အတွေးများစွာထဲက အတွေးများ

photo_1530910417612_701222d79f2f.jpeg
https://unsplash.com/photos/sCKtNbIKOuQ
လူတွေက ကျွန်နော်ကို ဘယ်လိုပဲ ထင်မြင် ယူဆ ဝေဖန်နေကြပါစေ
ကျွန်နော်ကတော့ ကိုယ့်ကိုကိုယ် ငါဘယ်လိုလူစားမျိုးလည်းဆိုတာကိုပဲ တွေးနေမိတက်ပါတယ်။
ွလူတွေဟာ လွန်ခဲ့ပြီဖြစ်တဲ့အတိတ်ကို တွေးနေတက်ကြသလို နောက်လာမည့်အနာဂတ်အတွက် ပူပင်သောကတွေ ရောက်နေတက်ကြပါလိမ့်မယ်။
သူတို့မတွေဖြစ်ကြတာက လက်ရှိ မိမိပိုင်ဆိုင်နေတဲ့ ပစ္စုတ်ပန်ကို တွေးလည်းမတွေးဖြစ်ကြသလို မြင်လည်း မကြည့်တက်ကြတာပါ။
ကျွန်တော်ကတော့ အတိတ်ဆိုတာကြီး မလွမ်းချင်ဘူး။
ကိုယ်ကကြိုပြီးမသိနိုင်တဲ့ အနာဂတ်ဆိုကြီးကိုလည်း ရင်မမောချင် ပူပန်စိတ်မထားပဲ ကျွန်နော်အများဆုံး တွေးမိနေတာက ကျွန်နော်ပိုင်ဆိုင်တဲ့ လက်ရှိဘဝ ယနေ့ ယခုအချိန်လေးတွေကိုပါ။
ကျွန်တော်တို့လူသားတွေဟာ မိမိဘယ်ကိုသွားချင်စိတ်ရှိနေသလဲ?ဆိုတာကို မသိသ၍ ဆုံးဖြတ်ချက်ချနိုင်ဖို့ စမ်းတဝါးဝါးဖြစ်နေသရွေ့တော့ ဘယ်ကိုမှမရောက်ရှိနိုင်ပဲ ဒုက္ခဆိုတဲ့ ပင်လယ်ထဲမှာ တဝဲလယ်လယ်ဖြစ်နေကြဦးမှာပါပဲ။
မိမိဘက်က ဘယ်ကိုတော့သွားချင်တယ် ဘယ်အရာကိုတော့ လိုချင်စိတ်ရှိနေတယ်ဆိုတာကို မိမိကိုယ်ကို သိနိုင်အရင်လုပ်ရပါလိမ့်မယ်။
မိမိသွားချင်တာ မိမိလိုချင်နေတာကို သိပြီဆိုင် ရဲဝင့်စွာနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်ရမယ်။
နောက်ပြီးတော့ အဲ့ဒီလိုဆုံးဖြတ်ချက်ချပြီးသွားရင် မိမိလိုချင်တာရရှိနိုင်ရန်အတွက် စိတ်အားသော်လည်ကောင်း ဉာဏ်အားသော်လည်ကောင်း ကိုယ်ခန္ဒာ၏ ခွန်အားသော်လည်ကောင်း အဓိကအရေးကြီးဆုံးကတော့ အချိန်ဆိုတာကို ပေးဆပ်ပြီး လိုက်လုပ်နိုင်မှသာလျှင် မိမိသွားချင်နေတဲ့လမ်း ထိုလမ်းကြောင်းမှ မိမိလိုချင်နေတဲ့အရာတစ်ခုခုကို လက်ဝယ်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဘယ်အရာမှ အလကား မရနိုက်သလို ဘယ်သူကမှလည်း အလကားမပေးကြပါဘူး။
ကိုယ်လိုချင်တဲ့အရာတစ်ခုအတွက် ထိုက်တန်တဲ့ ပေးဆပ်ခြင်းရှိမှ ရရှိနိုင်ပါလိမ့်မယ်။
ဘဝဆိုတာ ရိုးရှင်းလှပါတယ်။
လူသားတွေရဲ့စိတ်ကသာ ရှုပ်ယှတ်ခက်နေကြတာပါ။
ဘဝဆိုတာ ဖြစ်တည်မှုနဲ့ ပျက်ခြင်းဆိုတာ နှစ်ခုတည်းနဲ့ တည်ဆောက်ထားတာပါ။
ဖြစ်ပြီးရင် ပျက်မယ် ပျက်ပြီးရင် ဖြစ်မယ်။
ကျွန်နော်တို့ လူသားတွေက ဖြစ်ခြင်း ပျက်ခြင်းဆိုတဲ့ ဘဝက ပေးအပ်ထားသော လက်ဆောင်နှစ်ခုမှာ ဖြစ်နေတဲ့အရာတစ်ခုကို သူ့ရဲ့ ဖြစ်နေတဲ့အတိုင်းလက်ခံလိုက်မလား?
ဒါမှမဟုတ် ပျက်နေတဲ့ အရာတစ်ခုကိုကော လက်နိုင်စွမ်းရှိသလား?
ဒါမှမဟုတ် မိမိဘက်က အဲ့ဒီဖြစ်ခြင်း ပျက်ခြင်းဆိုတာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ အရည်အချင်း အစွမ်းအစတွေ ကိုယ့်မှ ရှိတယ်လို့ ယုံကြည်နိုင်သလား?
ကျွန်နော်​းေမးတဲ့မေးခွန်းတွေက စာဖတ်သူတွေ ကိုယ့်ကိုကိုယ် ပြန်မေးဖို့အတွက်ပါ။
ကျွန်နော်လည်း ကိုယ့်ကိုကိုယ် မေးနေစဲပါပဲ။
သရက်သီးကိုစားချက်ရင် သရက်ပင်စိုက်ရတယ်ဆိုတဲ့စကားကို လူတော်တော်များများ ပြောဖြစ်ကြပါလိမ့်မယ်။
သရက်သီးကို မကြိုက်တဲ့ လူဆိုမရှိပါဘူး။
မကြိုက်ဘူးဆိုတဲ့ သူက တနေ့နေ့ တချိန်ချိန်ရဲ့ အချိန်ခဏသာတစ်ခုမှာတော့ သရက်သီးကို စားချင်တဲ့စိတ်ဖြစ်ပေါ်တက်ပါတယ်။
သရက်သီးကို စားချင်တဲ့အချိန်မှ သက်ပင်စိုက်လို့မရပါဘူး။
သရက်သီးကို စားချင်သည်ဖြစ်စေ မကြိုက်လို့ပဲ​ြဖစ်စေ သရက်ပင်ကို စိုက်ထားလိုက်ပါ။
တစ်နေ့၌ မိမိက သရက်သီးကို စားချင်စိတ်ဖြစ်ပေါ်လာတဲ့အချိန်မှာ အဆင်သင့် ခူးစားလို့ရနိုင်သလို မကြိုက်လို့ မစားချင်လည်း လူအများကို ပေးဝေလှုတန်းလို့ရနိုင်ပါတယ်။
ကျွန်နော်တို့ လူသားတွေဟာ သေခြင်းတရားကို အလွန်ကြောက်တဲ့ သတ္တဝါတွေပါ။
အဘယ့်ကြောင့် လူသားတွေဟာ သေရမှာကိုကြောက်စိတ်ရှိကြသလည်းဆိုရင် ဘယ်အချိန် ဘယ်နေရာ ဘယ်ဒေသ၌ သေရမည်ကို မသိကြရလို့ပါပဲ။
လောကကြီးက ကျွန်နော်တို့ လူသားတွေအတွက် သေခြင်းတရားကို ရွေးချယ်ခွင့်မပေးထားပါဘူး။
ကျွန်နော်တို့ လူသားတွေအတွက် ရွေးချယ်နိုင်တဲ့အရာဟာ ငါဘယ်လိုအသက်ဆက်ရှင်သန်နိုင်ရမလဲ?ဆိုတာပါပဲ။
ကျွန်နော်တို့လူသားတွေအတွက် ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲ​ြ​ဖစ်ဖြစ်
ဘယ်ဒေသမှာပဲရောက်နေ ကျွန်တော်တို့အားလုံး ရွေးချယ်နိုင်တာ ရှင်သန်ဖို့အခွင့်အရေးပါပဲ။
ကျွန်နော်တို့ လူသားတွေဟာ ဘဝ၌ အောင်မြင်တာကိုပဲ လိုချင်နေကြပါတယ်။
ကျရှုံးမှာကို အလွန်အကြောက်တက်ကြပါတယ်။
မကျရှုံးဖူးသေးသော လူဟာ ဘယ်တော့မှ အောင်မြင်မှုကို မရောက်ရှိနိုင်ပါဘူး။
လက်ရှိ ချမ်းသားသောလူအများစုဟာ ကျရှုံးမှုတွေများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းပြီးမှ အောင်မြင်လာကြတာပါ။
ထို့ကြောင့် အရှုံးကို မကြောက်ဖို့လိုအပ်ပါတယ်။
အရှုံးဆိုတာကို ကြောက်လန့်တဲ့သူဟာ အရှုံးကနေ ရရှိလိုက်တဲ့ သင်ခန်းစာတွေကို ဘယ်တော့မှ မသိရှိနိုင်ပါဘူး။
မရှုံးဖူးပဲ အောင်မြင်ခဲ့ကြတဲ့သူတွေဟာ သူတို့ရဲ့ အောင်မြင်မှုကို ကြာရှည်ထိန်မထားနိုင်ကြပါဘူး။
ဘာကြောင့်လည်းဆိုတော့ အရှုံးရဲ့ အတွေ့အကြုံ သင်ခန်းစားများကို မသိရှိကြလို့ပါပဲလို့ စိတ်ထဲ၌ တွေးမိသမျှတွေ ရှည်လျားစွာရေးချတင်ပြလိုက်ပါတယ်။
@thura

H2
H3
H4
3 columns
2 columns
1 column
1 Comment