အောင်​မြငှ်ု​တွေဆီသွားမယ်​စိတ်​ဓာတ်

ပင်းပြသော စိတ်ဆန္ဒ

လောကမှာ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့ဆိုရင် ပြင်းပြတဲ့ ဆန္ဒရှိဖို့လိုပါတယ်... ဖြစ်ချင်တာလို့ဆိုတဲ့နေရမှာ ကိုယ့်အခြေအနေအဆင့်အတန်းနဲ့ အလှမ်းဝေးတဲ့အရာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်... အလွယ်တကူရနိုင် ဖြစ်နိုင်တဲ့ အရာတွေအတွက်တော့ ပြင်းပြတဲ့ဆန္ဒမျိုးမလိုပါဘူး... သာမန်လုပ်ချင်ဖြစ်ချင်စိတ်ကလေးရှိရင် ထလုပ်လိုက်ရင် ရနိုင် ဖြစ်နိုင်မှာပါပဲ... လက်ရှိအခြေအနေမှာ ဘယ်လိုမှမဖြစ်နိုင် မရနိုင်တဲ့ အရာတစ်ခုကို ဖြစ်ချင်ရချင်တယ်ဆိုရင်တော့ ပြင်းပြတဲ့ ဆန္ဒရှိရပါလိမ့်မယ်....
image
ပုံပြင်လေးတစ်ပုဒ်ကြားဖူးပါတယ်... တောအုပ်တစ်အုပ်ထဲမှာ သူတော်စင်တစ်ပါးနေနေတာပေါ့... တစ်နေ့တော့ အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကိုခေါ်ပြီး သူတော်စင်ဆီကိုရောက်လာတယ်... သူတော်စင်ကြီးက တန်ခိုးကြီးတယ်လို့ ကြားရတယ်ပေါ့.... အခုသူတို့သားအမိဆီမှာ စားစရာမရှိတဲ့အတွက် စားစရာလေးများ ပေးကမ်းဖို့ တောင်းဆိုသတဲ့.... အဲ့တော့ သူတော်စင်ကြီးက ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ ပြန်ပြောလိုက်တယ်... အမျိုးသမီးက ဟုတ်ပါတယ်... သူတို့သားအမိမှာ တကယ်ပဲစားစရာမရှိလို့ပါ... စားချင်စိတ်လည်း တကယ်ဖြစ်နေပါတယ်... ဒါကြောင့် စားစရာပေးပါလို့ထပ်ပြောတယ်... သူတော်စင်ကတော့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ပဲ ထပ်ပြောတယ်....
image
အဲ့လိုပြောရင်းနဲ့ ကလေးကလည်း ဆာတော့ ငိုတာပေါ့... အမျိုးသမီးလည်း သူတော်စင်ကို ထပ်ခါထပ်ခါတောင်းပန်နေတယ်... သူတော်စင်ကြီးတန်ခိုးကြီးတယ်ဆိုလို့ အားကိုးပြီးလာတာပါ... ကလေးကလည်း ဆာလို့ငိုနေပြီ... သူကိုယ်တိုင်လည်းဆာလှပြီ... အစားအစာရချင်တဲ့ဆန္ဒလည်း ပြင်းပြလှပါပြီ... စားစရာလေးများ ဖန်တီးပေးဖို့ ဆိုပြီး ထပ်တောင်းဆိုနေတာပေါ့... သူတော်စင်ကြီးကလည်း ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့ပဲ ထပ်ပြောသတဲ့... ဒီလိုနဲ့ အမျိုးသမီးလည်း ဆာလောင်လွန်းလို့ တုန်ရီမောဟိုက်နေပြီ... နေကလည်း တဖြည်းဖြည်းမြင့်လာတာပေါ့... သူတော်စင်ကို ငိုယိုတောင်းပန်ပြီး အစာပေးဖို့ပြောနေတုန်းပါပဲ... သူတော်စင်ကလည်း ပြင်းပြတဲ့ စိတ်ဆန္ဒရှိရင် ရလိမ့်မယ်လို့သာ ပြန်ပြောနေပါတယ်...
image

crd by @eaindray

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency