လူတွေရဲ့အကြိုက်ကို လူစိတ်က လိုက်နိုင်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး ( အပိုင်း ၁ )

img_0.5562215310903119.jpg
စိတ်နဲ့ပတ်သက်သမျှတွေကို ရေးလာခဲ့တာ တစ်ရက်ပြီးတစ်ရက် တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုလေတော့ စိတ်ခံစားမှုလေးတွေအပြောင်းအလဲဖြစ်သွားရလေအောင်
ဟို့ရှေ့ရှေ့တုန်းက အကြောင်းအရာလေးတွေကိုရေးသားလိုက်ပါရစေ ချစ်သောစာဖတ်သူများခင်ဗျာ။

ဟို့......ရှေ့အခါက သားအဖနှစ်ယောက်ရှိတယ်။
အဲ့ဒီသားအဖနှစ်ယောက်မှာ မြင်းတစ်ကောင်ရှိတယ်။
သားအဖနှစ်ယောက်ဟာ ​မြင်းတစ်ကောင်ကိုအသုံးပြု၍ ကုန်ရောင်းကုန်ဝယ်အလုပ်ကို လုပ်ကိုင်တယ်။
သူတို့သားအဖနှစ်ယောက်ဟာ သူတို့နေ့ထိုင်သော ရွာကထွတ်ရှိသော ကုန်ပစ္စည်းများကို ဝယ်ပြီး မြို့ပေါ်သို့ မြင်းတစ်ကောင်နဲ့အတူ သွားရောက်ကာ ရောင်းချလေ့ရှိတယ်။
တစ်နေ့သောအခါ သားအဖနှစ်ယောက်ဟာ မြို့ပေါ်တက်ပြီး ကုန်ပစ္စည်းများကို သွားရောက် ရောင်းချကြတာပေါ့ဗျာ။
ထိုနေ့က သားအဖနှစ်ယောက်ဟာ ရွာကနေ ပါလာသော ကုန်ပစ္စည်းများဟာ ရောင်းချလို့ကုန်သွားခဲ့တယ်။
ရောင်းသမျှပစ္စည်းတွေ ကုန်သွားခဲ့တယ်ပေါ့ဗျာ။
ထို့နောက် သားအဖနှစ်ယောက်ဟာ မြင်းတစ်ကောင်နဲ့အတူ ပျော်ရွှင်စွာဖြင့် ရွာသို့ပြန်လာခဲ့ကြတယ်။
သူတို့သားအဖနှစ်ယောက် နေထိုင်ရာ ရွာကလေးနဲ့ စျေးရောင်းထွက်လာခဲ့တဲ့မြို့ဟာ အလှမ်းအတော်ဝေးလှပါတယ်။
မြို့ကနေ နေထိုင်ရာ ရွာကလေးသို့ပြန်မယ်ဆိုရင် ကြားထဲမှာ ရွာလေးရွာကို ဖြတ်သန်းသွားရမှာပါ။ဒါပေမယ့်လည်း သားအဖနှစ်ယောက်ဟာ မြင်းကိုသနားသဖြင့် လမ်းလျှောက်ပြီး မြို့ကနေ နေထိုင်ရာ ရွာကလေးသို့ ပြန်လာခဲ့ကြတာပေါ့ဗျာ။
ဆက်ရန်ရှိသည်။
(အပိုင်း၂ )ကို စောင့်မျှော်ဖတ်ရှူပေးကြပါဦး ချစ်သောစာဖတ်သူအပေါင်းတို့ခင်ဗျာ။
author:@thurawinkyaw
photo images:unsplash.com

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency