ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်

img_0.5010165306277393.jpg
ဒီကနေ့ ကျွန်နော်စိတ်က ယခင်နေ့တွေကနဲ့မတူ ပြောင်းလဲမှုတွေ အနည်းငယ်ဖြစ်လို့နေပါတယ်။
ဝမ်းသာမိသောစိတ် ပျော်ရွှင်မိသောစိတ်တွေကတော့ ဖြစ်ပေါ်လာခြင်းမဟုတ်ပါဘူး။
​ကျွန်နော်တို့ မြန်မာပြည်သူပြည်သားများ ဝေဒနါများစွာဖြင့် အချိန်ရှိသမျှကာလပတ်လုံး ဒုက္ခမျိုး စုံလင်စွာဖြင့် ခံစားနေကြရတဲ့အချိန်မှာ ကျွန်နော် မပျော်ရွှင်နိုင်ပါဘူး ဝမ်းသာတဲ့စိတ် မဖြစ်ပေါ်နိုင်ပါ။
ကျွန်နော်တို့ မြန်မာပြည်ကြီးတစ်ခုလုံး ငြိမ်းချမ်းလာမည့်တနေ့ လွတ်မြောက်လာမည့်တနေ့ ထို့နေ့တွေကို ရောက်ရှိလာတဲ့အချိန်မှသာ ပျော်ရွှင်တဲ့စိတ် ဝမ်းသာတဲ့စိတ်ဖြစ်လာနိုင်ပါလိမ့်မယ်။
ကျွန်နော်တို့မြန်မာပြည်မှာ ကိုဗစ်နိုင်တင်းရောဂါဆိုးကြီးကို လူတွေရဲ့စိတ်မှာ ကြောက်သောစိတ်တွေဖြင့် ရှင်သန်နေထိုင်ကြရပါတယ်။
မကြာခင်မှာ မြန်မာပြည်တစ်ပြည်လုံး ပြည်တွင်းစစ်ကြီးဖြစ်လာတော့မယ်လို့ သတင်းကြားသိထားရပါတယ်။
ပြည်တွင်းစစ်ကြီးဖြစ်လာပါက ​တိုင်သူပြည်သားအားလုံးဟာ ဒုက္ခရောက်နေတဲ့ကြားက နောက်ထက် ဒုက္ခတွေကို ပိုမိုဆိုးရွားစွာ ခံစားကြရပါဦးမယ်။
အဲ့ဒီနောက်ထက်တွေ့ကြုံလာရမယ့်ဒုက္ခတွေကို ရှောင်ပြေးလို့မရပါ ရင်ဆိုင်ကျော်ဖြတ်ရမှာပါ။
ဲ"ကဲ"
ကျွန်နော်ပေးထားတဲ့ ခေါင်းစဥ်စာသားနဲ့ အထက်ကတင်ပြခဲ့သော အကြောင်းအရာတွေက ကိုက်ညီမှုရှိမရှိကိုတော့ သေချာမသိဘူး တွေးမိတာတွေကိုရေးချ ရေးနေတဲ့အတွေးစကိုဖြတ်တောက်ကာ လိုရင်းကို ဆက်လက်ရေးသားတက်ပြပါရစေ..............
ဟိုတ​ေန့က လူအုပ်တစ်စု ဟာ ကျွန်နော်နေထိုင်သော ရပ်ကွက်ထဲသို့ဝင်ရောက်လာခဲ့ပါတယ်။
တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ စရင်းလိုက်ကောက်တယ်လို့တော့ ကြားလိုက်တယ်။
မကြာခင်မှာပဲ ထိုလူအုပ်တစ်စုဟာ ကျွန်နော်နေထိုင်ရာ အိမ်အနီးသို့ရောက်လာခဲ့ပါတယ်။
ကျွန်နော်မေးမြန်းကြည့်တော့ အိမ်ထောင်စုစရင်းလိုက်ကောက်တာလို့ပြောပါတယ်။
အိမ်တစ်အိမ်မှာ လူဘယ်နှစ်ယောက်နေသလဲဆိုတဲ့စရင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။
ကျွန်နော်ကထက်မေးမြန်ကြည့်တယ်။
ဘာအတွက်ကြောင့် စရင်းလိုက်ကောက်တာလဲလို့ မေးကြည့်တော့ သူတို့ကပြန်ဖြေပါတယ်။
ဆန်တို့ ဆီတို့ ကြက်သွန်တို့ကို ပေးဝေလှူတန်းမယ်လို့ ပြောပါတယ်။
ဒါပေမယ့် တကယ်ပဲ စားဝတ်နေရေး အဆင်မပြေဖြစ်နေကြတဲ့သူတွေကိုသာ အဓိကထားပြီး ပေးဝေလှူတန်းသွားမယ်လို့ သူတို့ကပြောပြလာပါတယ်။
အဲ့ဒီလို ကျွန်နော်သိချင်တာတွေကိုမေးမြန်းပြီး ကျွန်နော်နာမည်နဲ့တကွ ဖုန်းနံပတ်ကို ပေးလိုက်ပါတယ်။
မနေ့က ထိုလူအုပ်တစ်စုဟာ ကျွန်နော်နေထိုင်သည့်နေအိမ်သို့ရောက်ရှိလာပြန်ပါတယ်။
အကြောင်းကတော့ ပေးဝေလှူတန်းမည့် စရင်းထဲမှာ ကျွန်နော်နာမည် ပါဝင်နေခြင်းကြောင့် ပေးဝေလှူတန်းမည့် ပစ္စည်းများအား လာရောက်ယူဆောင်မည့်အချိန်မှာ အသုံးပြရန်အတွက် သက်သေခံကပ်ပြားတစ်ခုကို လာရောက်ထုတ်ပေးခြင်းဖြစ်ပါတယ်။
ထိုသို့ဆိုတော့ ကျွန်တော်သည် ထိုကပ်ပြားကိုလှမ်းယူလိုက်ပါတယ်။
ထို့နောက် ထိုလူအုပ်တစ်စုဟာ ကျွန်နော်နေထိုင်သည့်နေအိမ်မှ လာရာလမ်းကလေးအတိုင်း ပြန်သွားခဲ့ပါတယ်။
ပေးဝေလှူတန်းမည့် ပစ္စည်းများ ထုတ်ယူရာတွင်အသုံးပြုရန် သက်သေခံကပ်ပြာကိုတော့ ကြိုတင်ပြီးဓာတ်ပုံရိုက်ယူထားခြင်း မပြုလုပ်ခဲ့မိတဲ့အတွက် ထည့်သွင်းတင်ပြနိုင်ခြင်းမရှိပါ။ထို့အတွက်ကြောင့်တောင်ပန်ပါတယ်။
ထိုလူအုပ်တစ်စုပြန်သွားပြီးနောက် ကျွန်နော်ဟာ ထိုကပ်ပြားကိုကိုင်ကြည့်ပြီး အတွေးတစ်ခုဝင်လာပါတယ်။
္"အော်"အဆင်မပြေတဲ့အိမ်တွေကို အဓိကထားပြီး ပေးဝေတာဆိုတော့ ငါဟာ ငါနေတဲ့ရပ်ကွက်ထဲမှာ ဒုက္ခရောက်နေတဲ့အမည်စရင်းထဲမှာ ငါပါဝင်နေပါလားဆိုပြီး တစ်ယောက်ထဲ ကြိတ်ပြုံးလေး ပြုံးမိလိုက်ပါတယ်။
ရပ်ကွက်ထဲကလူတွေက ငါမရှိဘူး အဆင်မပြေဘူးဆိုတာသိသွားကြပြီပေါ့။
