ကောင်းသောသူတွေအတွက်

img_0.8110220803467352.jpg
https://www.freeimages.com/photo/hands-1438638
ကောင်းသောသူတွေအတွက် ​ဆိုလိုက်လို့ အခြားတော့မဟုတ်ပါဘူး။

စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဆိုလိုချင်တာပါ။

ကောင်းသူတွေက မကောင်းတဲ့သူတွေနဲ့ နှုိင်ယှဥ်လိုက်ရင် အခြားသောသူတွေထက်ကို နာကြီးမှုတွေ နာကျင်ခြင်းတွေကို ပိုပြီးတွေ့ကြုံရလေ့ရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ကာ မကောင်းတဲ့သူတွေထက် ကောင်းတဲ့သူတွေက စိုးရိမ်ပူပင်သောကတွေ များပြားနေတက်လို့ပါပဲ။

သူကကိုယ့်အပေါ်မကောင်းပေမယ့် ကိုယ်ကတော့ သူ့အပေါ် ကောင်းနေစဲပါဆိုတဲ့အချက်ကလည်း ကောင်းနေတဲ့လူတစ်ယောက်အတွက် နာကျင်စရာတွေကို ဖြစ်လာနိုင်တဲ့ အခြေခံအုပ်မြစ်တစ်ချပ်လိုပါပဲ။
အစပျိုးလိုက်တာဆိုလည်း မမှားနိုင်ပါဘူး။

အချို့ အချို့သော ကောင်းတဲ့သူများ စိတ်ဓာတ်တွေများ အရမ်းကို ပြည့်ဝကြတယ်။

ကိုယ့်ရဲ့နောက်ကျောကို ဓားနဲ့ထိုးနေတာကို သိပါလျက်နဲ့ မေတ္တာမပျက် အမုန်းမဖက်တဲ့အပြင် ငါကတော့ မင်းအပေါ်မှာ ကောင်းနေစဲပါပဲတဲ့ဗျာ။

မိမိကို ဓားနဲ့ထိုးနေတာကို မတားဆီး မပိတ်ပင်တဲ့အပြင် မင်းအကူအညီလိုရင် လက်တို့လိုက်ပါ။
ကူညီဖို့အသင့်ပါပဲတဲ့ဗျာ။

အကောင်းဘက်က ကြည့်မြင်တက်တာ ကောင်းသောစိတ်ကလေးထားရှိတာဟာ
ကောင်းတော့ကောင်းပါတယ်။

ဒါပေမယ့် နေရာတကာ အကောင်းဘက်ကကြီးပဲ ကြည့်မြင်နေမိမယ်ဆိုရင်
ငါခံလိုက်ရပြီဆိုတာကို သိရှိလိုက်ရတဲ့အချိန်မှာ ရင်နင့်အောင် နာကျင်သောခံစားမှုကို မလွဲမသွေ ကြုံကြိုက်ရပါလိမ့်မယ်။

နာကျင်ရပြီဆိုတာနဲ့ အစွန်းရဲ့တစ်ဖက်ကို ရောက်မှန်းမသိရောက်သွားတော့တာပါပဲ။

ဒါကြောင့် အကောင်းနဲ့အဆိုးကို ဒွန်တွဲကာ မျမျတတနဲ့ နှလုံးသွင်းနိုင်မယ်ဆိုရင် ချစ်သောစိတ်ကလေးတွေက အမုန်းဘက်ကိုမရောက်တော့တဲ့အပြင် နာကျင်စရာတွေဆိုတာကိုလည်း တွေ့ကြုံခံစားရမှာမဟုတ်တော့ပါဘူး။

ကဲ ထက်ပြီးပေရှည်မနေတော့ဘူး။
ဒီနေ့လည်း ဒီလောက်နဲ့ပဲ ကျေနပ်ကြတော့ဗျာ။

@thura

H2
H3
H4
3 columns
2 columns
1 column
1 Comment
Ecency