒီက​ဗျာကို​ရေးတဲ့ ကျ​တော်​ကလည်း

     ဇာတိဖြစ်​တဲ့ အဲ့ဒီမြို့မှာမရှိသလို

     ခု က​ဗျာကိုဖတ်​​နေကြတဲ့ မိုးကုတ်သား​​တွေလည်းပဲ

     အဲ့ဒြီ​မို့မှာရှိဖို့မ​သေချာဘူး  ...



     မရှိဘူး ... မရှိဘူး ...

     အဲ့ဒီလို အလုပ်​အကိုင်​ရှားပါးလွန်းလို့ လမ်းမ​ပေါ်တက်

     ဆန္ဒပြသူ​မရှိဘူး

     လူမျိုး​ပေါင်းစုံ​နေထိုင်​ကြ​ပေမယ့်​ ဘာသာ​ရေးပရိပက္ခ​​တွေလည်းမရှိဘူး ...



     မရှိဘူး  .... မရှိဘူး ...

     စိတ်​ကြွ မူးရစ်​​ဆေး​တွေ​ပေါများ​နေ​ပေမယ့်

     ဖမ်းဆီးအ​ရေးယူမယ့်​သူမရှိဘူး  ...

 

     မရှိဘူး .... မရှိဘူး ...

     အဲ့ဒီမြို့ကို ကယ်​တင်​နိုင်​မယ့်​ တစ်​စုံတစ်​​ယောက်​​သောသူလည်း

     မျက်​စိထဲမှာ မြင်​ကြည့်​မိတိုင်း မရှိဘူး ။ ။