တခါတလေ တချို့သောကိစ္စကြီးငယ်တွေမှာ ကိုယ်အဆင်မပြေတာကို လူအများအသိမခံပဲ လျိုဝှက်ထားခြင်းကကောင်းတယ်ဆိုပေမယ့် ယခုလို မြန်မာတစ်နိုင်ငံလုံး ဆင်ရဲဒုက္ခတွင်းထဲကို ရောက်နေကြရတဲ့အချိန်မှာတော့ ကိုယ်အဆင်မပြေတာကို လူတွေအားလုံးသိရှိသွားခြင်းကလည်း တစ်ခုကောင်းပြန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ယခုလို လာဒ်လာဘမျိုးရရှိလိုက်ခြင်း လက်လွတ်သွားခြင်းမရှိ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ပေးကမ်းလှူတန်းလာခြင်းဟာ ကိုယ်အဆင်မပြေမှုကို လျို့ဝှတ်မထားပဲ ပုံမှန်နေထိုင်နေခြင်းကြောင့်ပဲဆိုတာဟာ ကျွန်နော်တွေ့ကြုံခဲ့ရတဲ့ သက်သေပါပဲ။
ယခုကျွန်နေည်ရေးသားတင်ပြနေသောအကြောင်းအရာကို လိုရင်းတိုရှင်းလောက်သာ ထက်မံရေးချတင်ပြလိုက်ပါရစေ။
ဒီအကြောင်းနဲ့ပတ်သတ်ပြီးရေးချရလျှင်များစွာ ကျန်ရှိနေပါသေးတယ်။ဒါပေမယ့်လိုရင်းလောက်ပဲဆက်လက်ရေးချလိုက်တော့မယ်။
အဓိကအကြောင်းရင်းက........
အထက်၌တင်ပြထားသော ဓာတ်ပုံတွင်ပါဝင်နေသောပစ္စည်းများကို ကျွန်နော်နေထိုင်သော ရပ်ကွက်ရုံးက ထောက်ပံ့လှူတန်း ပေးဝေခြင်းမဟုတ်ပါ။
ရပ်ကွက်ရုံးကိုသာ တစ်လနှစ်ထောင်ကျပ်ကို ဧည့်စရင်းတိုင်ရသည်ဆို​ေသာအကြောင်ပြချက်ဖြင့် ကျွန်နော်ကသာ ထောက်ပံ့ခဲ့ရပါသည်။
အဖွားကြီးလက်ထက်က တစ်နိုင်ငံလုံးအား ငါးကြိမ်တိတိ ပြည်သူပြည်သား တစ်ယောက်မကျန် ပေးအပ်ထောက်ပံ့ခဲ့သည်ဆိုတာကို ကြားသိလိုက်ရပါသည်။
ထိုငါးကြိမ်သော ထောက်ပံ့မှု၌ တစ်ကြီမ်သာရရှိခဲ့ပါသည်။
ရရှိလိုက်​ေသာ ထောက်ပံ့ကြေးက ငွေတစ်သောင်းကျပ်ဖြစ်ပါသည်။
အဲ့ဒီငွေတစ်သောင်းကျပ်ကို ရနိုင်ဖို့အတွက် ကျွန်နော်ငွေနှစ်ထောင်ပေးခဲ့ရပါသည်။
ယခုရရှိလိုက်သော ထောက်ပံပစ္စည်များက ချယ်ရီမြေ လူမှုကူညီမှုအသင်းအဖွဲက ပေးဝေလှူတန်းလာခြင်းဖြစ်ပါသည်။
ဆန်အမျိုးအစားက ပေါ်ဆန်းမွှေးဖြစ်ပါတယ်။
ဆန်တစ်အိပ်ကို မြန်မာငွေ 70000ကျော်ရှိပါတယ်ခင်ဗျာ။
နောက်ထက်ပါဝင်တဲ့ပစ္စည်းအချို့ရဲ့ တန်ဖိုးကိုတော့ ထည့်သွင်းမဖော်ပြတော့ဘူး။
ထို့သို့ ပေးဝေလှူတန်းလာသော ချယ်ရီမြေ လူမှုကူညီမှုအသင်းကြီးအား
ီနေရာကနေ အတိုင်းထက်အလွန် များစွာကျေးဇူးတင်ကြောင်း လိုရင်းတိုရှင်းလောက်သာ ေရးသားပြောကြားလိုက်ပါရစေခင်ဗျာ။
author:@thurawinkyaw
photo:my

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency