This content was deleted by the author. You can see it from Blockchain History logs.

အချိန်တိုအတွင်း ပြိုင်ပွဲတွေပြန်လည်ပါဝင်

ရုရှားတင်းနစ်မယ် ကူဇ်နပ်ဆိုဗာက သူမအနေနဲ့ တင်းနစ်ပြိုင်ပွဲတွေဆီ အချိန်တိုအတွင်း ပြန်လည် ပါဝင်ယှဉ်ပြိုင်ခဲ့တာ ကိုနောင်တရမိကြောင်း Indian Wells ပြိုင်ပွဲအပြီးပြောကြားခဲ့ပါတယ်။
image
ယူအက်စ်အိုးပင်းပြိုင်ပွဲနဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲတွေမှာ ဗိုလ်စွဲခဲ့ဘူးတဲ့ ကူဇ်နပ်ဆိုဗာဟာ ပြီးခဲ့တဲ့ BNP Paribas Open ပြိုင်ပွဲမှာ ဆာဘာလန်ကာ ကို ၆-၄ ၊ ၆-၃ နဲ့ ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲဟာ ကူဇ်နပ်ဆိုဗာအတွက် အောက်တိုဘာလနောက်ပိုင်း ပထမဆုံး ပြန်လည်ပါဝင်ကစားခဲ့တဲ့ပြိုင်ပွဲလည်းဖြစ်ပါတယ်။ သူမဟာ လက်ကောက်ဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှုကြောင့် ဆောင်းရာသီတစ်လျှောက်လုံး အနားယူခဲ့ ရကာ လက်ရှိချိန်ထိလည်း နာကျင်နေဆဲဖြစ်ပါတယ်။ ဆရာဝန်တွေက သူမကို ပြိုင်ပွဲတွေ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ အကြံပေးခဲ့ပေမယ့်လည်း သူမကဘက်မှငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ “ ကျွန်မလက်ကောက်ဝတ်က နာနေတုန်းပါ။ ဆရာဝန်ကတော့ ပျောက်သွားမှာလို့ ပြောပါတယ်။ ဒါပေမယ့် ပျောက်တယ်လို့ပြောပြီး အိမ်ပြန်သွားတာက လွယ်ပါတယ်။ ဒါပေမယ့် ကျွန်မက လွယ်ကူ တဲ့အရာတွေကို မစဉ်းစားပါဘူး။ ”လို့ ကူဇ်နပ်ဆိုဗာက Sport 360 ကိုပြောပါတယ်။ သောကြာနေ့ကကစားခဲ့တဲ့ အဆိုပါပြိုင်ပွဲမှာ ကူဇ်နပ်ဆိုဗာသာမကဘဲ ကမ္ဘာ့အဆင့်(၁၁) ဂျိုဟာနာ ကွန်တာဟာလည်း အသက်(၁၈)နှစ်သာရှိသေးတဲ့ ချက်တင်းနစ်မယ် ဗိုဒရိုဆိုဗာကို ၇-၆ ၊ ၆-၄ နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် နိုင်ခြေ အဆင့်(၁၆) သတ်မှတ်ခံထားရတဲ့ အက်ရှလိတ်ဘာတီဟာလည်း ဂရိတင်းနစ်မယ် မာရီယာဆာကာရီကို ၆-၄ ၊ ၆-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်(၁) ဆီမွန်နာဟေးလပ်ကတော့ လစ်စကိုဗာကို ၆-၄ ၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခြားသောပွဲစဉ်မှာတော့ ပီထရာကီတိုဗာ ဟာ ယူလီယာပူတင်ဆီဗာ ကို ၆-၇ ၊ ၇-၆ ၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့ပါတယ်။