This content was deleted by the author. You can see it from Blockchain History logs.

၇ရက်သားသမီးများအတွက် ကံကြမ္မာ၂၀၁၈ ၄ ၂

တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း အဘက်ဘက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေ အရှိန်မြှင့်ပြီး လုပ်သင့်ပါတယ်။ လုပ်ငန်းသစ်၊ နေရာသစ်အစပြုခြင်းတွေလည်း ကောင်းပါတယ်။ ရပ်ဝေးပြည်ပ ခရီးကောင်းတွေ ကြုံမယ်။ ရပ်ဝေးက စာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်း ရတတ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ကား၊ အထည်၊ လျှပ်စစ်ကိစ္စတွေမှာ အနှောင့်အယှက် အထစ်အငေါ့များမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ အသီးအနှံ၊ ခရီးသွားလုပ်ငန်းတွေမှာ အောင်မြင်မှုကြီးတွေ ရရှိတတ်ပါတယ်။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အကြော၊ အဆစ်ကျန်းမာရေး သတိပြုသင့်ပါတယ်။ ချစ်သူရည်းစားတွေ၊ အိမ်ထောင်ရှင်တွေ နားလည်မှုလွဲတတ်တဲ့ ကာလဖြစ်ပါတယ်။ ထီဝါသနာပါရင် ၆၄ အတွဲလိုက်စတဲ့ ထီဂဏန်းရှာပြီး ထိုးပါ။
image
တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း နာမည်ဂုဏ်သတင်း၊ တက်စရာတွေ ကြုံမယ်။ ရာထူးနေရာအခွင့်အရေးတွေ ကြုံရတတ်ပါတယ်။ နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။ ခရီးကောင်းတွေလည်း သွားရတတ်ပါတယ်။ အလှူမင်္ဂလာအစီအစဉ် အောင်မြင်မယ်။ အထည်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ ကင်မရာလုပ်ငန်းတွေ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ အိမ်အဆောက်အဦးကိစ္စလည်း အောင်မြင်မယ်။ လုပ်ငန်းတွေ တိုးချဲ့သင့်ပါတယ်။ ချစ်သူရည်းစားတွေအတွက် ကြည်နူးဖွယ်ရာတွေ အထူးကြုံတွေ့နိုင်ပြီး အိမ်ထောင်ရှင်တွေ အတွက်တော့ တကျက်ကျက် ဖြစ်ရတတ်တဲ့ ကိန်းမျိုးပါပဲ။ အာရုံကြော၊ ရင်၊ ဝမ်း သတိထားပါ။
အင်္ဂါသားသမီးများ
ဒီရက်တွေအတွင်း အဆင်မပြေ အလွဲအချော်တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို၊ ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။ သူများပြဿနာတွေမှာလည်း ကြားညပ်တတ်ပါတယ်။ လုပ်ငန်းသစ်စတာ၊ တဖြည်းဖြည်းတိုးချဲ့တာ၊ စပ်တူရှယ်ယာအလုပ်၊ စာချုပ်လုပ်ငန်းတွေ ကောင်းပါတယ်။ နိုင်ငံရပ်ခြားနဲ့ပတ်သက်တဲ့အခွင့်အရေးကောင်း၊ အဆက်အသွယ်ကောင်းတွေလည်း ရတတ်ပါတယ်။ ငွေကံကတော့ အတော်လေးနိမ့်နေပါတယ်။ ငွေများများရှိနေရင် ဆေးဖိုးဝါးခ ဖြစ်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်တွေ အဆင်မပြေမှုတွေ ပြေလည်သွားလိမ့်မယ်။ ချစ်သူရည်းစားတွေကတော့ ဆုံးဖြတ်ရခက်တဲ့ အကျပ်အတည်းမျိုး ကြုံလာတတ်ပါတယ်။ ၃၁ အတွဲလိုက်စတဲ့ ထီလက်မှတ်ကို ရှာပြီးထိုးပါ။