Believe Me

ယုံကြည်ပေးနိုင်မလား

မင်းအပြုံး မင်းအသံက
ငါ့နှလုံးသားနံရံတံခါးကို
လာခေါက်နေသလားပဲ
ငါ့ရဲ့စိတ်အထင်ပေါ့ ။
တကယ်တော့
ငါဟာ တစ်ဖက်သက် အချစ်သမား
အချစ်မပွါးလဲ ရတယ် ။
ပြစ်ထားလဲ ရတယ် ။
မနမ်းဝံ့တဲ့ ပန်းလေးကို အဝေးကပဲ
အလွမ်းသင့်တဲ့ ငါ့အသဲနဲ့
အမြဲချစ်နေမယ်လေ ။
မင်းဘေးမှာ အဟောင်းတွေမကြွေသေးသလို
အသစ်တွေလဲ ဝေနေဆဲ ။
ဒါတွေကိုမြင်နေလဲ သဝန်မတို
ငါကတော့ အရင်လို ချစ်မြဲပါ ။
ထာဝရထက် တစ်ရက်ပိုသွားလျင်
ဒီရင်ခွင်အပူလှိုင်းကြောင့်
မင်းလေးတစ်ယောက် သွေးခြောက်သွားမှာလဲစိုးတယ် ။
အချစ်နယ်မှာ အရှုံးသမားဖြစ်ပေမဲ့
နှလုံးသားရဲ့ဆန္ဒကိုတော့
ငါ ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတာ ယုံကြည်ပေးပါနော် ။
@cakka
MSU No.055
image

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency