ဖရောင့်အန့်များနှင့် ကခုန်ခြင်း

ဖရောင့်အန့်ဆိုတာတွေကတော့ စတီးမစ်, အီးစတင်း, စတင်းပရက်, ဘီးစီးစတာတွေကို ခေါ်တာပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်းပဲ ရိုးရိုးမတွေးပါဘူး။ ဘယ်က နေ ဘယ်လို ရနိုင်မလဲ ဆိုတာပဲ တွေးပါတယ်။ အခုဆိုရင် ကျွန်တော် ဖရောင့်အန့်တွေ သုံးပြီး အဆင်ပြေနေပါတယ်။ ကျွန်တော်တင်မဟုတ် ပါဘူး။ @bobokyaw, @tunnaingwin စတဲ့သူတွေကလဲ ကျွန်တော့် လမ်းကြောင်း အတိုင်းလိုက်လာနေကြပါပြီ။ @bobokyaw ဆိုရင် esteem မှာ ကျွန်တော့်ထက်တောင်များပါသေးတယ်။ တစ်ကယ်လို့ ကျန်တဲ့သူတွေ အနေနဲ့ စတင်းပရက်ကို သုံးချင်တယ် ဆိုရင် ဒီအချိန်က အချိန်ကောင်းပါလို့ ပြောချင်ပါတယ်။
စတင်းပရက်ကို စသုံးတုန်းက ကျွန်တော် တစ်ယောက်ထဲပါ။ အခြားဘယ်သူမှ မရှိပါဘူး။ @bobokyaw ကျော် @tunnaingwin တို့က စိတ်ဝင်စားဟန်တော့ ပြပါတယ်။ ဒါပေမဲ့ လက်တွေ့တော့ မလုပ်ဖြစ်ပါဘူး။ ကျွန်တော့်အနေနဲ့လဲ အများကြီး မရတော့ ပြောအားမရှိဘူးပေါ့။ အခုအချိန်မှာတော့ အလားအလာကောင်းတွေ အများကြီးကို တွေ့နေရပါပြီ။ သူများတွေ စာမရေး ချိန်မှာ ကျွန်တော်တို့က ရေးနေပါတယ်။ဒီနေ့အတွက် လုပ်တာမဟုတ်ပါဘူး။ မနက်ဖြန် ပေါင်းများစွာအတွက် လုပ်နေတာပါ။


Disclaimer: This image is getting from the pixabay.com.

ကျွန်တော်တို့မှာ ပံ့ပိုးပေးမယ့် အဖွဲ့အစည်းမရှိပါဘူး။ ကိုယ့်လမ်း ကိုယ်ဖောက်နေကြတဲ့သူတွေပါ။ @bobokyaw ဆိုရင် သိပ်မကြာခင်မှာ SP ၅၀၀၀ ပြည့်တော့မှာပါ။ မြန်မာနိုင်ငံမှာ လင်းပိုင် တစ်ကောင်တိုးလာ တော့မှာဖြစ်ပါတယ်။ ဂုဏ်ယူစရာပါ။ မနက်ဖြန်ကျရင်တော့ အခြားသူတွေဆီကနေ အကူအညီတောင်းတဲ့ ပိုစ့်တစ်ခု တင်မှာဖြစ်ပါတယ်။ အားပေးကြပါဦးဗျာ။

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency