တန်ခူးမည်မွတ်
ဖက်ဆွတ်ရေတိုး
သင်္ကြန်မိုး
ကျနော်ကြိုက်သောဇာတ်ကားလေး
ကိုစီစဉ်ရိုက်ကူး၊သရုပ်ဆောင်တင်ပြပေးသောအနုပညာသမားအဖွဲ့သားအားလုံးကိုလေးစားချီးကျူးးချင်
သောစိတ်ဖြင့်ရေးသားတင်ပြလိုပါတယ်။မနေ့ညက
channel(9)ကနေသင်္ကြန်မိုးဇာတ်ကားလာသွား
တယ်။ကျနော်မြန်မာဇာတ်ကားတွေကြည့်လေ့ကြည့်
ထမရှိသလောက်ပါပဲ။(လက်ရှိအနုပညာသမားတွေကို
စော်ကားခြင်းမဟုတ်ပါ)
ဒါပေမဲ့သင်္ကြန်ရောက်တိုင်းသင်္ကြန်မိုး
ဇာတ်ကားတော့နှစ်တိုင်းနီးပါးကြည့်ဖြစ်တာများပါတယ်
လူတိုင်းကြည့်လို့မရိုးဘူးလို့လည်းထင်ပါတယ်။အဲညက
ဒီဇာတ်ကားကိုကျနော်တ၀က်တပျက်မှကြည်မိတာ
တောင်ဇာတ်ကားကထမသွားချင်လောက်အောင်ကို
ဆွဲဆောင်မှု့ရှိတယ်ဗျ။
ဒီဇာတ်ကားဟာမြန်မာတွေရဲ့ယဉ်
ကျေးသိမ်မွေ့မှုလူငယ်ကလူကြီးကိုဂါရ၀ရှိမှုတွေဘာ
သာရေးကိုင်းရှိုင်းမှုတွေအပါဝင်ရှုထောင့်အမျိးမျိးက
ရိုက်ချက်တွေကိုပန်ချီကားသဖွယ်ကြည့်ရတာတော်
တော်ကိုရသမြောက်ပါတယ်။
ဒီဇာတ်ကားမှာပါတဲ့သရုပ်ဆောင်
တော်တော်များများဇင်ဝိုင်းအပါအ၀င်ပေါ့ပုဆိုးနဲ့မြင်
ရတော့မြန်မာ့ဓလေ့မြန်မာ့စရိုက်ပီသလိုက်တာနောက်
ပြီးအဖေအရက်သမားကြီးနေအောင်ကိုရိုသေပုံကထ
မင်းဟင်းခူးခပ်ပေးလက်ဆေးရေအရန်သင့်ရိုက်ပြထား
တာအဖေတစ်ယောက်ဟာအနန္တဂိုဏ်းဝင်ကျေးဇူးရှင်
ဆိုတာမမေ့ဖို့လူတွေကိုသတိပေးလိုက်သလိုပဲ။ဖအေ
ဖြစ်တဲ့နေအောင်ကလည်းသူတက်ထားတဲ့ပညာရပ်
တစ်ခု၊သားကိုလက်ဆင့်ကမ်းအမွေပေးတဲ့နေရာမှာ
သက်ဆိုင်ရာပညာရပ်တွေကိုထိန်သိမ်းဖန်တီးလာခဲ့
တဲ့ပညာရှင်ကြီးတွေကိုလေးစားတန်ဖိုးထားတတ်
အောင်ရိုက်ပြထားတယ်။
ဒီဇာတ်ကားမှာဆိုင်းဆရာကြီးစိန်ဗေဒါ
နဲ့ဆရာမြို့မငြိမ်းရဲ့ဓာတ်ပုံတွေကိုအိမ်မှာချိတ်ဆွဲထား
ပြီးအလေးဂရုထားပုံနဲ့ကျေးဇူးရှင်တွေအဖြစ်တကူးတ
က(တခုတ်တရ)ကိုးကွယ်ခြင်းကိုရိုက်ပြထားတာဟာ
မမေ့သင့်မမေ့ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုမမေ့ဖို့ဂုဏ်ပြုဖို့
လိုတဲ့အကြောင်းဆုံးမနေသလိုပါပဲ။
နောက်ပြီးခင်သန်းနုရွှေထည်တွေစစ်
ဆေးတာကိုအရင်ဦးဆုံးရိုက်မပြပဲသူ့သားနဲ့သမီးရဲ့
ရှင်ပြုနားသထားတဲ့ရှင်လောင်းနဲ့နားထွင်းမောင်နှမ
နှစ်ယောက်ရဲ့အဖြူအမဲဓာတ်ပုံလေးကိုအရင်ပြလိုက်
ုခြင်းကကျနော်တို့ရဲ့ဘာသာတရားနဲ့ဓလေ့ထုံးစံအပေါ်
ဘယ်လောက်အရေးတယူအလေးအမြတ်ထားသလဲ
ဆိုတာပေါ်လွင်အောင်ရိုက်ပြထားတာကလည်းအ
မျှော်အမြင်ကြီးလိုက်တာ။
မေသန်းနုတို့အုပ်စုကိုလည်းကြည့်လိုက်အုံး
ပဲများတာတို့ပလီပလာတို့မပါပဲရိုးရိုးသား
သားမြန်မာဆန်ဆန်ပါပဲ။(ဆံပင်ပုံစံကတော့ရှိမှာပေါ့)။
ဇင်းဝိုင်းဆိုလည်းဖအေအရက်သမားရဲ့
စကားကိုမြေ၀ယ်မကျနားထောင်တတ်တာကိုရိုက်ပြ
ထားတာဒါကျနော်တို့မြန်မာတွေမိဘကိုရိုသေကိုင်း
ညွတ်ကြတဲ့ချစ်စရာဓလေ့စရိုက်ရှိကြောင်းဖော်ကြူပြ
ခြင်းဖြစ်တယ်။ဇင်းဝိုင်းဟာသူအဖေသင်္ကြန်လည်ခွင့်
မပေးလို့စိတ်လေပြီးစက်ဘီးတစ်စီးနဲ့လျောက်သွားတဲ့
အခန်းတွေကပန်ချီကားတွေကြည့်နေရတဲ့အတိုင်းပဲ။
နားမလည်ပေမယ်ကင်မရာအယူအဆတွေကကောင်း
မှကောင်းလို့ထင်တယ်ဗျာ။ဇော်ဝမ်းနေရာကိုလည်းကြည့်အုံးကိုယ့်ထက်ကြီးတဲ့ဦးလေးအရွယ်တွေဖြစ်တဲ့နေ
အောင်တို့ကိုအရက်သမားဖြစ်နေတာတောင်တရိုတ
သေဆက်ဆံပုံကိုယ့်ထက်ငယ်တဲ့ဇင်ဝိုင်းတို့အုပ်စုကို
လည်းညီလိုအစ်ကိုလိုခင်မင်ပုံတွေရိုက်ပြထားတာဗျ။
ခင်သန်းနုကနေအောင်ကိုဇင်းဝိုင်းသင်္ကြန်
ပွဲမှာပါဝင်ခွင့်ရအောင်လာတောင်းပန်တဲ့အချိန်မှာဇော်
ဝမ်းကဆိုင်ကယ်နဲ့ဇင်ဝိုင်းတို့အိမ်ရောက်လာတော့ခင်သန်းနုရဲ့ကားဒရိုက်ဘာပြောလိုက်လို့လှည့်ပြန်တဲ့အ
ခန်းတကယ်တေါ့ပြုတ်ထားလို့ရပါတယ်။ဒါပေမယ့်ဒီ
လိုတိုက်ဆိုင်တက်တဲ့အကြောင်းကိုထည်ရိုက်ပြတာ
တော်တော်သဘာဝကျတယ်။ပြီးတောဇင်ဝိုင်းမခံစား
နိင်ပဲသူ့အဖေရဲ့အရက်ကိုသောက်ဖို့ကြိုးစားတာအဖေကသိတော့ကိုယ်ကိုတိုင်အရက်သမားဖြစ်နေပေမယ့်
သားကိုတော့အဖြစ်မခံနိုင်တဲ့မိဘရဲ့ချစ်ခြင်းမေတ္တာကို
ပြသထားတဲ့မိဘကသားသမီးအပေါ်ထားတဲ့စေတနာ
ကိုတင်ပြထားတာဟာလည်းကျနော်တို့ရဲ့ကောင်းတဲ့
လူနေမှုစရိုက်ရဲ့ပြယုဂ်တစ်ခုပါ။
နောက်တစ်ချက်ကလူငယ်တွေအရက်ဆိုင်ထိုင်အရက်မသောက်ပဲလက်ဖက်ရည်ဆိုင်ထိုင်အအေးသောက်တဲ့ပုံရိုက်ပြတာကလည်းလူငယ်တွေလမ်း
မှားမရောက်စေချင်တဲ့စေတနာအပြည့်နဲ့တင်ပြထားတာ
တကယ်ကောင်းတဲ့ဇာတ်ကွက်တွေပါ။ဇာတ်သိမ်းပေး
တာကိုလည်းသိပ်ပြီးတော့ကျေနပ်တာပဲ။သက်ထွေးတို့
နွေဦးကဗျာမဏ္ဍပ်ရှေ့မှာဖျော်ဖြေနေတဲ့အချိန်ခေါင်းဆောင်မေသန်းနုကတဲ့အချိန်မှာလေကိုငြိမ်းမောင်ရဲ့သ
ရုပ်ဆောင်မှုကိုရိုက်ပြတာသိပ်သဘောကျတာပဲ။
ကိုငြိမ်းမောင်ကဖက်ကြမ်းဆေးလိပ်ကြီး
ကိုခဲပြီးတော့သူသားသက်ထွေးရဲ့ကြည်နူးနေတဲ့မျက်
နာမေသန်းနုကနေတာလေးကိုလည်းကြည်ကြည်နူး
နူးလေးကြည့်နေတာလေးတွေခင်သန်းနုကလှမ်းအမြင်
အရင်တုန်းကမကျေနပ်မှု့တွေအားလုံးဖြေလျော့ပြီးအံဩ
ဝမ်းသာကြည်နူးမှုအစုံကိုမျက်နာမှာပေါ်လွင်လာတာ
တွေကိုရိုက်ပြတာကျေနပ်လိုက်တာဗျာ။
အကြိုက်ဆုံးကတော့ကိုငြိမ်းမောင်
ကြီးဖက်ကြမ်းဆေးလိပ်ကြီးသောက်ပြီးဆေးလိပ်ငွေ့
တွေကိုမှုတ်ထုပ်လိုက်ကာအငြိုးအတေးတွေပြေပြီးကျေ
နပ်ပီတိဖြစ်နေတဲ့ပုံနဲ့သားသက်ထွေးရဲ့ဖျော်ဖြေမှုကိုကြည့်ပြီးတစ်ဖက်ကိုလှည့်တဲ့အချိန်မှာပဲဇာတ်လမ်းကိုသိမ်း
လိုက်တာဟာလေဘယ်လိုပြောမလဲအကျေနပ်ဆုံးနဲ့
အကြိုက်ဆုံးပါပဲဗျာ။
ဒီဇာက်ကားမှာပါတဲ့သင်္ကြန်သီ
ချင်းတွေကလည်းဘယ်တော့မှမရိုးတဲ့နားဝင်ချိုတဲ့သ
င်္ကြန်နဲ့အလိုက်ဖက်ဆုံးခွဲလို့မရတဲ့သီချင်းတွေအဖြစ်
သင်္ကြန်ရှိနေသ၍ဆက်လက်ရှင်သန်နေအုံးမှာလို့မြင်
ယောင်နေပါတယ်။
Steemitအဖွဲ့မိတ်ဆွေများအားလုံးရွှင်လန်းချမ်းမြေ့
၍sbd$များစွာပိုင်ဆိုင်ကြပါစေ။
Photo from facebook