This content was deleted by the author. You can see it from Blockchain History logs.

မြန်မာဗေဒင်ခ်

တနင်္ဂနွေသားသမီးများ
ဒီရက်အတွင်း စီးပွားရေးလုပ်ငန်းတွေ ထွန်းပေါက်အောင်မြင်ပါလိမ့်မယ်။ အနုပညာလုပ်ငန်း လုပ်ကိုင်သူတွေ အထူးတိုးတက်ပါလိမ့်မယ်။ အိမ်တွင်းရေး၊ မိသားစုပြဿနာတွေ ဖြေရှင်းရပါလိမ့်မယ်။ အချစ်ရေးကံညံ့နေတဲ့ အချိန်ပါပဲ။ ကျန်းမာရေးအညံ့အဆိုးကြီးတော့ မဟုတ်ပေမယ့် ဂရုစိုက်ပါ။ အရိုးအကြောနဲ့ ပတ်သက်ပြီး ဖြစ်ရတတ်ပါတယ်။ ပညာရေးကံကောင်းပါတယ်။ အကျိုးပေးဂဏန်းကတော့ ၁၊ ၄ နဲ့ ၈ ဖြစ်ပါတယ်။

တနင်္လာသားသမီးများ
ဒီရက်တွေအတွင်း အများအားဖြင့် လူငယ်တွေဆို စိတ်လေနေတတ်ပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိဘူးဆိုတာမျိုးလည်း ကြုံနေရတတ်ပါတယ်။ လက်ထဲ ငွေများများထားရင် ငွေကုန်စရာတွေ တစ်ခုပြီးတစ်ခု ပေါ်လာရတတ်ပါတယ်။ ကျန်းမာရေးကတော့ အဆိုးကြီး မဟုတ်ပေမယ့် သွေးထွက်သံယိုကိစ္စတွေ၊ ထိခိုက်ရှနာဆိုတာတွေလည်း ဖြစ်ရတတ်ပါတယ်။ အချစ်ရေးကံကတော့ ချစ်သူနဲ့ အဆက်အသွယ်ပြတ်နေတာမျိုးလည်း ဖြစ်ရတတ်ပါတယ်။ ပညာရေးအပေါ် စိတ်ပျက်နေတတ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၆၊ ၉ နဲ့ ၂ ဖြစ်ပါတယ်။

အင်္ဂါသားသမီးများ
ဒီရက်တွေအတွင်း စိတ်ပင်ပန်းကျဉ်းကြပ်မှုတွေ များရတတ်ပါတယ်။ အလုပ်တွေများပြီး အိပ်ရေးပျက်တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။ အလုပ်တာဝန်တွေ ပိနေတတ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ အချစ်ရေး ကံအထူးကောင်းပါတယ်။ အချစ်သစ်တွေ့နိုင်မယ့်ကာလပါပဲ။ ပညာရေးကံကတော့ စိတ်ရှုပ်ထွေးနေတာတွေကို ရှင်းပစ်လိုက်ဖို့ လိုပါတယ်။ အကျိုးပေးဂဏန်းကတော့ ၃၊ ၆ နဲ့ ၁ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးများ
image
အခုရက်တွေက ကံကောင်းခြင်းတွေ ယူဆောင်လာမယ့် ကာလအပိုင်းအခြားပါပဲ။ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ကိုင်ဖက်တွေနဲ့ တက်ညီလက်ညီလုပ်ဆောင်နိုင်မှာပါ။ အလုပ်သစ်ရှာနေသူတွေ အလုပ်ရပါလိမ့်မယ်။ ချစ်သူနဲ့ နားလည်မှုတွေ တည်ဆောက်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းဘက်မှာ ရှိနေပါတယ်။ ပညာရေးကံက မိမိဘက်မှာ ရှိနေပါတယ်။ အကျိုးပေးဂဏန်းကတော့ ၄၊ ၉ နဲ့ ၁ ဖြစ်ပါတယ်။
image
ကြာသပတေးသားသမီးများ

ဒီရက်အတွင်း ဇာတာရှင်အတွက် အကောင်းဘက်ကို အလေးသာတဲ့ကာလပါပဲ။ စိတ်ကူးထဲမှာရော လက်တွေ့မှာရော မျှော်လင့်ထားတာလေးတွေ ဖြစ်လာပါလိမ့်မယ်။ ကံကောင်းနေတာတစ်ခုက ချစ်သူက စိတ်ကောက်နေတာ၊ အထင်လွဲနေတာမျိုးရှိရင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ အစားအသောက်ဆင်ခြင်ပါ။ ပညာထူး အသိထူးတွေ ရမယ့်အချိန်ပါပဲ။ အကျိုးပေးဂဏန်းကတော့ ၅၊ ၄ နဲ့ ၁ ဖြစ်ပါတယ်။

သောကြာသားသမီးများ

ဒီရက်တွေအတွင်း ကံအားနည်းနေတတ်တဲ့အချိန်ပါပဲ။ လုပ်သမျှ အထစ်အငေါ့လေးတွေ ဖြစ်ပြီးမှ အဆင်ပြေတတ်ပါတယ်။ ခရီးရှည်သွားဖို့ ရှိရင် ရက်ရွှေ့လိုက်ပါ။ အထူးသဖြင့်ရေလမ်းခရီးဆို မသွားတာအကောင်းဆုံးပါပဲ။ ကျန်းမာရေးအထူးကောင်းပေမယ့် မတော်တဆထိခိုက်မိခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းမျိုး ကြုံရတတ်ပါတယ်။ ပညာရေးမှာတော့ ရှန်းပြီး အမှားများတတ်ပါတယ်။ အကျိုးပေးဂဏန်းကတော့ ၅၊ ဝ နဲ့ ၉ ဖြစ်ပါတယ်။
စနေသားသမီးများ
ဒီရက်တွေအတွင်း တွေဝေ ဒွိဟဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်စရာတွေ ကြုံရတတ်ပါတယ်။ ခရီးတွေလည်း သွားရတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်ဆုံးဆည်းရတတ်ပါတယ်။ အချစ်ရေးကံအထူးကောင်းမွန်နေမယ့်အချိန်ပါပဲ။ ကျန်းမာရေးကလည်း နှာစေးချောင်းဆိုးကလွဲပြီး ထူးထူးခြားခြားမဖြစ်ပါဘူး။ ပညာရေးကံကတော့ အကောင်းဆုံးအချိန်ပါပဲ။ အကျိုးပေးဂဏန်းကတော့ ၇၊ ဝ နဲ့ ၄ ဖြစ်ပါတယ်။