This content was deleted by the author. You can see it from Blockchain History logs.

ရိုးမားတိုက်စစ်မှူး Dzeko ရဲ့ ကြင်ဖော်

ဒီတစ်ပတ်ရဲ့ WAGs ကဏ္ဍမှာတော့ ရိုးမားအသင်းတိုက်စစ်မှူး Edin Dzeko ရဲ့ ချစ်သူ Amra Silajdzic အကြောင်း တင်ဆက်ပေးချင်ပါတယ်။
image
Amra Silajdzic ဟာ ဘော့စနီးယားလူမျိုးဖြစ်ပြီး ယူဂိုဆလားဗီးယား၊ ဆာရာယေဗိုဇာတိဖြစ်ပါတယ်။ သူမဟာ အသက် ၁၆ နှစ်အရွယ် ၂ဝဝဝ ပြည့်နှစ်မှာ မော်ဒယ်လောကကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး French Contest ပြိုင်ပွဲမှာ Metropolitan Top Model အဖြစ် ဆုရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဖက်ရှင်ကင်းထောက်တွေရဲ့ ခေါ်ယူမှုကို ခံခဲ့ရပြီး ပဲရစ်မြို့မှာရှိတဲ့ Elite Model အေဂျင်စီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ Silajdzic ဟာ အဝတ်အစားကုမ္ပဏီ Anchor Blue ရဲ့ စီးပွားရေးကြော်ငြာမော်ဒယ်ဖြစ်လာခဲ့ပြီး Robin Jeans မှာလည်း သူမရဲ့ ပုံရိပ်တွေပါဝင်လာခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာတော့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ စုံတွဲဇာတ်လမ်းတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
image
ဒါအပြင် Enrique Iglesias၊ Chromeo၊ The Cataracs၊ Taio Cruz နဲ့ Blake Shelton စတဲ့အဆိုတော်တွေရဲ့ တေးသီချင်းဗီဒီယိုတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Gothic Assassins ဟာ သူမပထမဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူမပါဝင်တဲ့ဇာတ်ကားဟာ ဆွစ်ဇာလန်မှာပြုလုပ်တဲ့ Lucerne Int’l Film Festival မှာ ထိပ်ဆုံးနေရာက ရှိခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ သူမဟာ ၂ဝဝ၁ ခုနှစ်မှာ ဆာဘီးယားစီးပွားရေးလုပ်ငန်းရှင် Vladimir Vicentijevic နဲ့ လက်ထပ်ခဲ့ပြီး ၂ဝဝ၃ မှာ သမီးလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။
image
၂ဝဝ၇ ခုနှစ်မှာတော့ ကွာရှင်းခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်မှာ ဘောစနီးယားဘောလုံးသမား Edin Dzeko နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာတော့ Dzeko နဲ့ Silajdzic တို့ဟာ Una လို့ အမည်ရတဲ့ မိန်းကလေးကို မွေးဖွားခဲ့ကြပြီး ၂ဝ၁၇ ခုနှစ်မှာတော့ ဒုတိယမြောက်ကလေးငယ်ကို ထပ်မံဖွားမြင်ခဲ့ကြပါတယ်။ အဲဒီကလေးငယ်လေးကတော့ ယောက်ျားလေးဖြစ်ပြီး အမည်ကတော့ Dani ဖြစ်ပါတယ်။
@kaunglaynaing