This content was deleted by the author. You can see it from Blockchain History logs.

စာရေးသားပေးပို့ခြင်း ဓလေ့

လူသားတွေအကြား ဆက်သွယ်ဆက်ဆံရေးဟာ မရှိမဖြစ်အရာတစ်ခုဖြစ်ပါတယ်။တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့အခါမှာ အမူအရာနဲ့ ဖြစ်စေ၊ စကားပြောဆိုပြီးဖြစ်စေ၊ စာရေးသားပေးပို့ပြီးဖြစ်စေ နည်းလမ်းမျိုးစုံ ကို အသုံးပြုပြီး ဆက်သွယ်ကြလေ့ရှိပါတယ်။ ဒါကြောင့် အဲဒီနည်းလမ်းတွေထဲ စာရေးသားပေးပို့ဆက်သွယ်ခြင်း နည်းလမ်းအကြောင်း တင်ပြပေးချင်ပါတယ်။ စာတွေဆိုတာ တစ်ယောက်နဲ့ တစ်ယောက်အကြား သိစေချင်တဲ့ အကြောင်းအရာတွေကို ရေးသားကြလေ့ရှိတဲ့ အရာဝတ္ထုတစ်ခုဖြစ်ပါတယ်။ သိစေချင်တဲ့အကြောင်းအရာကို စာအဖြစ်ရေးသားပြီးနောက် ကိုယ်ပေးပို့ချင်တဲ့သူဆီကို ပေးပို့ရပါတယ်။ နေထိုင်တဲ့ နေရာဒေသအပေါ်မူတည်ပြီး စာပေးပို့တဲ့ အချိန်ကလည်း ကြာမြင့်ပါတယ်။ ရေးသားတဲ့စာအမျိုးအစားတွေကတော့ အုပ်ချုပ်သူလူတန်းစားတွေအကြား၊ ပညာသင်ကြားသူတွေအကြား၊ ကုန်သည်တွေအကြား၊ ပညာရှင်တွေအကြား ပေးပို့ကြလေ့ရှိပါတယ်။ ဒါအပြင် ကဗျာဆရာတွေ၊ စာရေးဆရာတွေကြားထဲမှာလည်း ပြောလိုတဲ့ အကြောင်းအရာတွေကို ရေးသား ပေးပို့ကြလေ့ရှိပါတယ်။ စာထဲမှာ ပြောလိုတဲ့အကြောင်းအရာတွေ၊ ကဗျာတွေကို ရေးသားဖော်ပြကြလေ့ရှိပါတယ်။ စာတွေဟာ စာပေကဏ္ဍအတွက် ကာကွယ်မှုတွေနဲ့ ထိန်းသိမ်းမှုတွေအတွက်လည်း အကူအညီပေးနိုင်ပါတယ်။
image
စာပေးပို့ဆက်သွယ်ခြင်းဓလေ့ဟာ ရှေးပဝေသဏီလက်ထက်ကတည်းက တည်ရှိခဲ့ကြတာဖြစ်ပြီး ဂရိ Iliad တွေရဲ့ ခေတ်ကတည်းက စတင်တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ ရှေးဂရိလူမျိုးတွေဖြစ်တဲ့ Herodotus နဲ့ Thucydides တို့က အပြန်အလည်စာပေးပို့ ဆက်သွယ်ခဲ့ကြတဲ့ ရှေးဦးလူသားတွေဖြစ်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။ ရှေးအိန္ဒိယဒေသ၊ ရှေးအီဂျစ်ဒေသ၊ စူမားနဲ့ ရောမ၊ ဂရိ၊ တရုတ်ဆိုတဲ့ ဒေသတွေမှာလည်း စာပေးပို့ခြင်းဓလေ့ပေါ်ပေါက်ခဲ့ကြပြီး လက်ရှိအချိန်မှာလည်း တည်ရှိအသုံးပြုနေကြဆဲဖြစ်ပါတယ်။ ၁၇ ရာစုနဲ့ ၁၈ ရာစုအတွင်းမှာတော့ စာတွေကို ကိုယ်ပိုင်အတွေးအခေါ်အသိပညာတွေနဲ့ စဉ်းစားရေးသားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ မတူညီတဲ့ အတွေးအခေါ်တွေ အလိုက် စာတွေကလည်း တူညီခြင်းမရှိကြပါဘူး။ တချို့တွေက စိတ်ဝင်စားဖွယ်ဖန်တီးရေးသားလေ့ ရှိသလို တချို့တော့ ကိုယ်ပြောချင်တဲ့ အချက်အလက်၊ အကြောင်းအရာကို တိုတိုနဲ့ ရှင်းရှင်းရေးသားကြလေ့ရှိပါတယ်။ ဒီစာတွေ ရေးသားခြင်းကြောင့် ရှေးခေတ်ကာလက အကြောင်းအရာတွေဟာ သမိုင်းမှတ်တမ်းတွေအနေနဲ့ ကျန်ရစ်ခဲ့ပြီး ရှေးဟောင်းတူးဖော်ရှာဖွေရေး လုပ်ငန်းတွေမှာ စာတွေကလည်း တစ်စိတ်တစ်ပိုင်းက ပါဝင်နေပါတယ်။ စာတွေကို ရေးသားပေးပို့တဲ့အခါမှာ ကိုယ်ရေးကိုယ်တာရေးရာအရဖြစ်စေ၊ သံတမန်ဆက်သွယ်ရေးအရဖြစ်စေ၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအရ ဖြစ်စေ ရေးသားပေးပို့ကြလေ့ရှိပါတယ်။
@narkarseimai